Ready Boosts Options In Windows 7 Using With Flash Drive


မေး  အစ်ကို It Helper ခင်ဗျား…Windows 7 မှာ Built In ပါတဲ့ Ready Boosts System ဆိုတာ ဘာကိုဆိုလိုတာလဲခင်ဗျာ..ပြီးတော့ ဘယ်လိုအသုံးဝင်တယ်ဆိုတာ အစ်ကိုသိမယ်ဆို ရင်ပြောပြပေးပါ။ (ထက်နိုင်လင်း - ရန်ကုန်)

ဖြေ Ready Boosts System ဆိုတာ Windows 7 မှာ Built In ပါလာတဲ့ ကွန်ပျူတာမြန်နှုန်းကို မြှင့်တင်ပေးနိုင်မယ့် နည်းစနစ်သစ်တစ်ခုဖြစ်ပါတယ်။ သူ့ကို ဒီအတိုင်းအသုံးပြုလို့မရပါဘူုး..နေရာလွတ်တော်တော်များများ အနည်းဆုံး 2GB ပမာဏရှိတဲ့ Memory Stick နဲ့တွဲဖက်ပြီး အသုံးပြုရတာပါ..ဘယ်လိုအခြေအနေမျိုးမှာ အသုံးပြုရသလဲဆို ရင်.. ကွန်ပျူတာဟာ Program တစ်ခုကြောင့် လေးလံလာတဲ့အခါ..ဂိမ်း..ဒါမှမဟုတ် အခြားအလုပ်တစ်ခုခုလုပ်နေတဲ့အခါကွန်ပျူတာMemoryမနိုင်ဘဲလေးလံလာတဲ့အခါမျိုးတွေ
မှာအသုံးပြုနိုင်ပါတယ်။ အရှင်းဆုံးပြောရရင် ကွန်ပျူတာမှာ နဂိုစိုက်ထားတဲ့ Memory အတွက် နောက်ထပ် Stick ထဲမှာရှိတဲ့ Memory ပမာဏ ထပ်ပေါင်းပေးလိုက်တာပါ။ ဥပမာ မိမိကွန်ပျူတာမှာ စိုက်ထားတဲ့ Memory က 1GB ဆိုပါစို့..မိမိ Ready Boosts လုပ်လိုက်တဲ့ Memory Stick က 2 GB ရှိမယ်ဆိုရင် စုစုပေါင်း 2.75 GB လောက်နဲ့ ညီမျှတဲ့ အမြန်နှုန်းကို
ရရှိမှာပါ။ ဒါကတော့ Ready Boosts သဘောတရားပါဘဲခင်ဗျာ။ မသိသေးသူအများအတွက်
အသုံးပြုနည်းကိုပါ တစ်ခါတည်းပြောပြပေးလိုက်ပါတယ်..သိပြီးသားသူများအတွက်လဲ ဝေဖန်အကြံပြုချက်များကို အများကြီးကြိုဆိုနေပါတယ်ခင်ဗျာ။ mailserver.npt@gmail.com

အသုံးပြုပုံ
မည်သည့်ဖိုင်မျှရှိမနေတဲ့ Memory Stick 2 GB တစ်ချောင်းကို ကွန်ပျူတာမှာတပ်ဆင်လိုက်ပါ My Computer ထဲသို့ဝင်ပြီး က ၄င်း Stick ပေါ်သို့ Right Click >>Properties ခေါ်လိုက်ပါ။ ပြီးရင် ReadyBoost ဆိုတာကိုရွေးချယ်ပေးပါ။ ဒီနေရာမှာ မိမိအသုံးပြုထားသည့် Memory Stick က Data ရွှေ့ပြောင်းနှုန်းမြန်ရပါမယ်..၊ ၄င်း Stick ထဲမှာလည်း ဘာ Data မှရှိမနေရပါ ဘူး..တစ်ချို့သော Stick များသည် အထဲမှာ ဘာ Data မှ ထည့်မထားသော်လည်း.. Stick ရဲ့ Data ရွှေ့ပြောင်းနှုန်း နှေးသည့်အတွက် အောက်ပါပုံအတိုင်း Error တက်လာတတ်ပါတယ်..

ဒါဆိုရင်တော့ အသုံးပြုလို့ရမည်မဟုတ်ပါ။ဒါကြောင့် Stick ၀ယ်တော့မယ်ဆိုရင် စမ်းသပ်ပြီးမှ..ဒါမှမဟုတ် ReadyBoost လက်ခံတဲ့ Stick ရဲ့ ပုံစံတူ တံဆိပ်တူ Stick များကိုသာ ရွေးချယ် ၀ယ်ယူခြင်းသာ အကောင်းဆုံးပါ။

Data ရွှေ့ပြောင်းနှုန်းမြန်သည့် Stick တွေမှာတော့ အောက်ပါပုံအတိုင်း တန်းတက်လာပါ တယ်။

Use this device ကိုရွေးချယ်ပေးလိုက်ပါ။ မိမိတပ်ဆင်ထားတဲ့ Stick က 2GB ပမာဏရှိတယ်ဆိုရင် ပုံမှာပြထားတဲ့အတိုင်း 1500 MB လောက်အထိ တိုးလိုက်ပါ။ တပ်ဆင်ထားတာက 4GB ဖြစ်တယ်ဆိုရင် 2000MB လောက်အထိဘဲအများဆုံးမြှင့်ပေးပါ ။ ဒီ့ထက်ဆက်မြှင့်ဖို့ရာအတွက် မသင့်တော်တော့ပါ။ ပြီးရင် Apply >> OK ပေးပြီး မိမိကွန်ပျူတာရဲ့မြန်နှုန်းကို အန္တရာယ်ကင်းကင်းဖြင့် မြှင့်တင်နိုင်ပြီဖြစ်ပါတယ်။

2 comments:

brother thanks you very much
i always take from here

brother thanks you very much
i always take from here

Post a Comment