Recycler (or) Copy of shortcut to Virus ရှင်းပေးမယ့် Simple Cmd Program (လူတိုင်းဖတ်ပါ၊လူတိုင်းဆောင်ထားပါ)


ယခင်တုန်းကတော့ ကွန်ပျူတာ Virus ဆိုတာ ကွန်ပျူတာထဲကို ၀င်ရောက်လာပြီဆိုတာနဲ့ ကွန်ပျူတာကိုနှေးအောင်လုပ်မယ်..ပီးရင်TaskManager , Run Box, Folder Options အစရှိတာတွေကိုသုံးမရ အောင်ပိတ်ပစ်မယ်.ပီးရင် Windows OS တစ်ခုလုံးကို ဖျက်ချပစ်မယ်.ဒီလိုမျိုးတွေချည်းပါဘဲ..၂၀၁၀ လောက်ကနေစပြီး ယခုအချိန်ထိမှာ ထွက်ပေါ်လာတဲ့
Virus တွေကတော့ အပေါ်ကပြောခဲ့သလို မျိုးတွေမဟုတ်တော့ပါဘူး...USB Stick တွေထဲကနေ ပါလာတယ်..ပီးရင် ကွန်ပျူတာရဲ့ Registry အပိုင်းမှာ autorun.inf ဆောက်ပြီး ကွန်ပျူတာတစ်ခုလုံးမှာ
ရှိတဲ့ Program တွေအကုန်လုံးဆီကို သူ့ရဲ့ အဖျက်အမှောင့် Code တွေကို ထည့်ပေးလိုက်တယ်....အဲဒီလို
ဖြစ်နေတဲ့ ကွန်ပျူတာဆီကို လာထိုးတဲ့ Stick တိုင်းကို အပေါ်ပုံမယ်ပြထားသလို Copy of shortcut to (1 to 4) နဲ့ RECYCLER ဆိုတဲ့ သူ့ရဲ့ Virus ကိုယ်ပွားဖိုင်တွေ ကူးစက်သွားစေတယ်..အဲလို ကူးစက်ခံရတဲ့ USB Stick က အခြားကွန်ပျူတာမယ် ထိုးလိုက်မယ်ဆိုရင် ဒီ Virus တွေကတော့ ပြန့်သွားမှာပါဘဲ..Antivirus နဲ့စစ်လိုက်ရင်လည်း Virus ရာကျော်.ထောင်ကျော် မိပါတယ်ဆိုပြီးပြတယ်..အမှန်တော့ ကွန်ပျူတာတစ်ခုလုံးမှာရှိတဲ့ Program မှန်သမျှကို Virus Code ထိထားတဲ့အတွက် Antivirus က Program မှန်သမျှကို Virus လို့သတ်မှတ်ပြီး သတ်နေတော့တာပါဘဲ..သတ်လို့ကုန်သွားပြီဆိုရင်တော့ ကိုယ့်ကွန်ပျူတာထဲမယ်ရှိတဲ့ Program တွေလဲ တစ်ခုမှသုံး၇တော့မှာမဟုတ်ပါဘူး...တစ်ခါတစ်လေ Update မလုပ်ထားတဲ့ Antivirus တွေကိုတောင်မှ သုံးမရတော့လောက်အောင် လုပ်ပစ်ပါသေးတယ်။ လူတိုင်းကတော့ Windows ပြန်အသစ်တင်လိုက်ရင်ကောင်းသွားပါတယ်လို့ပြောကြလိမ့်မယ်..ဒါပေမယ့် လုံးဝမှားယွင်းပါတယ်..ဘာလို့လဲဆိုတော့ သင့်ကွန်ပျူတာမှာ C , D , E ဆိုပြီး ရှိတယ်ဆိုရင်.. Windows ပြန်တင်တာ C မှာဆိုပါစို့.... ဒီ Copy of shortcut or Recycler Virus က ကွန်ပျူတာတစ်ခုလုံးကိုကူးစက်တာဖြစ်တဲ့အတွက် ကျန်တဲ့ D နဲ့ E အပိုင်းကို သေချာပေါက်ဝင်နေမှာပါ..Windows တင်ပြီးကာစမှာ ကျန်တဲ့ D နဲ့ E ထဲက Program တစ်ခုကို သွား Run ကြည့်ပါလား... Happy Birthday လို့အော်ပြီး Virus တွေ ထ 'က' နေကြဦးမှာ အမှန်ပါဘဲ..:P ဒီတော့ လိုရင်းဘဲပြောပါတော့မယ် တကယ်လို့များ သင့်ရဲ့ Memory Stick ထဲမှာ အထက်ဖော်ပြပါ ပုံထဲမှာလို Copy of shortcut to 1 to 4 and RECYCLER လိုဖိုင်တွေများတွေ့ခဲ့ပြီဆိုရင် အခုကျနော် တင်ပေးထားတဲ့ Simple Cmd Program ကို Run လိုက်ပါ..ပီးရင် စက်က အလိုလို Restart ကျသွားပါလိမ့်မယ်..စက်ပြန်တက်လာတာနဲ့ Stick ထဲမယ်ရှိတဲ့ RECYCLER ဆိုတဲ့ Folder ကိုဖျက်ပစ်လိုက်ပါ..ပီးရင် စိတ်ချရတဲ့ Antivirus တစ်ခုခုနဲ့ ကွန်ပျူတာတစ်ခုလုံးကိုရော မိမိ Stick ကိုပါစစ်ဆေးပါ။ ဒီလိုဆိုရင် Program တွေကို ပြန်တင်ရတဲ့ ဒုက္ခ ကင်းသွားပါလိမ့်မယ်ခင်ဗျာ..အားလုံးဘဲအဆင်ပြေရင် ကွန်မန့်လေးတွေမြင်ချင်ပါတယ်နော်...........။

Download Link ====> Ziddu . Mediafire . 2Shared . 4Shared. Zippyshare

17 comments:

ကျေးဇူးကမ္ဘာ........

ကျေးဇူးပါဗျာ..ရှဲရှဲ

သူရ

ကျေးဇူးတင်ပါတယ်။

ကျေးဇူးပဲ အကို ရေ .... ယူသွားပြီနော်

ကျေဇူးအထူးတင်ပါတဲ့ လေးစားလျက်ပါ။

ကျေးဇူးတင်ပါတယ်

လင့်တွေ သေသွားပြီထင်တယ် ဒီဆော့ဝဲလေး ရထားတဲ့သူတွေ sumlachann@gmail.com ကို ပို့ပေးပါလား ကို ၀င်း ကိုလည်း အပူမကပ်ချင်တော့လို့ပါ။ ကျေးဇူး မမေ့ပါဘူး။

အစ်ကိုရေ
Simple Cmd Program ကို Run လိုက်တော့ ညီမရဲ့ computer က window တက်ရင် black screen က မိနစ် ၂၀ လောက်နေပြီးမှ window တက်လာတာ။ ဘာဖြစ်လို့လဲ မသိဘူး။ ဘယ်လိုလုပ်ရမယ်ဆိုတာ ကူညီပေးပါဦး။

ကျေးဇူးပါ။addressလးလမ်းညွှန်ပါရစေ။

ဒီကောင်က window ပြန်တက်လာရင်မတွေ့တော့ဘူး၊Ok ပေါ့၊Folder Option မှာမူလက Show hidden file ဖော်ထားတာက window လည်းပြန်တက်လာရော Hiddeen file ပြန်ဖြစ်နေတယ်၊ဒါနဲ့ ဖိုင်ပြန်ဖော်တာပေါ့ Ok ရှင်းသွားပြီးပေါ့။စတစ်လေးကိုလည်း အဲဒီအတိုင်းရှင်းလိုက်တယ် ပြီးဖိုင်တွေပြန်ယူပေါ့၊ဒီမှာတစ်ချို့ဖိုင်တွေ Show hidden file ဖော်ထားတဲ့ကြားက မတွေ့ရတော့ဘူး၊နေရာတော့ယူထားတယ်။Show hidden အောက် ၃ ကြောင်းမြောက် Hide Proteted ကိုအမှန်ခြစ်ဖြုတ်လိုက်မှ သူကရှိနေတယ်။ဖိုင်တွေပြန်ယူချင်လည်းရတယ် ဒါပေမဲ့ ဖွင့်ပြီးတာနဲ့ ကွန်ပျူတာတစ်လုံးလုံးကို ပြန်ကူးစက်သွားတယ် သူကကြာလာတာနဲ့အမျှ ဟဒ်ဒစ်ကကောင်းနေလည်း မကောင်းတော့ဘူး ဖိုင်တွေဆယ်ပါဆိုပြီး ၀င်းဒိုးဖွင့်ရင် F1 နဲ့ကျော်နေရတယ် တစ်မိနစ်ခြားတစ်ခါလောက်ဝင်းဒိုးက Error ပို့နေတယ်။Smadav နဲ့စစ်လိုက်တော့ သူ Hide လုပ်ထားတာတွေက တစ်ကယ့်နေရာတွေမှာဘဲ။ဒီအချိန် Antivirus တင်လည်းတင်လို့မရဘူး၊ရလည်းကောင်းစွာအလုပ်မလုပ်ဘူး၊ဒီကောင်က Computer တင်မဟုတ်ဘူး Mobile ဖုန်းမှာပါနောက်ကွယ်ကနေ မဟုတ်တဲ့ comment တွေကိုယ့်အရောင်ဆောင်ပြီးပေးတယ် ဆက်သွယ်တယ် အထူးသဖြင့်နက်မှာ ကိုယ်အသုံးပြုတဲ့ဆိုက်တွေ မသုံးတဲ့ဆိုက်တွေဆီက ကိုယ့်အကောင့်နဲ့ အခွင့်အရေးတွေယူပြီး သူအဲဒီဆိုက်တွေကို အကြောင်းပြန်တဲ့အခါ ဆဲဆိုရန်ပြုတဲ့စကားတွေနဲ့ အကြောင်းပြန်တယ် သူယူသွားတာတွေက developerဆိုက်တွေက တကယ့်ဟာတွေယူသွားပြီး တစ်ဖက်ကနောက်ကြောင်းလိုက်လို့မရဘူး google လိုမျိုးတောင်မှလိုက်လို့မရဘူး google ကမင်း developer လားသူတို့ဆိုက်မှာ လာပြပေးပါပေါ့ နောက်တစ်ခြားသူတွေ မိန်းကလေးတွေရဲ့အကောင့်တွေ လိုက်ဟက်တယ် သတင်းတွေရောင်းစားတယ်ပေါ့ ဒါတွေက google ကပြောတာတွေ ဒါတစ်ချို့တစ်ဝက်ပဲရှိသေးတယ်၊မိမိရဲ့အကောင့်ဖွင့်ပြီးရင် အောက်က Privacy&Trems မှာဖတ်ကြည့်ပေတော့ အဲဒီမှာကိုယ့်အကြောင်းကို အကုန်ရေးထားတယ်၊မိုဘိုင်းဖုန်းမှာဆို window ကို virtual window လုပ်ထားပြီးကိုယ့်ကို ဟက်ထားနိုင်တယ်။ အဲဒီကောင်ကိုနှိမ်နင်းနည်းသို့ ဆော့ဝဲလေး မျှဝေပေးပါခင်ဗျှာ။တစ်မြို့လုံးလည်းပျံနှံနေလို့ပါ။ကျေးဇူးအထူးတင်ပါသည်။

အစ်ကိုရေ ကျွန်တော့်ကွန်ပျူတာက ဖွင့်လိုက်တာနဲ့ destop icon တွေမရှိတော့ဘူး
ဘယ်လိုဖြေရှင်းရမလဲ။အခု taskmanger ကနေ new task နဲ့သွားနေရတယ်
ဖြေရှင်းပေးပါအုံး ကျေးဇူးတင်လျှက်

Destop ပေါ်မှာ Right Click >> View > Show Desktop Icon ကို အမှန်ခြစ်တပ်ပေးလိုက်ပါ....။

ဒေါင်းလွတ် မရဘူးဖြစ်နေတယ်။ ကျွန်တော် ကွန်ပျူတာ မှာ C နဲ D က shoutcut မပွားဘူး။ stick နဲ Hardise ထိုးလိုက်ရင် shoutcut တွေ ဖြစ်သွားတယ်။ စက်လည်းလေးလာတယ် stick နဲ Hardise ကို မသုံးရဲ တော့ဘူးဖြစ်နေတယ် နောက်ကြာလာရင် C နဲ D မှာပါ ဖြစ်မလားမသိဘူး အစ်ကို လား အစ်မ လား မသိဘူး ကူညီပါအုံး။

ကျေးဇူးပါ အစ်ကို ညီလေးကို အစ်ကို ဝင်းကမ္ဘာကျော်ရဲ့ ဆိုဒ်မှ အကြောင်းအရာ တစ်ချို့ကို ပြန်လည်မျှဝေခွင့်ပြုပေးပါလို့
တောင်းဆိုပါရစေ

ကျေးဇူးပါ အစ်ကို ညီလေးကို အစ်ကို ဝင်းကမ္ဘာကျော်ရဲ့ ဆိုဒ်မှ အကြောင်းအရာ တစ်ချို့ကို ပြန်လည်မျှဝေခွင့်ပြုပေးပါလို့
တောင်းဆိုပါရစေ

Post a Comment