Write Protect ဖြုတ်ဖို့ နည်းလမ်းစုံသွားပြီလား


Facebook မှ အိုင်တီ မုဆိုး ရဲ့ ပို့စ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ... ဒီပြဿနာ ဖြေရှင်းတဲ့ နေရာမှာ တချို့ ကွန်ပြူတာတွေက Registry  Editor မှာ  Storage Device Policies နဲ့ Write Protect ပါမလာတတ်ပါဘူး .. အဲ့ဒီပြဿနာကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်...။ 

ဒီရက်ပိုင်းအတွင်း အတွေ့ရအများဆုံးပြဿနာကတော့ USB/SD card/Flash Drive တွေမှာ Write Protect ဖြစ်နေတဲ့ပြဿနာတွေပါပဲ ..

ဒီလိုပြဿနာမျိုးတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုလည်း နည်းပညာဘလော့တွေမှာ မျှဝေဖော်ပြထားတာတွေ့ရပါတယ် ..

CMD ကနေ Dos command တွေရိုက်ထည့်ပြီး ဖြေရှင်းတဲ့နည်း

Registry Editor ကနေ Write Protected value ကို (0) ပြောင်းတဲ့နည်း (ကျွန်တော့်နည်းက ဒီနည်းနဲ့ တွဲပြီး ဖြေရှင်းရပါတယ်)

ဆော့ဝဲအသုံးပြုပြီး Written protect ON တဲ့နည်း

အဲဒီလိုနည်းလမ်းတွေအပြင် တခြားကျွန်တော် မလေ့လာဖြစ်သေးတဲ့ နည်းလမ်းတွေလည်း အစုံအလင်ရှိနေမှာပါပဲ ...

ဒါပေမယ့် တချို့ပြဿနာတွေကျတော့ ပိုင်ရှင်ရဲ့ မကျွမ်းကျင်မှုကြောင့်ပဲဖြစ်ဖြစ်၊ မမြင်တွေ့နိုင်တဲ့ Error တစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုမှ ဖြေရှင်းလို့ မရတဲ့အခါမျိုးတွေ ကြုံရတတ်ပါတယ်


ကျွန်တော်လည်း အဲဒီလိုဖြစ်နေတဲ့ Storage Device တော်တော်များများကို ကြုံတွေ့ခဲ့ဖူးပါတယ် ..

အဲဒီလို လွယ်ကူထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းပေမယ့် Write Protect ဖြုတ်လို့မရတဲ့ Storage Device တွေကြုံလာရင် ကျွန်တော်ဘယ်လို ဖြေရှင်းတယ်ဆိုတာလေးကို မျှဝေပေးချင်ပါတယ်ဗျာ

ကဲ .. ပထဆုံး အဲဒီလိုပြဿနာဖြစ်နေတဲ့ Storage Device လေးကို ကွန်ပြူတာမှာ တပ်ဆင်လိုက်ပါ

ပြီးရင် Run မှာ regedit လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. Prompt တက်လာရင် Yes ကိုပေးပါ

Registry Editor ပွင့်လာတဲ့အခါ .. HKEY-LOCAL-MACHINE ကိုနှိပ်ပါ

ကျလာတဲ့ထဲက SYSTEM ကိုနှိပ်ပါ ကျလာတဲ့ထဲက Current Control Set ကိုနှိပ်ပါ ..

ကျလာတဲ့ထဲက Control ကိုနှိပ်ပါ .. ကျလာတဲ့ထဲက Storage Device Policies ကိုနှိပ်ပါ ..

အဲဒီအခါ ညာဖက်မှာပေါ်လာတဲ့ WriteProtect ကို Double ကလစ်နှိပ်လိုက်ရင် တက်လာတဲ့ Box လေးထဲက အပြာရောင်နဲ့ချယ်ထားတဲ့ 1 ဆိုတာလေးကို လို့ ပြောင်းရိုက်ပေးပြီး OK နှိပ်လိုက်ပါ (တစ်ခါတစ်ခါတော့( 0 ) ဖြစ်နေပြီးသားမျိုး ကြုံရတတ်ပါတယ်) ...

တော်တော်များများကတော့ ဒီအဆင့်မှာပြီးသွားရင်ပဲ .. ကိုယ့်ရဲ့ Write protect ဖြစ်နေတဲ့ Drive ပေါ်မှာ Right ကလစ်နှိပ် .. ပေါ်လာတဲ့ထဲက Format လေးကိုနှိပ်ပြီး OK .. OK နဲ့သွားလိုက်ရုံနဲ့တင် အဆင်ပြေသွားတာ များပါတယ် .. တစ်ကယ်လို့ ဒီအဆင့်မှာတင် အဆင်မပြေသေးဘူးဆိုရင် အောက်က အဆင့်တွေကို ဆက်လုပ်ပေးလိုက်ပါ

Desktop ပေါ်က My Computer ဆိုတဲ့ icon လေးပေါ်မှာ Right ကလစ်နှိပ်လိုက်ပါ

ပေါ်လာတဲ့ Drop down table ထဲက manage ဆိုတာလေးကို နှိပ်ပေးလိုက်ပါ .. Admin Prompt တက်လာရင် Yes (ဒါမှမဟုတ်) OK ပေးလိုက်ပါ .. အဲဒီအခါ အောက်ကပုံအတိုင်း Computer Management Box လေးပွင့်လာပါမယ် ..


အဲဒီထဲက Disk Management ကိုနှိပ်ပေးလိုက်ရင် ခဏလောက် Loading လုပ်ပြီးတဲ့အခါ အောက်မှာပြထားတဲ့အတိုင်း တက်လာပါမယ်



အဲဒီထဲက ကိုယ် manage လုပ်မယ့် Device ပေါ်မှာ Right ကလစ်နှိပ်ပြီး ပေါ်လာတဲ့ထဲက Change Drive letter and paths ဆိုတာလေးကို ရွေးပေးလိုက်ပါ .. ကျွန်တော်ကတော့ J ဆိုတဲ့ ကျွန်တော့်ရဲ့ USB ကို ပြင်မှာမို့ J ပေါ်မှာ Right ကလစ်နှိပ်ပြီး Change Drive letter and paths ကို နှိပ်လိုက်ပါတယ် .. အဲဒီအခါ အောက်ကပုံအတိုင်း တက်လာပါမယ်



 ပေါ်လာတဲ့ Box ထဲက (1) Change ဆိုတာလေးကို နှိပ်ပေးလိုက်ရင် နောက်ထပ်ပုံလေး တက်လာပါမယ် ..

အဲဒီထဲကမှ ကျွန်တော် အနီရောင်နဲ့ ဝိုင်းပြထားတဲ့နေရာ (2) ကို နှိပ်လိုက်ရင် Drop down Box လေးကျလာပါမယ် .. အဲဒီထဲက ကိုယ်ပြောင်းချင်တဲ့ Drive letter လေးကို ရွေးနှိပ်ပေးလိုက်ပါ .. ကျွန်တော်ကတော့  J  ကနေ  I  အဖြစ်ပြောင်းမှာမို့  I  ကို ရွေးလိုက်ပါတယ် .. ပြီးရင်တော့ (3)  OK ကိုနှိပ်လိုက်ပါ ....


အပေါ်ကအဆင့်တွေအားလုံး ပြီးသွားပြီဆိုရင်တော့ နည်းပေါင်းစုံနဲ့ တင်းခံလာခဲ့တဲ့ Storage Device ကို Format ချလို့ ရသွားပြီ ဖြစ်ပါတယ် .. အဆင်ပြေကြပါစေဗျာ

IT ချစ်မြတ်နိုးသူတိုင်းကို လေးစားချစ်ခင်လျှက်

အိုင်တီမုဆိုး

8 comments:

ဒီပို့(စ်) လေးကို ပြန် Share ပေးနိုင်ရန်အတွက် ကူးယူသွားပါတယ်ခင်ဗျာ ။
ကျေးဇူးတင်ပါတယ်.....
www.itguidemyanmar.co.cc

ကျေးဇူးပဲအကိုရေ

အကိုရေ Change Drive letter and paths ဆိုတဲ့ စာတန်းဖြူနေ တယ်နှိပ်လို့ မရဘူး။ ကူညီပါအုံးနော်။

ကိုဝင်း ခင်ဗျာChange Drive letter and paths ဆိုတဲ့ စာတန်းဖြူနေ တယ်နှိပ်လို့ မရဘူးဖြစ်နေတယ် ဘယ်လိုလုပ်ရမှာလဲခင်ဗျာ

ဟုတ်တယ်ခင်ဗျ... ဘယ်လိုမှနှိပ်မရဘူးဗျို့ ကြံကြပါအုံး.............

အင်းကွာ..စောက်ကြောကတင်းချင်အုံး..ကဲဘာတတ်နိုင်သေးလဲခု..ဟွဟွ

အိပ်ရေးပျက်ညတွေကများနေပြီ..ဒီနည်းလေးနဲ့ဘဲအဆင်ပြေတော့တယ်ဗျာ..ကျေးဇူးတကယ်တင်တယ်

ကျွန်တော့် PC က USB အပေါက်တွေတစ်ခုမှအလုပ်မလုပ်လို့ ကူညီပါအုံးဗျာ။

Post a Comment