yu wah: Window 7 HP Tools (E:) ကနေ ဒစ်ပြည့်ခါနီးမို့ ကလင်းပါဆိုပြီး စာတမ်းပေါ်ပေါ်လာတယ်။ HP Tools (E:) ကို ကွန်ပြူတာထဲမှာ ၀င်ကြည့်တော့ အနီရောင်အတန်းကြီးဘဲတွေ့ရတယ်။ ဘယ်လို ကလင်းရမှန်းလဲ မသိဘူး။ ကူညီပါအုံး။
There is no problem with having that drive close to full, you just need to disable the message:
မေးတာ မပြည့်စုံပါဘူး နောက်တခါမေးရင် ပြည့်စုံအောင်ရေးပြီးမေးပေးပါ... ကွန်ပြူတာတိုင်းမှာ Error တစုံတရာ တတ်ရင် ဘာ့ကြောင့်ဖြစ်တယ် ဘာလိုနေလို့ပါ ဆိုတဲ့ Message လေးတွေနဲ့ ပြတတ်ပါတယ် အဲ့ဒီ Message လေးတွေကို ကူးပြီး မေးနိုင်ပါတယ် ... သိရင် အဖြေရှာလို့ရရင် အခုလို အများဗဟုသုတရအောင် ပို့စ် အဖြစ်ပြန်တင်ပေးလိုက်ပါ့မယ်... ကျေးဇူးတင်ပါတယ်....။
Start > Run မှာ regedit ရေးထည့်ပြီး Enter ခေါက်ပါ... Registry Editor တတ်လာရင် အောက်က အဆင့်အတိုင်း သွားပါ...
HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\CurrentVersion\Policies\Explorer
Explorer ကို Right click > New > DWORD (32bit) Value ကိုနှိပ်ပါ... စာရေးဖို့ နေရာလေးပေါ်လာရင် ....
ဒီစာကြောင်း
NoLowDiskSpaceChecks
လေးကိုရေးထည့်ပေးပြီး Enter ခေါက်လိုက်ပါ...။
သူ့ကို Double click နှိပ်ပြီး Value ကို (1) ရေးပြီး OK ပေးလိုက်ပါ...။
Registry Editor Box ကိုပိတ်ပြီး Restart ချပေးလိုက်ပါ... (သို့) Log Off ပြီး Login လုပ်ပေးလိုက်ပါ..။
ဒါဆိုရင် Low Disk Space ဆိုတဲ့ Notification Message ကိုမတွေ့ရတော့ပါဘူးခင်မျာ...။
အဆင်ပြေပါစေ...
ဝင်းကမ္ဘာကျော်
Credit: http://www.addictivetips.com
2 comments:
လေ့လာသွားပါတယ် အကိုရေ မဖြစ်ဘူးပေမယ့် ဖြစ်လာရင်ဆိုတဲ့ အတွေးနဲ့ပေါ့
နည်းပညာ ပို့စ်တွေ အတွက် လေးစား အားပေးခဲ့ပါတယ် အကိုရေ
Peachtree Accounting Software လေးရှိရင် ကျေးဇူးပြုပြီး တင်ပေးပါ အကို ... :)
Post a Comment