'' ရန်ကုန် ကို လာခဲ့ပါ ''

-အသက်ပါလွန်းတဲ့ အပြုံးတု တစ်ခု မင်းနှုတ်ခမ်းမှာ တပ်လာပါ.. -ကြွားချက် 9+ တွေကို ပက်ပက်စက်စက် အံ့သြပေးလိုက်ပါ..

-နှိုးစက် သံဗလောင်ဆူလွန်းတဲ့ မနက်အသစ်တွေမှာ အားရှိပါ..
-လူသားဖြင့် အဆင့်မြှင့်ပေါင်းတင်ခန်း Auto ပါတဲ့
Transportation မှာ ဇိမ်ယူပါ..
-ဟွန်းသံတညံညံ လမ်းမဖက်မှာ မင်းပိုင်တဲ့ အပြားတခုကို အပီအပြင်ပွတ်ရင်း ဖြတ်သန်းပါ..
-သံပတ်ပေးထားတဲ့ သက်ရှိတွေကြားမှာ မင်းနှလုံးသားလည်း battery အားသွင်းထားပါ.. . .
-ကူညီသယောင်နဲ့ ဘီးတပ်ပေးထားတာတွေကို အဆင်းတိုင်းမှာ သတိရပါ.. . .
-ရုံးဆင်းချိန်ထဲမှာ Traffic Jung ကို ထည့်ပေါင်းပါ.. .
-ဘာစားစား ဈေးမေးပီးမှ စားဖို့ မရှက်တက်အောင် လေ့ကျင့်ပါ..
-ပိုက်ဆံ အိပ်ထဲက လက်ကျန်ငွေ ကို အပျင်းပြေ ထိုင်ရေနေပါ..
-လူတွေအများကြီးရှိပေမဲ့ မင်းတယောက်တည်း ဆိုတာ မှတ်ထားပါ.. . ..
-အရင်းနှီးဆုံးဆိုတဲ့လူတွေမှာ မင်းနောက်ကျောကို ထိုးဖို့အသင့်ဖြစ်နေတဲ့ ဓါးတချောင်း အမြဲရှိတာ မမေ့နဲ့.. . ..
-ဆားအုန်းဆီ အချိုမှုန့်တောမှာ မင်းကျန်းမာရေးကို ပုဂ္ဂလိက ဆေးရုံတွေအောက် လက်နက်မချမိအောင် ဆင်ခြင်ပါ.. . ..
-အချစ်= sex နဲ့ ခေတ်= အရက် ဆိုတဲ့ ဣတ္ထိယ တွေရဲ့အလှဟာ မိတ်ကပ်လိမ်းထားတုန်း ခဏဆိုတာ မှတ်ထားပါ..
-ဦးတေဇ သားသမီးစတိုင်နဲ့ ဂျေမီပြောသလို ကောင်းတာတွေစား/ ကောင်းတာတွေဝတ်နေတဲ့သူတွေ တွေ့ရင် အယုံမလွယ်ကြေးနော့.. . ..
-ကျောတချစာ တိုက်ခန်းကျဉ်းလေးတွေထဲမှာ အသက်ဝအောင်ကြိုးစားရှူတက်ဖို့ လေ့ကျင့်ခဲ့ပါ.. .
-လဆန်းရက်တွေမှာ အသေလန်းမိရင် လကုန်ရက်တွေမှာ အသေဂွမ်း မှာကိုလည်း သတိပြုပါ..
-ရင်ထဲက စိတ်ရင်းအတိုင်း ပြောချင်တဲ့ စကားမှန်သမျှ လူမသိအောင် မြိုချ ပါ.. .
-ဒုက္ခ ကြုံသမျှ ဟာသ လုပ်တက်အောင် ကျင့်ကြံပါ.. . ..
-နောက်ဆုံး တနေ့တာနွမ်းသမျှ ရီချလိုက်
ပြီးတော့ ရေချိုး အသေကျိုးပေတော့
စိတ်သာချ..
မနက်ဖြန် လည်း မင်းနှိုးစက်က မြည်အုံးမှာ.. . .
အဲ့ဒီတော့ မင်း''ရန်ကုန်ကို လာခဲ့ပါ'' ..
credit by Show Show

0 comments:

Post a Comment