ချစ်တတ်သော သူတွေအတွက် အချစ်ကဗျာလေးများ...


Image result for Love poem image
ကျွန်တော်ကိုဖုန်းဆက်ပြီးမိမိတို့ ရင်တွင်းမှာဖြစ်သော ကဗျာ ၊ ရသ ၊ဒသန များကို စာတို မက်ဆေ့ဖြင့်သော်လည်းကောင်း ၊ ဖုန်းဖြင့်ဆက်ဖြင့်သော်လည်းကောင်း ပေးပို့ပြီး မိမိတို့ရဲ့ ရင်တွင်းဖြစ်များကို အများအားမျှဝေခံစားစေလို၊ ၀ါသနာအရဖြစ်စေ ၊ အကြေင်းအမျိုးမျိုးကြောင့် Shaing လုပ်ချင်ရင် (သူတစ်ပါးအားမထိခိုက်စေဘူးဆိုရင်) ကျွန်တော့်အား  မိမိတို့ရဲ့ Sharing လုပ်မဲ့စာ - ထည့်သွင်းစေလိုသောနာမည်-ဖုန်းနံပါတ် ထည့်သွင်းစေလိုပါက ဖုန်းနံပါတ်ပေါ့  ကျွန်တော့်အားဖုန်းဖြင့်တိုက်ရိုက်ဖြစ်စေ မက်ဆေ့ပို့ပြီးဖြစ်စေ ပေးပို့နိုင်ပါတယ်ခင်ဗျာ။ ။
(မှတ်ချက်။ ။ ဆရာကြီးတစ်ယောက်မဟုတ်ပါဘူး ၊ ထုတ်လုပ်သူလဲမဟုတ်သလို ဘာမှလည်းမဟုတ်ပါဘူး ပြီးတော့ တစ်ခုခုလိုခဲ့ရင် ကောင်းစေချင်စိတ်စောနေလို့လို့ နားလည်ပေးပါ နော်

ကူညီရုံသက်သက်ပါ ကဗျာဖြစ်စေ ကျန်သောအကြိုးရှိစေမဲ့စာဖြစ်စေ တင်စေချင်သော သူများမိမိတို့ရဲ့ ကလောင်နာမည်၊နေရပ်၊facebookသုံးပါက Facebook မှာ Firend အဖြစ်လက်ခံဖို့ Link ပေါ့

ကျန်သော Sociel Website များနဲ့ ပေးစေချင်သော အများပါထည့်ပေးပါ...နောက်ပြီး စာအရေးအသားညံခဲ့သသည်ဖြစ်စေ ၊စာလုံးလေးများလိုခဲ့သည်ဖြစ်စေ် ကောင်းစေချင်စိတ်ကြောင့်မို့

နားလည်ပေးအုံးနော်... )





"ချစ်သူ ရင်ခွင်တံခါး
ဆွဲကာဖွင့်လှစ်
အလွမ်းအဆပ် နင်ထည့်ခဲ့လည်း
ကျေနပ် ခံယူချို မြိန်စွာဖြင့်
နင်ထားခဲ့ငါ အပြုံးမပျက်
ချစ်နေဆဲပါ"
ကဗျာပိုင်ရှင်(ခိုင်)
 .>>>>>>>>>>>>>
"ချစ်သူ ငါမဖိတ်ခေါ်ဘဲ
အချစ်ဆိုတဲ့အရာကို
နင်သယ်ဆောင်လာခဲ့တယ်
ငြင်းဆန်နေတဲ့ကြားထဲက
တွယ်တာမိအောင်
အကြင်နာလေးတွေ
နင်ပေးခဲ့တယ်
တစ်သက်လုံးအတွက်လို့
ငါ့ဘက်ကအတည်ပြုလက်ကမ်းလိုက်ချိန်မှာ
ငါမနှင်ပါဘဲနဲ့
နင်ထွက်သွားတယ်
တစ်ကယ်တော့ 
ငါဟာဒီနေရာလေးမှာ
နိဒါန်းကနေနိဂုံးထိဒီအတိုင်းပါဘဲ ချစ်သူ"
ကဗျာပိုင်ရှင်(ခိုင်)
 >>>>>>>>>>>>
"ချစ်သူ
မသင်ယူပါဘဲ
တတ်မြောက်ခဲ့တာ
နင့်မတောင်းခံပါဘဲနဲ့
ပေးချင်နေခဲ့မိတာ
ငါပိုင်ဆိုင်တဲ့အရာအားလုံးပေါ့
နင့်မျက်နှာအရိပ်တစ်ခုလို
ကြည့်နေမိခဲ့တာ
အချစ်ကပေးတဲ့
သင်ရိုးညွန်းတမ်းတစ်ခုပေါ့"
ကဗျာပိုင်ရှင်(ခိုင်)
>>>>>>>>>>>>


"ချစ်သူ
သတိရနေမိပါတယ်
နင်ပြောခဲ့ဘူးတဲ့လေလိုင်းထဲက
စကားသံလေးတွေကိုပေါ့
မောင်ကရုပ်ဆိုးတော့ချစ်နိုင်ပါ့မလားတဲ့
စိတ်ချပါချစ်သူ
ထာဝရအတွက်ချစ်ခဲ့တာပါ
မောင်ရဲ့ ဘ၀ခရီးလမ်းကကြမ်းတော့လျေက်နိုင်ပါ့မလားတဲ့
ချစ်သူသာအနားမှာရှိရင်
ဘယ်လောက်ဘဲကြမ်းတမ်းနေပါစေ
အဲ့ဒီလမ်းဒို့လျောက်ရဲ ပါတယ်
မောင်တို့နှစ်ယောက်ဘယ်တော့မှမမုန်းကြေးနော်တဲ့
ယုံကြည်လျက်ပါချစ်သူ
ငါ့အချစ်တွေကို နင်တန်ဖိုး
ထားခဲ့ မယ်ဆိုရင်ပေါ့
ခုတော့ချစ်သူ
သစွာမဲ့ခဲ့တယ် 
နင့်ကိုငါ ဘယ်လိုနားလည်ပေးရမလဲ
ဒီတော့ ငါတို့နှစ်ယောက်လေလိုင်းစကားသံ
လေလိုင်းထဲမှာဘဲပျောက်ဆုံးသွားပါစေတော့
ချစ်သူ အမုန်းတရားဆိုတာ
နင့်အတွက်ငါ့ဆီမှာ 
ဘယ်တော့ရှိလာမှာမဟုတ်ဘူး"
ကဗျာပိုင်ရှင် (ခိုင်)
 >>>>>>>>>>>>
"သတိရသေးလားတဲ့
သတိတော့ရပါတယ်
ဒါပေမဲ့ မလွမ်းတတ်တော့ဘူး
ချစ်သေးလားတဲ့
အရမ်းတော့ချစ်ခဲ့တယ်
မရူးသွပ်တော့ဘူး
ဖုန်းလေးကို ကိုင်လိုက်မိတိုင်း
နှိပ်လိုက်တိုင်း နံပါတ်လေးတွေက နင့်နံပါတ်တွေဘဲ
ဒါပေမဲ့ ကျင့်သားမရသးပေမဲ့
ရင့်ကျက်အောင်တော့ငါကြိုးစားနေပါတယ်"
ကဗျာပိုင်ရှင် (ခိုင်)
 >>>>>>>>>>>
"အချစ်တိုင်းမှာ
ဖုန်းမျှော်မိသူမသိပြီ
မျှော်သာမျှော်ရက်
အခေါ်ခက်လို့
ရင်ထဲဖိုလှိုက် ငိုရှိုက်သံကို 
ပြည့်ဖြိုးသိစေ
ကဗျာဝေသည်"
ကြွေလွင့်မျက်ရေများနှင့်
ဒေါက်တာပြည်စိုး
>>>>>>>>>>>
"သဘောင်္ကြီးနဲ့ မှမဟုတ်ပါဘူး
ယုံကြည် ချက်ရှိရင် လှေငယ်လေးနဲ့လည်း
ဘ၀ပင်လယ်ကြီးကို
ဖြတ်သန်းရဲပါတယ်တဲ့
မင်းရေးတဲ့ ကဗျာ 
အခုတော့ သဘောင်္ကြီးနဲ့မှသွားချင်တဲ့မင်းအတွက်
သစွာတရားဆိုတဲ့
ပဲ့ထိန်းကိုတော့
သေချာထိန်းပါနော်။
သဘောင်္နစ်မှာစိုးလို့ပါ"
ကဗျာပိုင်ရှင် ဆူးသခင်(တပ်ကုန်း) 
>>>>>>>>>>>>>>>>>>>>>




"ပပ၀တီလို သိပ်လှတဲ့မင်းကို
မင်းကုသလို ငါခင်နေရတာပါ 
စူလသုဘတ်တာလိုနင်ရက်စက်ရင်
ရာမလိုလှေးကိုင်ပြီးချူး မကြမ်းရဲပါဘူးကို"



ကဗျာပိုင်ရှင် (အမည်မသိ)
>>>>>>>>>>>>>>>>



 "အလည်တခေါက် 
ကိုယ်ရောက်ခဲ့တယ်
တောအလှရင်ခွင်
ခဏတော့မာယာရောယှက်တော့
ပရိယာယ်နဲ့
ကျီစယ်မွေနှောက်
သည်းခြေပျက်အောင်
တောခြောက်ခံရဖူးတယ်"



ကဗျာပိုရှင် (ရန်ကုန်သူ)
>>>>>>>>>>>>>>>>
မေးထားသော သူတစ်ယောက်အတွက်

အချစ်ဆိုတာ သိပ်လှတဲ့ညတစ်ညရဲ့  ကြယ်ရောင် လရောင် လင်းလက်ဖြာဝေနေချိန်မှာ စားချင့်စဖွယ် အသင့်ရှိနေတဲ့ ပန်းသီးလေးတစ်လုံးသာ ဆိုရင် အမုန်းဆိုတာ ဘာလဲ ? ကျွန်တော် ထင်တာကတော့ အမုန်းဆိုတာ….
”အချစ်ဆိုတဲ့ ပန်းသီးကို ….
ခွဲစိတ်ပစ်တဲ့ ဓါး”တစ်ချောင်းပဲ။

Credit to  အလင်းဆက်




Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ

အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....

(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call &

Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်လေးကြောင့်တစ်ခုခုရသွားခဲ့ရင်တော့ ဖုန်းငွေဖြည့်ကဒ် Message ပို့ပေးနိုင်တယ်နော်.. :D

Welcome From My Blog

Welcome From My Facebook Group

0 comments:

Post a Comment