Reboot and select proper boot device Error ဖြေရှင်းနည်း


 ညီမလေး: Reboot and select proper Boot device or insert Boot Media in selected Boot device and press a key..
ဆိုပြီးကွန်ပျူတာကအဲဒါပဲပေါ်တယ်....ဘာမှလုပ်လို့မရဘူး.......
ဘာဖြစ်တာလဲမသိဘူး...ကူညီပါအုံး..ဖြေပေးပါအုံး....


Cbox မှာရေးပြီးမေးနေတာ ၂ ကြိမ် ၃ ကြိမ်ဖြစ်နေပါပြီ ... ဒါလေးကိုတော့ နားလည် သည်းခံပေးစေလိုပါတယ် .... ဘယ်အကြောင်းအရာမဆို ချက်ချင်း မသိနိုင်သလို.. အလုံးစုံလည်း ကျနော်မသိနိုင်ပါဘူး... သိလို့ တတ်လို့ သိပ်တော်နေလို့ Blog ရေးနေတာလည်း မဟုတ်ပါဘူး.. တားမရတဲ့ ဝါသနာကြောင့် လေ့လာရင်း ရှာဖွေရင်း ကိုယ်သိထားတာလေးတွေ အများအတွက်  အကျိုးရှိမယ် ထင်တာလေးတွေ ကောင်းနိုးရာရာလေးတွေကို ပြန်လည်မျှဝေပေးနေတဲ့ လေ့လာဆဲ လူတစ်ယောက်ပါ ..။...အခုလို ကွန်ပျူတာ ပြဿနာ တစ်စုံ တစ်ခုကို ဖြေရှင်းဖို့ဆိုတာ အချိန်ပေးပြီး နီးစပ်ရာတွေကို လေ့လာရ ရှာဖွေရပါသေးတယ် .. အပေါ်မှာမေးထားတာမျိုးဆိုရင်  ကိုယ်တိုင် သင်တန်း တတ်ပြီး မသင်ခဲ့ရသလို အပြင်မှာလဲ လက်တွေ့မတွေ့ဖူးသေးတော့ ပိုဆိုးတာပေါ့ဗျာ.... ကျိမ်းသေ တာကတော့ အချိန်အများကြီးပေးရတာပါပဲ.... နောက်တစ်ခုက ဖြေရှင်းနည်း တွေကို ပြန်ကြည့်ရင်လည်း တချို့ဖြေရှင်းနည်းတွေက  သူ့ ကွန်ပျူတာ မှာ အဆင်ပြေပြီး ကိုယ့်ကွန်ပျူတာနဲ့ကျ အဆင်မပြေတာမျိုးတွေလဲရှိနေပြန်ပါသေးတယ်...တစ်နည်းမရ တနည်းနဲ့ အဆင်ပြေအောင်.. အချိန်ပေးပြီး လေ့လာရှာဖွေရတယ် ...  လိုအပ်ရင်လည်း ကိုယ်တိုင် စမ်းသပ်ကြည့်ရတာမျိုး အများနားလည်လွယ်အောင် Screenshot ယူ Upload ပြန်တင်နဲ့ အဆင်ပြေအောင် ဆောင်ရွက်ရတာမျိုးတွေလည်းရှိပါသေးတယ် ..  ကဲ... အဲဒါတွေကတော့ ကျနော့ဖက်က အခတ်အခဲ တချို့ကို ကိုယ်ချင်းစာနိုင်ဖို့ ချပြလိုက်ရတာပါ.... နောက်.... တချို့လဲ မေးခွန်းတွေ မေးကြတဲ့အခါ ကိုယ့်စက်မှာ ဖြစ်နေတဲ့ အကြောင်းအရာကို ပြည့်ပြည့်စုံစုံ ရေးပြီး မမေးပဲ ပြီးစလွယ်မေးတာမျိုးတွေရှိပါတယ်... အဲဒီလိုမျိုး မေခွန်းတွေကို  ပြန်မဖြေပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး  .... ဘာကိုမေးနေလို့ ဘာကို ပြန်ဖြေရမှန်းလဲ နားမလည်လို့ပါ...။
  သဘောမကျခဲ့ဘူးဆိုရင်တော့....  အားလုံးကို တောင်းပန်ပါတယ်ဗျာ....။

 အပေါ်မှာ အကူညီတောင်းထားတာလေးကို
 နီးစပ်ရာ ဖြေရှင်းနည်းတွေ အများကြီးထဲက အလွယ်ကူဆုံး အရိုးရှင်းဆုံး  ဖြေရှင်းထားတာလေးတွေ့လို့  ဒီနည်းလေးပဲ ဖေါ်ပြပေးလိုက်ပါတယ်...။

၁).ကွန်ပျူတာကို Restart ချပါ..

၂).Bios ထဲဝင်ဖို့ မိမိ ကွန်ပျူတာရဲ့ သက်ဆိုင်ရာ Key ကိုနှိပ်ပါ..
    (ဥပမာ: F2,F12,Del)

၃).Boot tab ကိုသွားပါ... 3rd Device ကို First Boot ရွေးပေးလိုက်ပါ..

၎).F10 ကိုနှိပ်ပြီး Enter ခေါက်လိုက်ပါ ...

  Window ပြန်တတ်လာရင် သူ့ဘာသာသူ အလုပ် လုပ်နေပါလိမ့်မယ် စောင့်နေလိုက်ပါ...။

အဆင်မပြေသေးရင် ဒီ မူရင်း Video လေးကိုကြည့်ပြီး လုပ်ပေးလိုက်ပါခင်မျာ....


  အဆင်ပြေပါစေခင်မျာ....

  ဝင်းကမ္ဘာကျော်


2 comments:

ကျေးဇူးတင်လိုက်တာ အကိုရယ် .........ဒါပေမဲ့ (2)နာရီလောက်ကြာသွားတယ်
ဟိဟိ
ဘာလို့လည်းဆိုတော့ boot tab ကိုဘဲကြည့်နေတာ တကယ်ဖြစ်နေတာ main tab မှာ
အကိုရဲ့ မူဗီကို အနှေးကြည့်မှ သတိထားလိုက်မိလို့
ဒါမျိုးလည်းဖြစ်တတ်ပါတယ်နော့်
အနော့လိုထပ်မဖြစ်အောင် နောက်မသိသေးတဲ့သူတွေလည်း သတိထားကြပါလို့ မျှဝေချင်ပါတယ်
ကျေးဇူးများစွာဖြင့်............

Post a Comment