Facebook က Developer များအတွက် Internet.org ကို အသုံးပြုခွင့်ပေး



Facebook က အင်တာနက် မရရှိသော ကမ္ဘာအနှံ့ရှိ လူသား လေးဘီလီယမ်အတွက် ဆက်သွယ်မှုရရှိစေရန် အစီအစဉ်တစ်ခုအနေဖြင့် Developer များအတွက် Internet.org ပလက်ဖောင်းကို ဖွင့်လှစ်ပေးလိုက်ပါသည်။


စီအီးအို Mark Zuckerberg က App များ ပိုမိုတီထွင်နိုင်ရန် သူ၏ ပလက်ဖောင်းကို Developer များအတွက် အသုံးပြုခွင့်ပေးလိုက်ပြီဟု Video Message တွင် ပြောကြားပါသည်။ ယခင်ကမူ Internet.org သည် အလုပ်၊ ကျန်းမာရေး ၀က်ဆိုက်နှင့် Wikipedia တို့ကဲ့သို့ ၀န်ဆောင်မှုအနည်းငယ်ဖြင့်သာ အလုပ်လုပ်ခြင်း ဖြစ်ပါသည်။


ဝေးလံခေါင်သီသော နေရာဒေသများမှ လူများအတွက် အင်တာနက် ၀န်ဆောင်မှုအချို့ကို အသုံးပြုနိုင်ခြင်း ဖြစ်ပါသည်။ သို့သော် Facebook က Internet.org App မှနေ၍ Premium Data Package များကို ရောင်းချပေးနေပါသည်။


Facebook က Microsoft, Samsung, Qualcomm တို့နှင့် ပူးပေါင်း၍ စီမံကိန်းကို အကောင်အထည်ဖော်နေပါသည်။


Internet.org သည် လက်ရှိတွင် Zambia, Tanzania, Kenya, Ghana, Colombia, India, Indonesia, Guatemala နှင့် Philippines စသည့် နိုင်ငံကိုးခုတွင် အခမဲ့ အင်တာနက်ကို ၀န်ဆောင်မှုပေးနေပြီး ယခုနှစ်ကုန်တွင် နိုင်ငံပေါင်း တစ်ရာအထိတိုးချဲ့ရန် စီစဉ်ထားပါသည်။


Credit ;Digital Life Journal



0 comments:

Post a Comment