တစ်နာရီလျှင် ကီလိုမီတာ ၅၀၀ နှုန်း ပြေးဆွဲနိုင်သော ကမ္ဘာ့အမြန်ဆုံး သံလိုက်ရှပ်ပြေးရထားကို ဂျပန် စတင်ပြေးဆွဲ

 

 
First passengers on Japanese maglev train travel at speeds of 500 kmph.
 
 
တိုကျို ၊ ၁၈-၁၁-၂၀၁၄
 
ကျည်ဆန်ရထား ၏ ဖခင်ကြီး ဂျပန်နိုင်ငံသည် သံလိုက်ပင့်အား ဖြင့် ရှပ်ပြေးသည့် Magnetic Leviation ရထားများကို ပြေးဆွဲလျက် ရှိရာ ယခုအခါ တစ်နာရီလျှင် ကီလိုမီတာ ၅ဝဝ ထက်မနည်း ပြေးဆွဲ နိုင်သည့် ရထားသစ် ကို စမ်းသပ်ပြေးဆွဲ နေပြီ ဖြစ်ကြောင်း သိရသည်။
 
ယမန်နေ့တွင် ယူအီနိုဟာရာ မှ ဖူးဖူကီမြို့ သို့ ၄၂ ဒသမ ၈ ကီလိုမီတာ ခရီးစဉ်ကို ခရီးသည် ဦးရေ ၁ဝဝ ဖြင့် စတင်ပြေးဆွဲ ခဲ့ရာ ခန့်မှန်းထား သည်ထက်ပင် ချောမွေ့ခဲ့ပြီး များမကြာမီ တိုကျိုနှင့် နာဂိုယာမြို့ တို့ကို ဤ သံလိုက်ရှပ်ပြေး ရထားဖြင့် ပြေးဆွဲတော့မည် ဖြစ်သည်။
 
တိုကျို နှင့် နာဂိုယာ ကို လက်ရှိ ပြေးဆွဲနေသော ရထားများဖြင့် မိနစ် ၈ဝ ကြာ ခုတ်မောင်းရလေ့ ရှိရာ ဤ သံလိုက်ရှပ်ပြေး ရထားဖြင့် မိနစ်  ၄ဝ သာ ကြာမြင့်မည် ဖြစ်သည်။ ယခုလက်ရှိ ကမ္ဘာ့ အမြန်ဆုံး သံလိုက်ရှပ်ပြေး ရထားမှာ တရုတ်နိုင်ငံ ၏ ရှန်ဟိုင်း သံလိုက်ရှပ်ပြေး ရထားဖြစ်ပြီး တစ်နာရီလျှင် ၄၃၁ ကီလိုမီတာနှုန်း ပြေးဆွဲနိုင် လေရာ ဂျပန်နိုင်ငံ၏ ရထားသစ်မှာ ကမ္ဘာ့ အမြန်ဆုံး ရထားအဖြစ် စံချိန်သစ် တင်နိုင်ပြီ ဖြစ်သည်။
 
သံလိုက်ရှပ်ပြေး နည်းပညာတွင် ရထားတွင် ဘီးလုံး၊ အိတ်ဇယ် နှင့် ဘယ်ရိမ်များ မပါရှိဘဲ ရထားသံလမ်း မှ အနည်းငယ် မြောက်တက် သွားစေပြီး သံလိုက် စွမ်းအင်ဖြင့် ရှေ့သို့ တွန်းပို့ခြင်း ဖြစ်သည်။ ထို့အတွက် ရထားလမ်း ချော်မည်ကို စိုးရိမ်ရန် မလိုအပ် သကဲ့သို့ အကွေ့များတွင် အရှိန်သတ် ရသည့် ပြဿနာမှလည်း ကင်းဝေး သွားမည်ဖြစ်ပြီး ဘီးလုံးနှင့် ရထားသံလမ်း ကြိတ်သံ ထွက်ပေါ် လာမည် မဟုတ်သည့် အတွက် ရထားသံ တိတ်ဆိတ် စွာဖြင့် ကမ္ဘာ့ အမြန်ဆုံး ရထားကို စီးနင်းခွင့် ရမည်ဖြစ်သည်။
 
သို့သော် တရုတ်နိုင်ငံ ကလည်း လေဟာနယ် ဥမင်တစ်ခုကို တည်ဆောက်လျက် ရှိပြီး တစ်နာရီလျှင် ကီလိုမီတာ၂၉ဝဝ ထက် မနည်း ပြေးဆွဲနိုင်မည့် သံလိုက်ရှပ်ပြေး ရထားလမ်းကို တည်ဆောက်ရန် ကြိုးပမ်းလျက် ရှိသည်။လေဟာနယ် ဥမင်ထဲတွင် လေကိုဆန်ရန် မလိုအပ်သည့် အတွက် ရှပ်ပြေးရထား များ၏ အလျင် သည်လည်း လေယာဉ် အမြန်နှုန်း ထက်ပင် သုံးဆခန့် ပိုလာမည် ဖြစ်သည်။
 
အနောက် နိုင်ငံကြီးများ ဖြစ်ကြသော သြစတြေးလျ ၏ အမြန်ဆုံး ရထားမှာ တစ်နာရီ ကီလိုမီတာ ၁၆ဝ နှုန်းသာ ပြေးဆွဲနိုင်ပြီး အမေရိကန် ပြည်ထောင်စု ၏ အမြန်ဆုံးရထား သည်လည်း တစ်နာရီလျှင် ကီလိုမီတာ၂၄ဝ နှုန်းထက် ပိုမမြန် နိုင်သော ကြောင့် အနာဂတ် ရထားကမ္ဘာတွင် အာရှတိုက်က အနိုင်ယူ သွားတော့မည်မှာ သေချာ သလောက်ရှိ နေကြောင်း သိရသည်။
 
PyiChitThar


0 comments:

Post a Comment