Google Play Store မှ Free Applications များကို ကွန်ပျူတာမှ တိုက်ရိုက် Download လုပ်နည်း


Google Play Store ကို ၀င်လို့ မရသူများအတွက် ကွန်ပျူတာကနေ တိုက်ရိုက် Download လုပ်နိုင်မယ့် နည်းလေးပါ။
အရင်ဆုံး လိုအပ်တာတွေကို ဒီမှာဒေါင်းလိုက်ပါ။
<<Download Here>>



ဒေါင်းလို့ရတဲ့ ဇစ်ဖိုင်ကို ဖြည်ပြီး Folder တစ်ခုထဲ ထည့်လိုက်ပါ။ သုံးဖိုင် ထွက်လာပါမယ်။

(( မှတ်ချက် ။ ။ သင့်စက်မှာရှိသော ဘရောက်ဇာ Chrome ကို Uninstall လုပ်ပြီး ကျနော်ပေးထားတဲ့ Chrome ကို Intall လုပ်ပါ ကျွန်တော်ပေးတဲ့ chrome က setting ထည့်ပြီးသားပေးလိုက်တာပါ အဲဒါနဲ့မှ အဆင်ပြေမှာ proxy ပါ ထည့်ထားပေးထားခြင်းကြောင့်ပါ တစ်ခြား chrome နဲ့မရဘူး fg737.exe ဖွင့်လို့ တရုတ်စာနဲ့ page မကျရင် မရပါဘူး ))

(၁) fg737p.exe ကိုဖွင့်ပါ။ Ok ပဲ ဆက်တိုက်နှိပ်ပါ။
Browser တစ်ခု တရုတ်စာများနဲ့ ကျလာပါမယ်။ Browser ကို ပိတ်လိုက်ပါ။ (( Software ကိုမပိတ်ပါနဲ့။ ))

(၂) Google Chrome.exe ကို ဖွင့်လိုက်ပါ။ နမူနာ page တစ်ခု တစ်ခါတည်းကျလာပါမယ်။ 
Loading ပြီးအောင်စောင့်ပါ။ ပြီးသွားပါက ကိုယ်ဒေါင်းချင်တဲ့တစ်ခုခုထဲကိုဝင်လိုက်ပါ ပုံမှာပြထားတဲ့အတိုင်း အပေါ် Address Bar က ကြယ်လေး နားမှာ Android စက်ရုပ်ပုံလေးကို နှိပ်လိုက်ပါက Christmas Countdown Free 2012  ကို   ဒေါင်းလို့ရပါပြီ။
သိမ်းမယ့်နေရာရွေးပေးပါ။ တစ်ခြား Application များကို လည်း အထက်ပါနည်းအတိုင်း ဆက်လက် Download  လုပ်နိုင်ပါသည်။

ကိုယ်တိုင်စမ်းသပ်ထားပြီး အဆင်ပြေပါသည်။
http://freemobilesharing.blogspot.com မှတစ်ဆင့် ကူးယူဖော်ပြပါသည်။

4 comments:

Run လို့မရဘူးဖြစ်နေတယ်အစ်ကို The application was unable to load a required virtual machine component. Please contact the publisher or this application for more information.

လုပ်မရဘူးဖြစ်နေတယ်အစ်ကိုရေ

အကိုရေ..
စက်ရုပ်ပုံလေးကို နှိပ်လိုက်တဲ့အခါ
-Please disable SSL error warnings
-Check your account information(email and device ID)
Error message Box ကျလာပါတယ်။
ကူညီပါဦး။

စက်ရုပ်ကို right click နှိပ်ပြီး option ကိုရွေးပါ
logout လုပ်ပီး ကို့ email နဲ့ login ဝင်ပါ
ကို့ရဲ့ (GSF ID Key) ကိုလည်းထည့်ဖို့လိုတယ်

http://apps.evozi.com/apk-downloader/

ကို့(GSF ID Key) ကိုသိရန် ပေးထားတဲ့ Link က app ကို ဖုန်းမှာ install
လုပ်ပီးကြည့်လို့ရပါတယ်

Good Luck to you all.

Post a Comment