iPhone iOS 5.1.1 ကို Untether Jailbreak လုပ်ခြင်း နှင့် မြန်မာ Font / Keyboard ထည့်သွင်းခြင်း

ဟိုနေ့က C-box မှာ မောင်လေ့လာ တောင်းဆိုထားလို့ တခြားမသိသေးတဲ့ သူငယ်ချင်းတွေရော အဆင်ပြေသွားအောင် လေပြေ မှ တဆင့် ခိုးယူ (အဲ) ကူးယူဖေါ်ပြပေးလိုက်ပါတယ်....

ကျွန်တော်တို့ ခင်ဗျားတို့ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီ ညီမလေးတို့ အားလုံးစောင့်မျှော်နေကြတဲ့ iOS 5.1.1 Untether Jailbreak ထွက်ရှိလို့လာခဲ့ပါပြီ။ ယခု Jailbreak လုပ်ပေးမယ့်ဆော့ဝဲလေးကတော့ ပြီးခဲ့တဲ့ iPhone 4S နဲ့ iPad 2 တို့ရဲ့ iOS 5.0.1 ကို အောင်မြင်စွာ Untether Jailbreak လုပ်ပေးခဲ့တဲ့ Absinthe ဆော့ဝဲ လေးပါပဲ။ ယခုထွက်ရှိလာတဲ့ Absinthe V2 ဆော့ဝဲလေးရဲ့ ထူးခြားချက်ကတော့ Apple ပစ္စည်းတော်တော်များများကို Untether Jailbreak လုပ်ပေးနိုင်တာပါပဲ။ စမ်းသပ်ချက်အရ

- iPad3 (WiFi/CDMA/Global)
- iPad2 (WiFi/CDMA/GSM)
- iPad1
- iPhone 4S
- iPhone 4 (GSM), iPhone 4 (CDMA)
- iPhone 3GS
- iPod 4G
- iPod 3G

တို့ကိုကောင်းစွာ Jailbreak လုပ်ပေးနိုင်ပါတယ်။

(ကဲ လုပ်ငန်းမစခင် တစ်ခုတော့ သတိပေးပါရစေ။ Jailbreak လုပ်ခြင်းကိုပဲစိတ်ဝင်စားကြပါရန် နှင့် တခြားအာရုံတွေ စိတ်မဝင်စားမိကြဖို့ တောင်းဆိုပါရစေ။)
သင့်ရဲ့ ပန်းသီးလေးကို iTunes နဲ့ချိတ်ဆက်ပြီး Backup အရင်လုပ်လိုက်ပါဦး။ သင့်ရဲ့နောက်ဆုံးလုပ်ဆောင်ချက်မှတ်တမ်းလေးတွေ ပျောက်ဆုံးမသွားအောင်လို့ပါ။

ပထမဦးစွာ Absinthe 2.0.4  ဆော့ဝဲလေးကို ဒီမှာ  Download  ရယူလိုက်ပါ။ ဒေါင်းလုပ်ရယူထားတဲ့ zip ဖိုင်လေးကို ဖြေလိုက်ပါ။ ဒီလိုဆိုရင် အောက်ကပုံလေးအတိုင်း ဖိုင် သုံးမျိုးကျလာပါလိမ့်မယ်။ မျှားပြထားတဲ့ absinthe-win-2.0.4 ဆိုတဲ့ ဆော့ဝဲလေးပေါ်မှာပဲ Right Click ခေါက်ပြီး Run as administrator နှိပ်ပြီးဖွင့်လိုက်ပါ။ Extract လုပ်နေပါလိမ့်မယ်။ ခဏစောင့်ပေးပါ။





Extract ပြီးသွားတဲ့အခါမှာတော့ အောက်က ပုံလေးအတိုင်း Folder တစ်ခုထပ်ကျလာပါလိမ့်မယ်။ ထို Folder လေးကိုဖွင့်လိုက်ပြီး absinthe.exe  ဆိုတဲ့ ဆော့ဝဲလေးကို တဖန်ထပ်ပြီး Right Click ခေါက်ပြီး Run as administrator ထပ်ဖွင့်ပေးပါဦး။ 




ပြီးရင် သင့်ရဲ့ ပန်းသီးလေးကို USB မှတဆင့် ကွန်ပြုတာနဲ့ ချိတ်ဆက်ထားပေးလိုက်ပါ။ ပုံမှာသင်မြင်ရတဲ့အတိုင်း သင့်ရဲ့ပန်းသီးအမျိုးအစားကို Absinthe က အသိအမှတ်ပြုသွားပြီဆိုရင်  Jailbreak ဆိုတာလေးကိုနှိပ်ပေးပါ။ တစ်ခုရှိသေးတယ်နော် သင့်ရဲ့ ပန်းသီးလေးကို ပါဝါ မပိတ်ထားမိဖို့နဲ့ DFU mode ပြောင်းထားဖို့  လုံးဝ (လုံးဝ) မလိုဘူးဆိုတာပါပဲ။



Jailbreaking စတင်လုပ်ဆောင်နေပါပြီ စိတ်ရှည်ရှည်နဲ့ခဏလေးစောင့်ပေးပါ။ မီးနစ်အနည်းငယ်တော့ ကြာကောင်းကြာနိုင်ပါတယ်။ သင့်ရဲ့ပန်းသီးလေးကို ကွန်ပြုတာနဲ့ ချိတ်ဆက်မြဲ ချိတ်ဆက်ထားပေးပါ။ တစ်ချိန်တည်းမှာပဲ သင့်ရဲ့ ပန်းသီးလေးဟာ Restore လုပ်နေပါလိမ့်မယ်။ ပြီးနောက် Reboot ကျသွားပါလိမ့်မယ်။ ဆက်လက်စောင့်ပေးပါ။







နောက်ဆုံးမှာတော့ အောက်မှာ မြင်ရတဲ့ ပုံလေးအတိုင်း 
Done, enjoy!

ဆိုတဲ စာသားလေးမြင်ရပြီဆိုရင်တော့ သင့်ရဲ့ ပန်းသီးလေးကို အောင်မြင်စွာ Jailbreak လုပ်ပြီးသွားပါပြီ။






သင့်ပန်းသီးလေးရဲ့ Home Screen မှာ Cydia app လေးရောက်နေပါလိမ့်မယ်။





Jailbreak လုပ်ခြင်း ပြီးဆုံးသွားပါပြီ။

ref:leypyay.blogspot.com



ဒါကတော့ နောက်ဆက်တွဲ ဖြစ်တဲ့ မြန်မာ Font နဲ့ မြန်မာ Keyboard ထည့်သွင်းနည်းလေးပါ...:)


iOS 5 အတွက် မြန်မာ ကီးဘုတ်ရပါပြီ။ ယခင်သုံးဖူးသော ဇော်ဂျီ ကီးဘုတ်နဲ့ တော့ နဲနဲလေးကွာခြားပါတယ်။ iPhone 4S, 4, 3GS/ iPod 4G, 3G/ နဲ့ iPad 1, 2 တို့ရဲ့ iOS 5 နဲ့ 5.0.1 တွေမှာ ကောင်းကောင်း အလုပ်လုပ်ပါတယ်။
ပထမအဆင့်အနေနဲ့ သင့်ရဲ့ပစ္စည်းလေးဟာ Jailbroken ဖြစ်နေဖို့ လိုအပ်ပါတယ်။

Cydia ကိုဖွင့်လိုက်ပါ။ Cydia > Manage > Sources  ထဲမှာ ( http://cydia.macforus.com ) ဆိုတဲ့ source လေးရှိနေလားအရင် စစ်ကြည့်ပါ။ မရှိသေးရင် ထည့်လိုက်ပါ။

 Cydia > Manage > Sources > http://cydia.macforus.com ကို အဆင့်ဆင့်နှိပ်ဖွင့်သွားပါ။ ဒီလိုပုံကျလာပါလိမ့်မယ်။ တစ်ချို့ ဖုန်းတွေဟာ Zawgyi Font iOS ကိုတင်ထားကြမယ်ထင်ပါတယ်။ အဲ့ဒီလိုတင်ထားကြတယ်ဆိုရင်တော့ ဒီအဆင့်ကိုကျော်လိုက်ပါ။ မြန်မာစာကို လုံးဝမတင်ရသေးဘူးဆိုရင်တော့ Zawgyi iOS 4.3 Font ဆိုတာကိုရွေးပြီး install လုပ်ပေးပါ။
ဒါဆိုရင် သင့်ဖုန်း တစ်ခုလုံးမှာ မြန်မာစာလုံးတွေ ကောင်းကောင်း မြင်ရပြီဖြစ်ပါတယ်။


(မှတ်ချက်။ Zawgyi iOS 4.3 Font ကို လိုချင်လို့ Zawgyi Font iOS ကို uninstall ပြန်လုပ်ရင် Crack ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် Zawgyi Font iOS တင်ထားပြီးတဲ့သူတွေက uninstall ပြန်မလုပ်ဘဲ MMKeyboard for iOS5 ကိုပဲ တန်းပြီး ထည့်စေချင်ပါတယ်။ ဒါကြောင့် Zawgyi Font iOS uninstall လုပ်ခြင်းကို နောက်ဆုံးအဆင့်အနေနဲ့သာ အသုံးပြုစေချင်ပါတယ်။)




ကီးဘုတ်အတွက်ကတော့အောက်ကပုံမှာ အနီနဲ့ဝိုင်းထားတဲ့  MMKeyboard for iOS5 ဆိုတာကို နှိပ်ပြီး install လုပ်ပေးလိုက်ရုံပါပဲ။


MMKeyboard for iOS5ကို install လုပ်ပြီး ပြီဆိုရင် သင့်ဖုန်းရဲ့
Settings > General > Keyboard > International Keyboards > Add New keyboard ကိုအဆင့်ဆင့် ရွေးချယ်သွားပြီး Czech ဆိုတာကိုရွေးပေးလိုက်ပါ။  
Czech ဟာ မြန်မာ ကီးဘုတ်ကို ကိုယ်စားပြုပါတယ်။





အထက်ပါအဆင့်ဆင့် ကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပြီဆိုရင်တော့ သင့် ဖုံးလးရဲ့ စာရိုက်လို့ရတဲ့ တစ်နေရာရာမှာ အောက်ကပုံအတိုင်း ပေါ်နေရင် ကမ္ဘာလုံးပုံလေးကို နှိပ်ပြီး ကီးဘုတ်အမျိုးမျိုးကို ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။



 ref:http://leypyay.blogspot.com

7 comments:

မင်္ဂလာပါ ဆရာ... ကျနော့်ရဲ့ I Phone ကို jailbreak လုပ်လို့ အဆင်ပြေသွားပါပြီ။ဆရာ့ စေတနာ၊အနစ်နာခံမှုကြောင့် ကျနော် လိုချင်ရာ ရသွားပါပြီ၊၊ ဆရာရဲ့ website ကြောင့် ကျနော် ဗဟုသုတ အများကြီးရခဲ့ပါတယ်။ ဆရာရဲ့ site ကိုလည်း တစ်ရက်တစ်ခါ ကျနော် အမြဲတမ်းပဲ ၀င်ကြည့်ပါ။
ဆရာ့ ကို နောက်တစ်ခု မေးချင်တာက အကယ်လို့ I Phone တစ်လုံးရဲ့  srceen ပေါ်မှာရှိတဲ့ programs ICons များအားလုံးကို delete သွားမိပြီး I Phone ထဲမှာ ဘာဖရိုဂရမ် မှ မရှိတော့ဘူးဆိုရင် မူလ Iphone program အားလုံးပြန်ရအောင် ဘယ်လိုလုပ်ရမလဲ...ဆရာ အချိန်ရှိရင် ရှင်းပြပေးပါအုံး ဆရာ ဒီကသူ ဒုကွရောက်နေပြီ... ဆရာကို အမြဲလေးစားသူ မောင်လေ့လာ

iTune နဲ့ ချိတ်ပြီး Restore ပြန်လုပ်လို့ရမယ်လို့ထင်ပါတယ်ခင်မျာ.... ဒါပေမဲ့ မောင်လေ့လာ ရေ... ကျနော့ကို မဆရာ ပါနဲ့ဗျာ မောင်လေ့လာ လို လေ့လာနေဆဲ... အဆင့်မှာပါ ဘာမှ မတတ်ပါဘူး....:) တကယ်ပြောတာပါ....:)

အကိုရေး အခု iPhone က jailbreak လုပ်ပြီရင် ပါဝါပိတ်လို့ရပါသလား ....
ကျွန်တော် အခု iPhone 5.1.1 ကို jailbreak လုပ်နည်းကို တခြားဘလော့တွေလဲဖတ်ဘူးတယ် .. အဲဒီ ပါဝါ ပိတ်လို့ရမရကိုယ် မရေးထားကျဘူးဗျာ ..... ဥပမာ zawgyi font ထဲလို့ ReBoot ကျခိုင်းရင် ဘယ်လို့လုပ်ရမလဲ ....

ဆရာရေ့  ကိုယ့်ထက်တတ် ကိုယ့်ဆရာပေါ့ ဆရာရဲ့ guideline များကို ကျနော် လိုက်လုပ်တာ အများကြီးအောင်မြင်တယ်လေ
မောင်လေ့လာ

ကျေးဇူးအများကြီးတင်တယ်ဗျာ.....အဲဒါမရလို့စိတ်ညစ်နေတာ.....
အခု့တော့စိတ်ချမ်းသာသွားပြီ....ထက်ပြီးကျေးဇူးတင်ပါတယ်.....
iphone 3gs game ထည့်နည်းလေတွေရှိ့ရင်လည်း တင်ပေးပါအုန်း.....လေစားလျှက်...

အကို ကျွန်တော့ဖုန်းက i phone 3G ပါ 3Gဖုန်းမှာကောသုံးလို့ရပါသလားခင်ဗျာ

အစ်ကိုရေ တခုလောက်အကူအညီတောင်းချင်လို့ပါ ကျွန်တော့ IPhone က 3GS ပါ jailbreak လုပ်ပြီးပါပြီ version က 4.1 ပါ။ upgrading ပြန်လုပ်ချင်လို့ ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးပါခင်ဗျား။manage ထဲမှာဇော်ဂျီ 4.3 front ကို install ရပြီး Keyboard version အဟောင်းတွေမပေါ်ပဲနဲ့ mm keyboard for 5+ ပဲတွေ့တယ် install လည်းမရဘူး ။ အဲဒါကူညီပေးပါဦးနော် အစ်ကို ကျေးဇူးတင်ပါတယ်ဗျာ။

Post a Comment