နိုဝင်ဘာ၁၇။
လူမှုကွန်ယက် မီဒီယာဖေ့စ်ဘုတ်ခ်က
ပရော်ဖက်ရှင်နယ်ကွန်ယက် တစ်ခုကို Facebook at Work အမည်ဖြင့်တီထွင်ကာ
နယ်ပယ်ချဲ့ထွင်ဦးမည်ဖြစ်ကြောင်း ဖိုင်နယ်ရှယ်တိုင်းမ်စ်၏ သတင်းအရ သိရသည်။
ဖေ့စ်ဘုတ်ခ်သည် လူမှုကွန်ယက်ကိုအားပြုနေရာမှ ယခုနောက်ပိုင်းနာမည်
ကျော်ကြားလာသော ပရော်ဖက်ရှင်နယ်ကွန်ယက်ဖြစ်သည့် Linkedin ကဲ့သို့
ပရော်ဖက်ရှင်နယ်သို့မဟုတ် စီးပွားရေးလုပ်ငန်းသုံးကွန်ယက်တစ်ခု ကို
ဖန်တီးရန် လျှို့ဝှက်စီစဉ်နေခြင်းဖြစ်သည်ဟုဆိုသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး ဖေ့စ်ဘုတ်ခ်မှတာဝန် ရှိသူများက မငြင်းဆိုပဲ ရေငုံနှုတ်ပိတ်နေကြကြောင်း သတင်းများကဆိုသည်။
အလုပ်ထဲကဖေ့စ်ဘုတ်ခ်(Facebook at Work )သည် ယခုအသုံးပြုနေ သောဖေ့စ်ဘုတ်နှင့်ဆင်တူမည်ဖြစ်ပြီး ယင်းတွင် ပညာရှင်အချင်းချင်း ချိတ်ဆက် ဆက်သွယ်နိုင်မည်ဖြစ်သည်။
ဖေ့စ်ဘုတ်ခ်မှဝန်ထမ်းများသည် ယခုအခါ ယင်းကို အချင်းချင်းစမ်းသပ် အသုံးပြုနေကြပြီး ကုမ္ပဏီအချို့တွင် လည်းစမ်းသပ်သုံးစွဲခိုင်းထားကြောင်း သတင်းရရှိသည်။အဆိုပါဝန်ဆောင်မှုကို ကနဦးတွင်အခမဲ့ပေးသုံးမည်ဖြစ် ပြီးကြော်ငြာဝင်ငွေဖြင့် ရပ်တည်မည်ဟုဆိုသည်။
၂၀၀၄ ခုနှစ်တွင် စတင်အသုံးပြုခဲ့သောဖေ့စ်ဘုတ်ခ်သည် ယခုအခါ ကမ္ဘာအနှံ့ သုံးစွဲသူ ၁.၃၅ ဘီလျံ ရှိသွားပြီဟုသိရှိရသည်။
Yangon Media Group

0 comments:
Post a Comment