iOS 6 ကို Jailbreak လုပ်ခြင်း (UPDATE)





iOS 6 Jailbreak ကို Redsn0w ၏ Devloper tool နှင့် Jailbreak လုပ်ပုံကို ကနဦး ဖော်ပြပေးခဲ့ပြီးပါပြီ၊ ဒါပေမယ့် Cydia ကို Manual Install လုပ်ကြရတဲ့ အတွက် Host File ကို ကိုင်တွယ် အသုံးပြုရာမှာ အဆင်မပြေသူ တော်တော်များများ ရှိခဲ့ပါတယ်။ 
ယခု အသစ်ထပ်မံ ထွက်ရှိလာတဲ့ Redsn0w 0.9.15b1 ကတော့ အရင် Jailbreak လုပ်တဲ့ ပုံစံအဆင့် အတိုင်း iOS 6 ကို လွယ်ကူစွာ Jailbreak လုပ်နိုင်ပါလိမ့်မယ်... 

Redsn0w 0.9.15b1 ဟာ iPhone 4, iPhone 3GS, iPad 1 နှင့် iPodTouch 4G တို့ မှာသာ iOS 6 ကို Jailbreak ပြုလုပ်ပေးနိုင်ပါလိမ့်မယ်... 

>> Redsn0w 0.9.15b1 ( Mac , Windows ) 

RedsnOw For Windows


RedsnOw For Mac OS

လုပ်ငန်းစဉ် 

အဆင့် ၁) 
သင့် iDevice ကို PC နှင့် ချိပ်ဆက်ထားပြီး DFU mode သို့ ပြောင်းပါ။
DFU Mode ပြောင်းရန်

၁. iDevice ကို computer နဲ့ ချိပ်ဆက်ပါ။

၂. iDevice ကို Power OFF ပါ။

၃. Power + Home button ကို တွဲလျှက် ၁၀စက္ကန့်  နှိပ်ထားပါ။

၎. Power button ကို လွှတ်လိုက်ပါ Home button ကိုတော့ PC မှ အချက်ပေးသံ ထွက်လာသည်အထိ ဆက်လက်ဖိထားပါ ( ၁၀စက္ကန့် မျှ)။ Black screen သာပေါ်နေပါမည်။

၅. အချိန်အနည်းငယ် အကြာမှာ iTunes က Device ကို Detect သိပါလိမ့်မည်။ (iTunes ကို ပိတ်ပစ်နိုင်ပါသည်) 

အဆင့် ၂)
Redsn0w 0.9.15b1 ကို Run လိုက်ပြီး "Jailbreak" button ကို နှိပ်ပါ။ 

အဆင့် ၃)
“Please select your options” တွင် "Cydia" ကိုရွေးပြီး "Next" နှိပ်ပါ။ Jailbreak လုပ်နေပါပြီ အချိန်အားဖြင့် ၅မိနစ်ခန့်  ကြာပါလိမ့်မည်။ 

အဆင့် ၄)
Jailbreak လုပ်ပြီးသွားသော အခါ Home screen ကို ပြန်လည် ရောက်သွားပါမည်။ Cydia ကို မြင်ရဦးမည် မဟုတ်သေးပါ။ နောက်ထပ် တစ်ကြိမ် DFU Mode ပြန်ဝင်ပါဦး။ 

အဆင့် ၅)
Redsn0w ၏ Main Page ကို ပြန်သွားပြီး ယခုတစ်ခါ "Extras" ကို နှိပ်ပြီး "Just boot" ကို နှိပ်ပေးလိုက်ပါ။
Tether boot ပြန်လုပ်ပြီးသွားပါက Home screen ကို ပြန်ရောက်သွားပြီး "Cydia" ကိုလည်း တွေ့ ရပါပြီ။
ဒါဆိုရင်တော့ iOS6 ကို Jailbreak လုပ်ခြင်း အောင်မြင်စွာ ပြီးဆုံးသွားပါပြီ.... 




iOS 6 အတွက် မြန်မာကီးဘုတ် 

Cydia ၏ Sources -> Edit -> Add -> http://cydia.macforus.com ကို သွင်းပြီး မြန်မာကီးဘုတ် ရယူပါ။ 



1 comments:

iphone 5 ,ios 6.0.2 jailbreak လုပ်နည်းလေး၊မြန်မာဖောင့်ထည့်ချင်လို့
ကူညီပါအုန်း။ ကိုဝင်းကမ္ဘာကျော်ကြီးရေ
harris.kyawkoko@gmail.com

Post a Comment