Android Lollipop ဖြင့် အသုံးပြုနိုင်မည့် Nokia N1 tablet ကို ဒေါ်လာ ၂၅၀ ဖြင့် ရောင်းချမည်


Microsoft ထံ ဖုန်းလုပ်ငန်းများကို ရောင်းချခဲ့သည့် Nokia သည် N1 ဟုခေါ်သည့် Android tablet တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။


အမေရိကန်ဒေါ်လာ ၂၅၀ ဖြင့် ရောင်းချမည့် ၇.၉ လက်မအရွယ် N1 tablet ကို တရုတ်နှစ်သစ်ကူးရက် မတိုင်မီ တရုတ်နိုင်ငံ၌ စတင်ရောင်းချမည် ဖြစ်သည်။ အခြားနိုင်ငံများတွင် ရောင်းချမည့် အချိန်နှင့် ဈေးနှုန်းတို့ကို Nokia မှ ကြေညာထားခြင်း မရှိသေးပေ။


 


Nokia N1 တွင် ၆.၉ မီလီမီတာ အထူရှိသည့် အလူမီနီယံဘောင်ကို အသုံးပြုထားသည်။ ၎င်း၏ ဒီဇိုင်းသည် Apple iPad Mini 3 နှင့် ဆင်တူပြီး အရောင်အနေဖြင့် အနက်ရောင်၊ မီးခိုးရောင်တို့ဖြင့် ရရှိနိုင်သည်။ ကျောဘက်တွင် 8-megapixel ကင်မရာ ပါဝင်ပြီး အရှေ့ဘက်တွင် 5-megapixel ကင်မရာကို အသုံးပြုထားသည်။ App များ၊ ဓာတ်ပုံများ၊ သီချင်းများနှင့် ဗီဒီယိုများကို သိမ်းဆည်းရန်အတွက် သိုလှောင်မှု ပမာဏ 32GB ကို ထောက်ပံ့ပေးထားသည်။


 ပရိုဆက်ဆာ အနေဖြင့် 64-bit 2.4GHz Intel Atom quad-core ကို အသုံးပြုထားသည်။ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်မှာ reversible USB port ဖြစ်သည့် USB Type-C socket ကို အသုံးပြုထားသောကြောင့် ဖုန်းတွင် USB ကြိုးကို တပ်ဆင်သည့်အခါ ဘက်မှားပြီး တပ်ဆင်မှုမျိုး မဖြစ်နိုင်တော့ပေ။


Ref: CNET

Internet Journal

0 comments:

Post a Comment