ကျနော့် Email ထဲကို ပို့ပြီးတောင်းဆိုနေတာ ၉ ကြိမ်တိတိရှိပါပြီ..တစ်ခြားတော့ မဟုတ်ပါဘူး Game ကောင်းကောင်းတွေ တင်ပေးဖို့ပါဘဲ..တောင်းဆိုထားတဲ့ သူတွေကလဲ မြန်မာပြည်က မဟုတ်ကြပါဘူး.. မလေး..အင်ဒို..ထိုင်း...USA စတဲ့နိုင်ငံတွေက များပါတယ်..ကျွန်တော် သူတို့ကို မေးကြည့်ပါတယ်..ဂိမ်းခွေတွေက ၀ယ်မရဘူးလားဆိုတော့ မလေးက အစ်ကိုတစ်ယောက်က ပြန်ဖြေပါတယ်..ဂိမ်းခွေတစ်ခွေကို အနည်းဆုံး မြန်မာငွေနဲ့ဆိုရင် ၈၀၀၀ ရှိပါသတဲ့..ဒီပမာဏဟာ ကျနော်တို့မြန်မာနိုင်ငံအတွက် အင်မတန်မှကိုများလွန်းနေပါတယ်..မြန်မာမာဆိုရင် အလွန်ဆုံးရှိမှ သုံးထောင်လောက်ပေါ့..သူတို့ဆီမယ်
Windows တစ်ခါတင်ရင် အနည်းဆုံး သုံးသောင်းနီးပါးလောက် ရှိပါသတဲ့..ကဲ...ကျနော်တို့မြန်မာတွေဗျာ..အဆင်မပြေလို့သာ ပြည်ပထွက်ပြီးအလုပ်လုပ်နေရတယ်..သူများ
နိုင်ငံမှာဗျာ..ကွန်ပျူတာတစ်ခုခုဖြစ်တိုင်း မလုပ်တတ်လို့ မတန်မဆတွေပေးနေရတယ်...ဒါကြောင့် ပြည်ပရောက်မြန်မာတွေ အကူအညီလိုရင် ပြောကြပါ..ကျနော်တို့ ကူညီဖို့အသင့်ရှိနေတယ်..မြန်မာအချင်းချင်းတကယ်ကိုယ်ချင်းစာတယ်ဗျာ..တစ်ခုခုလိုအပ်တာရှိရင်လဲ Mailserver.npt@gmail.com ကိုဆက်သွယ်ပါ။ ကွန်ပျူတာ system ပိုင်းဆိုင်ရာ ချို့ယွင်းနေရင်လဲ မြန်မာပြည်ကနေ တစ်ဆင့် TeamViewer နဲ့လှမ်းပြင်ပေးပါ့မယ် ဗျာ..လိုအပ်မယ် ဆိုရင် ဒီမှာ ဒေါင်းသွားကြပါ။ အခု ပြည်ပက ညီအစ်ကိုတွေ တောင်းဆိုထားတဲ့ ဂိမ်းတွေကိုလည်း..တင်ပေးမယ်ဗျာ..လက်လှမ်းမှီသလောက်ကို ရှာဖွေပြီးတင်ပေးသွားမယ်..ပြည်ပကဆိုတော့ အင်တာနက်အဖိုးနှုန်းလဲ သက်သာတယ်.မြန်လဲမြန်တယ်ဆိုတော့ ဒေါင်းရတာ အဆင်ပြေကြမယ်လို့ထင်ပါတယ်..အပိုင်းလေးတွေနဲ့ခွဲတင်ပေးထားတယ်..အေးအေးဆေးဆေးဒေါင်းပေါ။
ကဲ.. အခုဂိမ်းက အပိုင်း ၁၅ ပိုင်းခွဲတင်ပေးထားပါတယ်။ စုစုပေါင်း 10GB ရှိပါတယ်။ တစ်ပိုင်းချင်းစီဒေါင်းပါ။
Files Passwords: www.oxava.com
Download ပြုလုပ်လို့ရလာတဲ့ ဖိုင်တွေကို Folder တစ်ခုအတွင်းသို့ Extract လုပ်ပါ.ပြီးမှ Install လုပ်ပါ။
3 comments:
မှန်တာပေါ့ဗျာ
စိတ်ဓါတ်ကို တော့ လေးစားတယ်ဗျာ ကျနော်လဲ ပညာရှင်မဟုတ် ပေမယ့် သူများတွေကိုတော့ နိုင်သလောက်ကူညီပေးနေပါတယ်။ များသောအားဖြင့် US မှာရောက်နေတဲ့ မြန်မာပြည်သားတွေကိုပါ
ဒီဆိုဒ်လေးမှာသွားကြည့်စေချင်ပါတယ်
http://myegy.com/
Post a Comment