sony ဖုန်းများ Unlock Bootloader ဖွင့်ဖို့ Unlock Code တောင်းနည်း။

sony  ဖုန်းတွေမှာ root လုပ်ချင်တာပဲဖြစ်ဖြစ် recovery သွင်းချင်တာပဲဖြစ်ဖြစ် Unlock Bootloader ဖွင့်ထားဖို့လိုပါတယ်။ Unlock Bootloader  ဖွင့်မဲ့ဖုန်းဟာ Unlock Bootloader ရနိုင် မရနိုင် သိချင်ရင် ဖုန်း keypad မှာ *#*#7378423#*#*  လို့ရိုက်ပါ ပြီးရင် Service info > Configuration >Bootloader unlock allowed   မှာ Yes လို့ရေထားရင်  Unlock Code တောင်းလို့ရပါတယ်။ No ဆိုရင်တော့ Unlock Code တောင်းလို့မရပါ။ ကျွန်တော်သိသလောက် sony xperia C မှာ No ဆိုတာတော့တွေ့ဖူးပါတယ်။ 
ကဲ Yes လို့ရေထား တဲ့ဖုန်းတွေကတော့ အောက်ကနည်းလမ်းအတိုင်းပါ။
 ဖုန်းရဲ့ keypad မှာ *#06# ဆိုပြီးရိုက်လိုက်ရင် ပေါ်လာတဲ့ ဂဏန်း 15 လုံးဟာ ဖုန်းရဲ့ IMEI နံပတ်ပါ။ အဲဒီ နံပတ် 15 လုံးကိုမှတ်ထားပါ။ ပြီးရင် အောက်က လင့်ကိုသွားပါ။
၁။အပေါ်က လင့်ကိုရောက်ပြီဆိုရင် အောက်ကိုတစ်ချက်စွဲချလိုက်ပါ။
 
၂။အပေါ်ကလိုပဲ  အောက်ကိုတစ်ချက်စွဲချလိုက်ပါ။
 
၃။အောက်ကပုံအတိုင်း ဆက်သွားပါ။
 
၎။အဝိုင်း လေးတွေနေရာမှာ အမှန်ခြစ်ပေးပြီး I accept ကိုနှိပ်ပါ။
 
၅။IMEI အကွက်ထဲမှာ အပေါ်က keypad မှာ  *#06# ဆိုပြီးရလာတဲ့ နံပတ် 15 ကို 14 လုံးပဲထည့်ပါ။
 
၆။ပြီးသွားရင် အပေါ်မှာ ပေးထာခဲ့တဲ့ Email ထဲကိုသွားကြည့်လိုက်ပါ Unlock Code ရောက်နေပါပြီ
 
အားလုံးအစင်ပြေပါစေ။ 
 

1 comments:

C5 ကိုရှာမ​တွေ့ဘူးခင်​ဗျ ဖုန်းထဲမှာ​တေ.့yes လို့ပါတယ်​ code ​တောင်းတဲ့​နေရာမှာ mailပဲ​တောင်းပြီး ၀င်​မရပဲဖြစ်​​နေလို့ကူညီပါဦး အာစရိ

Post a Comment