ဖုန်းကာဗာအား
touch screen ကဲ့သို့ အသုံးပြုနိုင်မည့် ကျောဘက် sensor စနစ်ထည့်
သွင်းထားသည့် Singtech တံဆိပ် Infinity iNote မော်ဒယ် စမတ်ဖုန်းကို
ပြည်တွင်း ဈေးကွက်တွင် ဝယ်ယူနိုင်ပြီ ဖြစ်သည်။ အဆိုပါ iNote တွင် setting
များကို ကြည့်ရှုရာ၌ ဖုန်းမြင်ကွင်းကို အသုံးပြုစရာ မလိုဘဲ နောက်ကျောဘက်
ကာဗာမှ လက်ဖြင့်ပွတ်၍ အပေါ်အောက် အသုံးပြု နိုင်မည်ဖြစ်ပြီး ဓာတ်ပုံများ
ကြည့်ရှုခြင်းအတွက် အပေါ်၊ အောက်၊ ဘေး ဘယ်ညာနှင့် Selfie ဓာတ်ပုံ
ရိုက်ကူးခြင်းများကို ဖုန်းကာဗာမှတဆင့် ပြုလုပ်နိုင်မည် ဖြစ်ကြောင်းသိရသည်။
"iNote မှာပါတဲ့ ကျောဘက် sensor
စနစ်ကနေ selfie ရိုက်တာမျိုးမှာ နောက်ကကာဗာကို နှိပ်ပြီး အလွယ်တကူ capture
လုပ်လို့ရတယ်။ ဖုန်း setting ကြည့်တာတွေအတွက် အပေါ်အောက် ရွှေ့တာတွေ၊
ဓာတ်ပုံကြည့်တာ မျိုးတွေကို ရှေ့ screen အစား ကာဗာကိုပွတ်ပြီး
သုံးလို့ရပါတယ်။ နောက်ပြီး iNote ကို OTG အနေနဲ့လည်း သုံးနိုင်တဲ့အတွက်
အချက်အလက်ကူး ပြောင်းတာတွေကို အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
နောက်ပြီး mouse လည်း တပ်သုံးနိုင် ပါသေးတယ်။ နောက်ပိုင်းမှာ Firmware
အသစ်ကို upgrade လုပ်သုံးမယ်ဆိုရင် FOTA အနေနဲ့ သုံးနိုင်ပါမယ်။ FOTA က
Freee on the Air ကိုပြောတာပါ။ ဒီစနစ်က ဆားဗစ်ဆိုင် သွားစရာမလိုဘဲ ဖုန်းရဲ့
ဆော့ဖ်ဝဲပိုင်း error မှန်သမျှ အင်တာနက် အသုံးပြုနိုင်တဲ့ ဘယ်နေရာ ကနေမဆို
အွန်လိုင်းချိတ်ပြီး ပြင်ဆင်နိုင်တဲ့ စနစ်ပါ" ဟု Singtech Myanmar မှ
တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
အဆိုပါ Singtech iNote သည် GSM SIM
နှစ်ကတ်ထည့် သွင်းအသုံးပြုနိုင်သည့် စမတ်ဖုန်း အမျိုးအစားဖြစ်ပြီး တန်ဖိုး
၁၇၉, ၀၀၀ ကျပ်ရှိမည်ဖြစ်သည်။ မြင်ကွင်းအကျယ် ၅.၅ လက်မရှိပြီး အမြန်နှုန်း
2.0GHz ရှိသော Octa-core အမျိုးအစား CPU၊ 2GB RAM၊ 32GB Internal Memory
ရှိမည်ဖြစ်သည်။ 13MP နောက်ဘက် ကင်မရာနှင့် 5MP ရှေ့ဘက် ကင်မရာများ
ပါဝင်မည်ဖြစ်ပြီး Android OS 4.4 (Kit-Kat) ကိုထည့်သွင်း ထားကြောင်း
သိရသည်။ ရွှေမင်နှင့် ငွေမင်အရောင် နှစ်မျိုးရှိပြီး SingTech ၏ တရားဝင်
အရောင်းကိုယ်စားလှယ် ဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်သည်။
http://internetjournal.media/new/1915






1 comments:
နေပြည်ပျဉ်းမနား ကိုယ်စားလှယ် ဆိုင်လိပ်စာသိချင်ပါတယ်။
Post a Comment