Windows 7 တွင် Tavultesoft Keyman (Myanmar 1,2,3) ရုံးသုံးမြန်မာစာ စာရိုက်သည့် Software တင်ထားသော်လည်း လက်ကွက်အမှန်ရိုက်မရသူများအတွက်)

Windows 7 တွင် Tavultesoft Keyman (Myanmar 1,2,3)
 ရုံးသုံးမြန်မာစာ စာရိုက်သည့် Software တင်ထားသော်လည်း လက်ကွက်အမှန်ရိုက်မရသူများအတွက်..ဖြေရှင်းနည်းကို တင်ပြပေးလိုပါတယ်။ ကျနော့်သူငယ်ချင်းတစ်ယောက်က တောင်းဆိုထားသည့်အတွက် သူ့အတွက်ရော .. အစိုးရရုံးဝန်ထမ်းများအတွက်ပါ အဆင်ပြေအောင် ဒီပို့စ်လေးကိုတင်ပေးလိုက်ရပါတယ်ခင်မျာ။
အစိုးရုံးတွေမှာ စာရိုက်သည့်အခါ တော်တော်များများက Myanmar 2 နှင့် Myanmar 3 လက်ကွက်တွေနဲ့
စာရိုက်ကြရပါတယ်..အဲဒီအတွက် Tavultesoft Keyman ဆိုတဲ့ Software ကိုတော်တော်များများက အသုံးပြုကြပါတယ်...ဒီ Software ကိုသုံးတဲ့အခါမှာ Windows XP မှာဆိုလျှင် ဘာမှပြသနာမရှိသော်လည်း Windows 7 မှာဆိုရင် ပြသနာအနည်းငယ်ရှိပါတယ်.ဘယ်လိုပြသနာလဲဆို
ရင် Tavultesoft Keyman ကို Install လုပ်..သက်ဆိုင်ရာ Fonts တွေကို Fonts folder ထဲကိုထည့်ပြီး
သော်လည်း Microsoft Office တွင် စာရိုက်သည့်အခါ လက်ကွက်တလွဲတွေ ပေါ်နေတဲ့ပြသနာပါ..ဒါကို အခုကျနော်ဖြေရှင်းပြပါ့မယ်....

ပုံမှာ ပြထားတဲ့ အတိုင်း Tavultesoft Keyman ရဲ့ Icon လေးဟာ Notification Bar ထဲကို ၀င်နေပါတယ်..ဒါဟာ လက်ကွက်မမှန်ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းပါ..ဒါကိုဘယ်လိုဖြေရှင်းမလဲဆိုတော့..အောက်ကပုံကိုဆက်ကြည့်ပါ။
ပထမဆုံးအနေနဲ့ အောက်ဆုံးက Start Menu Bar ရဲ့ လွတ်နေတဲ့တစ်နေရာကို Right click ထောက်ပါ။
အောက်ဆုံးက Properties ကိုရွေးချယ်ပေးပါ။ Taskbar and Start Menu Properties Box တက်လာပါလိမ့်မယ်။ ပုံ (၁) မှာပြထားတဲ့အတိုင်း Customize ကိုနှိပ်ပါ။ ပုံ (၂) မှာပြထားတဲ့အတိုင်း 
Tavultesoft Keyman ရဲ့ Icon လေးကိုရှာလိုက်ပါ.. သူ့ရဲ့ညာဘက်ဘေးနားမှာ Only show notifications (သို့) Hide Icons and Notifications ဆိုပြီးဖြစ်နေပါလိမ့်မယ်.. အဲဒါကို Show Icons and Notifications ဆိုပြီးပြင်ပေးလိုက်ပါ။ ပြီးတာနဲ့ ပုံ (၃) မှာပြထားတဲ့အတိုင်း OK နှိပ်ပြီးထွက်လိုက်ပါက Windows 7 မှာ Tavultesoft Keyman ရုံးသုံးမြန်မာစာ စာရိုက်စနစ်ကို လက်ကွက် မှန်မှန်နဲ့အသုံးပြုလို့ရသွားပါပြီခင်မျာ..။ (IT Helper - mailserver.npt@gmail.com)

8 comments:

ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ၊ ကျနော်တစ်မနက်လုံး window 7 မှာ Myanmar 3 ရိုက်ဖို့ အဆင်မပြေဖြစ်နေတာ အခုတော့အဆင်ပြေသွားပါပြီခင်ဗျာ၊ ကျေးဇူးပါခင်ဗျာ

လုပ်ကြည့်လိုက်ဦးမယ် ထင်လင်းက အဆင်ပြေတယ်ဆို၇င်ပြေမှာပါ ဒီနေ့ အဆင်မပြေဖြစ်နေလို့ စာရိုက်မရဘူးဖြစ်နေတယ် ကျေးဇူးဘဲ

win7 မှာ Myanmar 2,3 စာတွေ..Print out ထုတ်တဲ့အခါ.. ခွင့်ပြုမိန့်ဆိုရင် (ခွင့်ပြုမိန့်) အဲလိုတွေဖြစ်ကုန်လို့ပါခင်ဗျာ.. ကွန်ပျူတာထဲမှာတော့ အမှန်ပဲ..Print ထုတ်မှ ဖြစ်သွားတာပါ.. ကျေးဇူးပြုပြီး ရှင်းပြပေးပါအစ်ကို..

အဲ့ တစ်လက်စထဲ ကူညီပါအုံး WINDOW 7 မှာ မြန်မာစာ WORD မှာ၇ိုက်လို၇ပြီး WEB မှာ ၇ိုက်၇င် ENG လိုပဲပေါ်နေတယ် IE SETTING မှာပါဗျာ အဲ့ဒါ MYANMAR 3 နဲ့ ဘာတွေလိုအပ်တာတင်ပေး၇မယ် ဘယ်မှာဒေါင်းလို့၇မယ်ဆိုတာလေး ကျေးဇူပြုပေးပါလာ ဗျာ

myanmar3 လိုလျင်လို့ပါ ဘယ်နေရာမှာ အဆင်ပြေ နိုင်မလဲ မသိဘူးဗျာ။ installer လိုချင်တာပါ။လိုက်ရှာကြည့်တာ font တွေပဲ တွေ့နေလို့။

ကျေးဇူးတင်ပါသည်,

ကျေးဇူးတင်ပါသည်။

Myanmar2 စာရိုက်ထားတာတော့မှန်တယ် Prints ထုတ်တဲ့အချိန်ကျ စာလုံးတွေကမမှတ်တော့ဘူး အဲ့ပြသနာသိရင်ရှင်းပြပေးပါ့လားဗျာ ကျွန်တော်အခု တိုင်ပတ်နေလို့ပါ
ကျေးဇူးတင်ပါသည်။

Post a Comment