Android ဖုံးအကြောင်းပဲ ခဏခဏ မေးနေကြလို့ သူငယ်ချင်းဖုံးကို ကိုယ်တိုင် Root လုပ်ပေးပြီး ရလာတဲ့ အတွေ့အကြုံလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။ (Root ဆိုတာဘာလဲ ? ဘာ့ကြောင့် Root လုပ်ရတာလဲ ? ဆိုတာ အသေးစိတ်သိချင်ရင်တော့ ကိုသူရ ရေးထားတဲ့ ဒီပို့စ် လေးမှာဖတ်နိုင်ပါတယ်....။
Root လုပ်နည်း
ဘာမှ မလုပ်ခင် အရင်ဆုံး မိမိ ဖုံးက Settings > Applications > Development > USB Debugging ကို အမှန်ခြစ်လေး တပ်ပေးထားလိုက်ပါ...။
ပထမဆုံး Root လုပ်ဖို့အတွက် ဒီ Update.Zip ဖိုင်လေးကို ဒေါင်းယူထားလိုက်ပါ...။
ပြီးရင် မိမိ ဖုံးက Mini SD Card လေးကို ဖြုတ်ယူပြီး Cardreader ကနေတစ်ဆင့် ကွန်ပြူတာနဲ့ ချိတ်ဆက်ထားပြီး စောစောက ဒေါင်းယူထားတဲ့ update.Zip ဖိုင်လေးကို Copy ကူးပြီး Mini SD Card ထဲကိုထည့်လိုက်ပါ ... (update.Zip ကိုဖြည်စရာ မလိုပါဘူး အဲ့ဒီ Zip ဖိုင်အတိုင်း SD Card ထဲကို ကူးထည့်ပေးလိုက်ပါ)
ပြီးရင်
SD Card လေးကို မိမိ ဖုံးမှာ ပြန်ထည့်ပေးပြီး (Switch off) ပါဝါ ပိတ်လိုက်ပါ...။
Recovery Mode ထဲကိုဝင်ပါမယ်...။
Recovery Mode ဝင်ဖို့ Home Key ရယ် Volume အပေါင်း လက္ခဏာ Key လေးရယ် ပါဝါ အပိတ် အဖွင့်လုပ်တဲ့ Power ခလုတ် လေးတွေကို တစ်ပြိုင်ထဲ နှိပ်ပေးထားလိုက်ပါ..။ (HOME + Volume UP + POWER button)
Recovery Mode ထဲရောက်ပြီဆိုရင် Volume + , - ခလုတ်လေးတွေကို အသုံးချပြီး Update from sdcard ကို ရွေး Home ခလုတ် ကိုနှိပ်ပေးရင် သူ့ဘာသာသူ အလုပ် လုပ်နေပါလိမ့်မယ်... ခဏနေရင် reboot လုပ်ပါဆိုတဲ့ စာလေးပေါ်လာရင် reboot လုပ်ပေးလိုက်ပါ... မိမိ ဖုံးလေး ပြန်ပွင့်လာရင် "Super user" ဆိုတဲ့ application လေးတစ်ခု ပေါ်လာပြီး Root လုပ်ပြီးကြောင်း ပြနေပါလိမ့်မယ်....
Root လုပ်ခြင်း (အမြစ်တူးခြင်း) အောင်မြင်သွားပါပြီ...။
နောက်ဆက်တွဲ ဖြစ်တဲ့ မြန်မာစာတွေ ရေး/ဖတ် လို့ရအောင် Zawgyi Font နဲ့ Keyboard ထည့်သွင်းနည်း အတွေ့ကြုံလေးကိုတော့ နောက် တင်ပေးမဲ့ ပို့စ် မှာ စောင့်မျှော်ဖတ်ရှု့နိုင်ပါတယ်....:)
လေးစားစွာဖြင့် : ဝင်းကမ္ဘာကျော်
11 comments:
တော်တော်ကောင်းတဲ့ တူးနည်းလေးပါဗျာ........
အကိုရောအမြန်တင်ပေးနော်
sansung glaxy ဖုန်း clone ပေါ်နေတယ်ဆိုတာဟုတ်လား။ဒါဆိုရင် အစစ်အတု ဘယ်လိုခွဲရမလဲ။အစစ်က driver CD နဲ့ USB အားသွင်းကြိုး ပါပြီး အတုကမပါဘူးဆိုတာ ဟုတ်လား။
GALAXY Y ကို root လုပ်စရာ မလိုဘဲနဲ့ myanmar font သွင်းလို့ရပါတယ်ခင်ဗျာ
တခြားဟာတွေ အဆင့်မြှင့်ချင်ရင်တော့ အမြစ်တူးပေါ့
Wave Y GT-S5380D bada 2.0 ကိုရော myanmar font ဘယ်လိုတင်ရပါမလဲ။
ကျေးဇူး ကိုဝင်းကမ္ဘာကျော်....
ကောင်းတယ်ဗျာကျေးဇူးတင်ပါတယ်နော်...
Samsung Galaxy Note SHV-E 160 L မှာကော ဒီအတိုင်း Root လုပ်လို့ရပါသလား
ကျွန်တော်က update zip file ဒေါင်းလို့  မရဘူး
ဘယ်လိုလုပ်ရမလဲ
Nay Toe <<< ပြန်တင်ပေးထားပါတယ်ခင်မျာ.....:)
ok
Post a Comment