iPhone 6 display ဗီဒီယို ပထမဦးဆုံး ထွက်ပေါ်လာ


Apple က စက်တင်ဘာလ ၂၅ ရက်တွင် ဖြန့်ချိမည်ဟု သတင်းများထွက်ပေါ်ခဲ့သည့် iPhone 6 အတွက် ၄.၇ လက်မ display panel ၏ ပထမဦးဆုံး ဗီဒီယို ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ဗီဒီယိုတွင် iPhone 6 display ကို iPhone 5S နှင့် နှိုင်းယှဉ်ဖော်ပြခဲ့ပြီး ၄.၇ လက်မ display သည် လက်ထဲတွင် ကိုင်ထားသည့်အခါ အံဝင်ခွင်ကျရှိစေကြောင်း သိရသည်။ ထို့အပြင် ဘေးအနားစောင်းများမှာ လုံးဝန်းပြီး bezel မှာလည်း သေးငယ်သည့်အတွက် အွန်လိုင်းတွင် ပေါက်ကြားခဲ့သည့် iPhone 6 ဓာတ်ပုံများနှင့် တူညီသည်ဟု ဆိုရမည် ဖြစ်သည်။

တရုတ်မီဒီယာများက ဖော်ပြခဲ့သည့် iPhone Air ဟုခေါ်သော ၅.၅ လက်မ iPhone နှင့်ပတ်သက်သည့် အချက်အလက်များကိုမူ ယခုထိ တွေ့မြင်ရခြင်း မရှိသေးပေ။





ထို့အပြင် တရုတ်မီဒီယာများက iPhone 6 မိတ်ဆက်မည့်နေကို စက်တင်ဘာလ ၂၅ ရက် (ကြာသပတေးနေ့) တွင် ဖြန့်ချိမည်ဟု ဖော်ပြခဲ့သော်လည်း ဂျာမန် မိုဘိုင်းဝန်ဆောင်မှုကုမ္ပဏီ Deutsche Telekom နှင့် အခြားသော သတင်းများကမူ စက်တင်ဘာလ ၁၉ ရက် (သောကြာနေ့) တွင် မိတ်ဆက်မည်ဟု ဖော်ပြခဲ့သည်။ သို့ရာတွင် Apple သည် ထုတ်ကုန်သစ်များကို သောကြာနေ့တွင်သာ မိတ်ဆက်ပေးလေ့ရှိသောကြောင့် တရုတ်မီဒီယာများက ဖော်ပြသည့် ကြာသပတေးနေ့မှာ မဖြစ်နိုင်ကြောင်း ဆိုသည်။

ထို့အပြင် iPhone 6 ၏ တန်ဖိုးသည် 5S ၏ တန်ဖိုးနှင့် တူညီမည် ဖြစ်ကြောင်း၊ iPhone 6 ကို 16GB နှင့် ထုတ်လုပ်ခြင်း မရှိတော့ဘဲ အနိမ့်ဆုံး 32GB ဖြင့်သာ ရရှိနိုင်မည် ဖြစ်ကြောင်း၊ တန်ဖိုးအနေဖြင့် ၅.၅ လက်မ iPhone Air အတွက် ၅,၉၉၈ ယွမ် (၉၆၅ ဒေါ်လာ) နှင့် ၄.၇ လက်မ iPhone 6 အတွက် ၅,၂၈၈ ယွမ် (၈၅၀ ဒေါ်လာ) ကျသင့်ဖွယ်ရှိကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။

Ref: CultOfMac



   

 
http://www.myanmarinternetjournal.com

0 comments:

Post a Comment