တရားဝင်
တစ်နှစ်အာမခံ (One Year Official Warranty) ပါဝင်သော Apple တံဆိပ် iPhone
များကို ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း Apple
ကုမ္ပဏီ၏ iPhone များအတွက် မြန်မာနိုင်ငံ AAR (Apple Authorised Reseller)
ရရှိထားသည့် Wai Yan Electronic မှ သိရသည်။
Wai Yan Electronics ၏ အရောင်းပြခန်း
၁၀ ဆိုင်အနက်မှ ရန်ကုန်မြို့ ပုလဲကွန်ဒို၊ ဗိုလ်အောင်ကျော်လမ်းနှင့်
ပန်းဆိုးတန်းလမ်းမရှိဆိုင်နှင့် မန္တလေးမြို့၊ လမ်း ၃၀x၈၂
လမ်းထောင့်ဆိုင်များ၌ Apple iPhone များ ဝယ်ယူနိုင်မည် ဖြစ်ပြီး Apple
Authorised Service Provider ဆားဗစ်စင်တာများကို ရန်ကုန်မြို တွင် ၂
ခုနှင့် မန္တလေးတွင် ၁ ခု ဖွင့်လှစ်ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း
သိရသည်။
http://www.internetjournal.media/new/1688






0 comments:
Post a Comment