မိုဘိုင်း
ထုတ်ကုန်များတွင် Google ရှာဖွေမှုများ ပြုလုပ်သည့် အရေအတွက်သည်
အမေရိကန်နိုင်ငံရှိ တစ်ကိုယ်ရေသုံး ကွန်ပျူတာများတွင် ရှာဖွေမှု ပြုလုပ်သည့်
အကြိမ်ရေထက် သာလွန်သွားပြီ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က Google
သည် ဂျပန်နှင့် အခြားအမည်မဖော်ပြသည့် နိုင်ငံများတွင် တစ်ရက်လျှင်
ရှာဖွေမှု ဘီလီယံဝက်ကျော် ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ၎င်းအရေအတွက်သည် ဆက်လက်
တိုးတက်နေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ Google အနေဖြင့် တစ်လလျှင်
ရှာဖွေမှု ၁၀၀ ဘီလီယံကို မြင်တွေ့နေရကြောင်း Associated Press မှ
ဖော်ပြခဲ့သည်။ ထိုသို့ Google အနေဖြင့် သမိုင်းတင် နိုင်ခဲ့ရခြင်းမှာ
စမတ်ဖုန်းအတွင်း built-in search engine တစ်ခုအဖြစ် ပါဝင်သည့် Android
သုံးစွဲသူများကြောင့် ဖြစ်သည်။ Google ၏မိုဘိုင်း ရှာဖွေမှုများအပေါ်တွင်
အာရုံစိုက်သည့် လုပ်ငန်းသည် အောင်မြင်မှုများ ရရှိနေပြီး ကုမ္ပဏီ အနေဖြင့်
ဧပြီလက ဖုန်းနှင့် tablet များတွင် ရှာဖွေမှု ပြုလုပ်သည့်အခါ မိုဘိုင်းနှင့်
ကြည့်ရှုရာတွင် သင့်တော်မည့် ဝက်ဘ်ဆိုက်များ ဖော်ပြပေးရန် “mobile-geddon”
feature ကိုစတင်ခဲ့သည်။
ထိုသို့ Google က mobile geddon
feature ထည့်သွင်း ပေးလိုက်ခြင်းသည် သေးငယ်သော မျက်နှာပြင်များအတွက်
ဒီဇိုင်းပိုင်း ဖန်တီးထားသည့် ဆိုက်များများကို ဦးစားပေးဖော်ပြ
ပေးမည်ဖြစ်သလို အခြားမိုဘိုင်းဆိုက် မဟုတ်သည့် အရာများကို ရှာဖွေမှုများတွင်
လျှော့ချဖော်ပြ ပေးမည်ဖြစ်သည်။
http://www.internetjournal.media/news/2545






0 comments:
Post a Comment