ခုမှစတင်လေ့လာသူတွေ
သင်တန်းမတက်နိုင်တဲ့သူတွေ အတွက် ပါခင်ဗျာ... ဆရာတွေအတွက်ဟာသလေးတွေပါ
လို့မနေ့က ပြောခဲ့ပါတယ် ဒါတောင် FB မှာ လာလှောင်သေးတယ်..အဟက် အဟက်...
အော်..စိတ်ဓါတ်တွေ...ကလည်းနော်
၁၆။ Touch, LCD များမကွဲမရှဘဲ ဆွဲမရ LCD မလာ တို့ဖြစ်နေပါက Touch /LCD socket များအား တင်နာဖြင့်ဆေး အထိုင်ကျအောင်ဖိချပေးပါ။မရမှသာ အသစ်လဲပါ။
၁၇။ Touch IC မှာ C3H လို့စာရေးထားပါတယ်။huawei 8813 ရဲ့ Touch ic သည် ဘယ်ဘက် ဆင်းဒ်အထိုင်ရဲ့အပေါ်မှာရှိသည်။Huawei 8818 ရဲ့ Touch Ic သည် နားကြပ်ငုတ်ရဲ့ အောက်ဘက်လိုင်းငုတ်ကလေး သုံးငုတ်ရဲ့ C3h ပါသောအိုင်စီဖြစ်သည်။8825 တွင် ဘယ်ဘက် ဆဒ်းအထိုင်ရဲ့ အပေါ်ဘက်တည့်တည့်တွင်မြင်ရသော အိုင်စီအသေးမှာ Touch ic ဖြစ်သည်။
၁၈။ Huawei phone များတွင် wifi ic သည်ကင်မရာရဲ့ ဘေးမှာ အဖြူအမဲနှစ်ထပ် အိုင်စီရဲ့ အောက်မှာရှိပါတယ်။တစ်ခါတစ်ရံ သံပြားအုပ်ထားပါတယ်။သံပြားခွာကြည့်ပါ။အဖြူအမဲနှစ်ထပ်အိုင်စီသည် ဘလူတုသ်အိုင်စီဖြစ်ပါတယ်။ပါဝါဖွင့်ပြီးscreen မှိတ်သွားပြီးပါဝါကျသွားသေ ဖုန်းများ ဘက်ထရီထုတ်ပြန်တပ်ပြီးမှာ ပါဝါပြန်နိုးသောဖုန်းများတွင် ၀ိုင်ဖိုင်အိုင်စီ ဖြုတ်ပေးခြင်းဖြင့်ဖြေရှင်းနိုင်သည်။ဖြုတ်ထားသော ၀ိုင်ဖိုင်အိုင်စီရဲ့ ငုတ်ကလေးများ ပူးသွားလျှင် ရှော့ကျတတ်သည်။ ခဲရှင်းပေးလိုက်ပါ။
၁၉။ အားစားသော ဖုန်းများဖြေရှင်းလိုလျှင်
ဘက်ထရီထည့်တဲ့အခါ အောက်ခြေတွင် ပိုကျပ်အောင်စက္ကူခံပေးပါ။ မရလျှင် supplyချိတ်ပြီး Ampx စားမစားကြည့်ပါ။များနေလျှင် ဘုတ်ကြောင့်သာဖြစ်သည်။ဘုတ်အား တင်နာဖြင့်ဆေးပြီး ဟော့ဂမ်းနဲ့ခြောက်အောင်အပူပေးလိုက်ပါ။
၂၀။ Touch လဲပြီး Touch မရလျှင် ကြောင်နေလျှင် touch ကြိုးပြားခေါက်မခေါက် gnd ကျမကျ ပြန်စစ်ပေးပါ။မရလျှင် socket လေးအား အသာအယာ ဓါးဖြင့်ခြစ်ပေးပါ။
၂၁။ huawei တွင် မိမိ မဖြုတ်ခင် ဆင်းဒ်ဖတ်ပြီး ပြန်တပ်ခါမှာမဖတ်တော့လျှင် ဖုန်းငုတ်များကိုသေချာစွာ ကြပ်ပေးကြည့်ပါ။
၂၂။ ငုတ်နှစ်ငုတ်အားလှပ်ပြီး ပါဝါနိုးသော်လည်း မနိုးပါက ထိုငုတ်နားရှိ R/C ထိပ်ကလေးများအား ဇာဂနာဖြင့်ထောက်ပြီးနိုးကြည့်ပါ။
၂၃။ Mic,Earpiece,Speaker, shockကျနေလျှင်လည်းပါဝါမလာပါ။
၂၄။ ဆော့ကက်နှင့်လာသော ပါဝါခလုတ်များအား ဆော့ကက်ဖြုတ်ပြီး ဆော့ကက်အထိုင်အား supply အနီတံဖြင့်ပါဝါနိုးနိုင်သည်။နိုးပုံမှာ ဘုတ်အား supply ဖြင့်ချိတ်ပါ။supply ရဲ့ အလယ်သံချောင်းအားညာဘက်သို့ testပြောင်းပေးပြီး အနီတံခလုတ် ဆော့ကက်လေးအား ပါဝါ နိုးသောငုတ်ကိုထောက်ကြည့်ပါ။ပါဝါလာသောငုတ်အားသိလိုလျှင် ဆော့ကက်ခြေထောက်လေးများအား ထောက်ကြည့်ရပါသည်။
၂၅။ အပေါ်ဘုတ်နှင့်အောက်ဘုတ် ခွဲပါသောဖုန်းများတွင် charging ခေါင်းလဲပြီး အားမ၀င်ပါက အလယ်ဆက်ထားသော ကြိုးပြားကောင်းမကောင်း မိ မ မိစစ်ကြည့်ပါ။ Mic Speaker မရလျှင် လိုင်းမတက်လျှင်လည်း ထိုကြိုးပြားအားစစ်ကြည့်နိုင်သည်။
၂၆။ ရေ၀င် ရှော့ကျုဖုန်းများအား တင်နာဖြင့်ရေဂျိုးများအားဆေးပေးရမည် တင်နာဖြင့်ဆေးလျှင် အပြင်ဗန်းသာမက သံပြားများအားကိုလည်းခွာပြီးနေရာလွတ်မကျန်အောင်ဆေးပေးပါ။သံပြားသည် အရှင် အသေနှစ်မျိုးရှိသည်။အသေထိုင်ထားလျှင် HOT Gun 300 Air 6 ဖြင့် ခွာချပါ။ပြီးနောက် တင်နာနှင့် ချော်ရည်များအားပြောင်အောင်ဆေးပေးပါ။မရလျှင် ဘုတ်အား supplyတွငိချိတ်ပြီး အော်နေလျှင် supplyတွင်မအော်သည်အထိ လျှော့ချပါ။မအော်တော့လျှင် ပူသော R / C ic များကိုရှာပါ။R/C များပူနေလျှင် ပူနေသော R/C များအားဖြုတ်ချပေးပါ။ Shock လွှတ်သည်အထိ လုပ်ပါ။
၂၇။ Touch ပြားအကောင်းများကိုခွာလိုလျှင် java ဖုန်း touch တွင်ပါသော ကော်ပြားအား ထောင့်လေးထောင့် ကတ်ကြေးဖြင့်ဝိုက်ညှပ်ပြီး ထိုကော်ပြားဖြင့်ခွာနိုင်ပါသည်။အပူ ၁၀၀ ပေးပြီးခွာရမည်။
၂၈။ လိုင်းမတက်လျှင် နက်ဝပ်အဖြူကြိုးနှင့်အထိုင်လိုင်း ပွိုင့်ငုတ်ကလေးများကိုသေချာစစ်ပေးပါ။အပေါ်ဘုတ်နှင့်အောက်ဘုတ်တွင် အလယ်ကြိုးပြား ဆော့ကက်ကောင်းမကောင်း မိ မမိ စစ်ပေးပါ။ဖုန်းငုတ်များမတပ်ရသေးလျှင်လည်း လိုင်မတက်တတ်ပါ။နက်ဝပ် အိုင်စီ ဖြစ်သော RF/PA line အိုင်စီများကို အပူ 200 ခန့်ဖြင့်အပူပေးကြည့်ပါ။မရလျှင် JUMPER ကျော်ပေးနိုင်သည်။
၂၉။ Earpiece ကိုလဲပြီးမရပါက ဘုတ်ကိုစစ်ပြီးမရပါက နားကြပ်ခေါင်းမှ JUMPER ကျော်ပေးရမည်။ဘယ်သံညာသံလာသောငုတ်မှ earpiece အပေါင်းငုတ်သို့ ကျော်ပေးပါ။ အပေါင်းမရ အနှုတ် ပို့ မရပါက နှစ်ကြိုးလုံးပို့ပါ။
၃၀။ ၀ယ်လို့မရသော ပါဝါခလုတ်များ နှင့် ဒီဂျစ်တယ်မိုက်များကို jumper ပြုလုပ်ပြီးဖြေရှင်းမည်ဆိုပါက ပါဝါခလုတ်များနှင့် မိုက်များရဲ့ အလယ်ရှိ ကြေးဝိုင်း ကို အပေါင်းစ jumper ကျော်ပြီး အပေါင်းငုတ်တွင် ဆက်ပါ။ ဘေးအ၀ိုင်းအပြင် အ၀ိုင်းကိ အနုတ် စ jumper ကျော်ကာ အနုတ်ငုတ်တွင် သို့ Gnd ချပေးပါ။ တိုက်ရိုက်လည်း jumper လုပ်နိုင်ပါသည်။
၃၁။ ပါဝါဖွင့်ပြီး ပိတ်လိုက်လျှင် ပါဝါမလာတော့သည့် ဖုန်းများကို ဘက်ထရီဖြုတ်ပြီး ပြန်တပ်သည့်အခါ ပြန်လာပြီး ပြန်ပိတ်လျှင် ပါဝါပြန်မလာပါက wifi ic နှင့် Bluetooth အိုင်စီကို ဖြုတ်ချပြီး အကောင်းပြန်တပ်ပေးပါ။
ဒါတွေက ဖုန်းစတင် ပြုပြင်တော့မယ် လူတွေအတွက် အသုံးဝင်ကီးတွေဖြစ်ပါတယ်။ ဒီလိုအခြေမျိုးတွေကိုပိုင်နိုင်အောင်လုပ်ပြီး မိမိဥာဏ်စွမ်းအလျှောက် pro ဖက်သို့ ကူးပြောင်းနိုင်ကြပါစေ...
ဒါကတော့မီတာတိုင်းတဲ့နည်းလေးပါ
၁။ Condenser -တက်ပြီးပြန်ကျလျှင်ကောင်း တက်ပြီးပြန်မကျပါက မကောင်းပါ။နှစ်ဖက်လုံးတက်ပြီး ပြန်မကျပါကမကောင်းပါ--X1 X10 X100
၂။ Resister -တက်ပြီးငြိမ်နေလျှင် ကောင်း မတက်ရင်မကောင်း
X1 X10 X100
၃။ Coil -တက်ပြီးငြိမ်နေလျှင်ကောင်း မတက်လျှင်မကောင်း
X1 X10 X100
၎။ Diode -တစ်ဖက်တက်ပြီး တစ်ဖက်မတက်လျှင်မကောင်း။ နှစ်ဖက်လုံးပြရင်ရှော့။မကောင်း။နှစ်ဖက်လုံးမပြရင်
မကောင်း X1 တွင်ထားတိုင်း
၅။ Fuse -အဆုံးထိတက်ရင်ကောင်း ။ မတက်ရင်မကောင်း X1မှာတိုင်း။
မှတ်ချက်။ ။ ဗို့ လိုင်းမပြသောနေရာများတွင် coil ဒဲ့ ဆက်လို့မရပါ။အသံပိုင်းတွင်သာ ဒဲ့ဆက်နိုင်ပါတယ်။
ပို့စ်ရေးသူ-HanWailinn-www.sayyoethe.blogspot.com

ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်

13 comments:
thank my brother for all beinginer
ကိုရေကျနော်ရှယ်သွားပြီ
ကျေးဇူးကြီမားပါတယ်အကို
ဘယ်သူဘဲလှောင်နေကျတော်ကကျေးဇူးအထူး
နောက်ပြောပြနော်
အားပေးပါတယ်
Ok
thank brother
အကိုရေ ဘာပြောဂရုမစိုက်ပါနဲ့
လမင်းခွေးဟောင် လရေင်မနွမ်း
ခွေးသာပန်း၏တဲ့
ကျော်ကတော့အမြဲအားပေးနေမှာပါthank
ကျေးဇူးပါ အကို
how to check diode,i'm not understand please explain again Thanks.........
စာအုပ် ဖိုင်အနေနဲ့ဒေါင်းချင်လို့ဘယ်လိုလုပ်ရမလဲ
တော်တော်လေးကိုကျေးဇူးတင်ပါတယ်
ကိုတို့ 
thanks sir
ဆရာသမား diode တိုင်းတာနည်းကမရှင်းလို့ပါခင်ဗျာ ဘယ်လိုတိုင်းတိုင်းမကောင်းဘူးဖြစ်နေတယ် ဘယ်လိုတိုင်းမှကောင်းမှာလဲသိချင်ပါတယ်ခင်ဗျာ diode က တစ်ဖက်တက်ပီးတစ်ဖက်မတက်လျင်မကောင်းတဲ့နှစ်ဖက်လုံးပြရင်ရှော့နှစ်ဖက်လုံးမပြလျင်မကောင်းဆိုတော့ အကောင်းကိုတိုင်းလဲအဲအတိုင်းဖြစ်နေမှာပေါ့နော် ဆရာ့ကိုဆော်ကားရာကျသွားရင်တောင်းပန်ပါတယ်ခင်ဗျ တစ်ကယ်နားမလည်လို့ပါဗျာ အလင်းပြပါဆရာ
Post a Comment