Chrome Browser မှာ Tab bar,Bookmarks,Search Box ကမြန်မာ Font ပြဿနာဖြေရှင်းနည်း


မနေ့က သူငယ်ချင်း တစ်ယောက်ရဲ့ ကွန်ပြူတာမှာ Firefox Browser  Tab bar , Bookmark Menu  က မြန်မာစာတွေ
လေးထောင့်တုံးဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးရင်း ဒီနေ့တော့ တလက်စထဲ
Chrome Browser က Tab , Bookmark Menu , Search Box တွေက မြန်မာစာတွေ လေးထောင့်တုံး
ဖြစ်နေတဲ့ ပြဿနာဖြေရှင်းနည်းကို မျှဝေပေးလိုက်ပါတယ်....

အပေါ်ကပုံကိုကြည့်လိုက်ရင် Tab,Bookmarks အပြင်
Search Box ထဲမှာပါ မြန်မာလိုရေးရင် လေးထောင့်တုံးတွေဖြစ်နေတာပါ ဖြေရှင်းနည်းကတော့ မနေ့က Firefox မှာ
 ဖြေရှင်းတဲ့ နည်းလမ်းအတိုင်းပါပဲ ...

 Desktop > Right Click > Presonalize >
Window Color > Advanced appearance setting... > Menu  နဲ့  Message Box  မှာ  Zawgyi One  ကို ရွေးပေးပြီး Apply > OK  ပြောင်းပေးလိုက်ပါ....



ပုံထဲကအတိုင်း အားလုံးအဆင်ပြေသွားပါပြီ.....:)



Chrome Browser Web Page မှာ မြန်မာစာတွေ ဖတ်မရတာမျိုးဆိုရင်တော့ ကိုစေတန်ဂေါ့  ရေးထားတဲ့   ဒီ Add On လေးကို Add ပေးလိုက်ပါ ...။

Firefox Browser  အတွက်ကိုလည်း ကိုစေတန်ဂေါ့ ကပဲ  ဒီနေရာမှာ  Add On လေးကို ရေးပေးထားပါတယ်  Firefox မှာ Add ပေးလိုက်ပါ ..။

ဝင်းကမ္ဘာကျော်

8 comments:

thak ...အကိုဝင်

Thanks a lot Ko Win !!!!!!!!!!!!

THANK YOU SO MUCH BRO!!! I CAN SEE MYANMAR FONTS NOW.:)))))

window 8 အတွက်ပြောပေးပါလား

Can you tell me for Macbook Air? Thank you.

"Myat Thinzar Tun" GO to this Link >>> http://unobusa.org/2010/10/30/zawgyi-font-in-a-mac-osapple-video/

Post a Comment