Samsung Galaxy J1 ကို မကြာမီက ကြေညာခဲ့ပြီး အိန္ဒိယတွင်
ရောင်းချပေးနေပြီ ဖြစ်သည်။ ယခုအခါ Samsung က ပိုမိုမြန်ဆန်သော CPU နှင့် 4G
LTE ကို ထောက်ပံ့သော အဆင့်မြင့် Galaxy J1 4G Version ကို
ကြေညာလိုက်ပါသည်။
Galaxy J1 4G တွင် ၄.၃ လက်မ WVGA Display , 1.2GHz Quad-Core CPU ,768MB RAM , 4GB Storage ပါရှိပြီး microSD Card ထည့်သွင်းနိုင်ပါသည်။ အနောက်ဘက်တွင် 5MP ကင်မရာ ပါရှိပြီး 4G LTE , Dual-SIM, 1850mAh Battery, Android 4.4 KitKat ထည့်သွင်းထားပါသည်။
Samsung Galaxy J1 4G ကို မတ်လတွင် ရောင်းချမည် ဖြစ်ပြီး အပြာ၊ အဖြူနှင့် အနက်ရောင်များ ရွေး ချယ်နိုင်ပါသည်။ အိန္ဒိယ ရူပီး ၉၉၉၀ ( ယူရို ၁၄၀) ကျသင့်မည် ဖြစ်သည်။






0 comments:
Post a Comment