အမေနေ့ အကြောင်းနှင့် သီချင်းများ(12.5.2013)



အမေနေ့ (Mother Day)သည် ကမ္ဘာပေါ်ရှိ အမေအားလုံးကို
ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေနေ့ဟု
နိုင်ငံအများစုက သတ်မှတ်ကြပါသည်။ မြန်မာနိုင်ငံတွင် အမေနေ့ကို နှစ်စဉ်
ပြာသိုလပြည့်နေ့၌ ကျင်းပပြုလုပ်ပြီး အမေ့ဂုဏ်ကျေးဇူးများကို
ထုတ်ဖော်ပြောဆို ကြသည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အလိုက် မတူညီသော
ရက်များတွင် အမေနေ့ကို ကျင်းပကြပါသည်။



Juila Ward Home (1819-1910)
ရှေးဟောင်း ဂရိ ရောမခေတ်မှ စတင်၍ ဒီနေ့ခေတ်အထိ အမေနေ့ကို
ကျင်းပနေကြဆဲဖြစ်ပါသည်။ နောင်တွင်လဲ အမေ့ကျေးဇူး ထုတ်ဖော်သည့်နေ့ကို
ဆက်လက်ကျင်းပ နေကြအုံးမှာ မလွဲပေ၊ Officially အမေနေ့ဖြစ်မြောက်အောင်
ကြိုးပမ်းအားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ Juila Ward Home (1819-1910)
ဖြစ်သည်။ သူမသည် ကျော်ကြားသော စာရေးဆရာမကြီးတစ်ဦးဖြစ်ပြီး
အမေနေ့ဖြစ်မြောက်ရန် ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူဖြစ်သည်။


အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့သူ Juila Ward Home သမီး Anna
Jarvis က အမေ့ အိပ်မက်ကို ဆက်လက်ပြီး ရှင်သန်စေခဲ့သူ ဖြစ်ပြီး သူမဟာလဲ
မမေ့သင့်သော ကျေးဇူးရှင် တစ်ဦးဖြစ်ပါသည်။ Juil Ward Home နှင့် Anna Jarvis
တို့၏ ကြိုးပမ်းမှုများကြောင့် နောက်ပိုင်းတွင် ကမ္ဘာနှင့် အ၀ှမ်း အမေနေ့
ကျင်းပနေခဲ့ကြတာဖြစ်ပါသည်။


အင်္ဂလန်နိုင်ငံတွင် မယ်တော်မယ်ရီကို ဂုဏ်ပြုသည့်အနေ့နှင့်
ကျင်းပလေ့ရှိသည်။ ထိုနေ့မှာ အမေအားလုံးသည် တူညီဝတ်စုံများကို ၀တ်ဆင်ပြီး
အခမ်းအနား ကျင်းပသောနေရာကို ရောက်လာသောအခါ သားသမီးများက အမေများ၏
ကျေးဇူးကို ထုတ်ဖော်ပြောဆိုကြပါသည်။




အမေနေ့ ဖြစ်ပေါ်လာပုံ

မြန်မာပြည်တွင် စာရေးဆရာ ဒါရိုက်တာ ဦးသုခ
ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလ်လပြည့်နေ့ကို အမေနေ့အဖြစ်
သတ်မှတ်နိုင်ခဲ့ပြီး မြန်မာ့ ပြက္ခဒိန်တွင် ပြာသိုလ်လပြည့်အမေ့နေ့ အဖြစ်
ကမ္ဗည်းတင်နိုင်ခဲ့ပေသည်။ မြန်မာ့ယဉ်ကျေးမှု့အရ အမေကို ဘုရားနှင့်
တစ်ဂိုဏ်းတည်းထားပြီး မာတာပိတုဂုဏောအနန္တော ဆိုပြီး ပူဇော်ခဲ့
အရိုအသေ ပေးခဲ့ကြသည်။ ဆရာကြီး ဦးသုခက Officially ဖြစ်အောင် ကြိုးပမ်းပေးသူ
ဖြစ်ပါသည်။ ၁၉၉၅-ခုနှစ်၊ ပြာသိုလ်လပြည့်နေ့၌ စာရေးဆရာ ဦးသုခ၏
တိုက်တွန်းပြောပြချက်အရ မန္တလေးတွင် အမေနေ့ကို ပထမဦးဆုံး စတင်၍
ကျင်းပပြုလုပ်ခဲ့ပါသည်။ မိဘကျေးဇူးဆပ်နည်း စသည့် ဗဟုသုတပညာပေးများ
ဟောပြောခြင်းဖြင့် ခေတ်လူငယ်များအား အသိပညာဗဟုသုတ တိုးပွားစေလိုသည့်
ဆန္ဒဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသည်။


  • “အမေဆိုသည့် စာကလေးနှစ်လုံးကို
    အသံထွက်အောင်ရွတ်ဆိုကြည့်လိုက်စမ်းပါ။ အလွန်ချိုမြိန်သော၊ သာယာသော၊
    စိတ်ချမ်းသာသော၊ မေတ္တာနှင့်ထုန်မွှန်းသော အရသာကို ခံစားရပါလိမ့်မည်”
    (ဆရာကြီး ဦးသုခ၏ ပထမဆုံးအကြိမ် မန္တလေး အမေနေ့ ဟောပြောပွဲမှ) 
အမေစားသောထမင်းတစ်နပ်




ကမ္ဘာကြီး ကမ္ဘာကြီးကို

အာဒံနဲ့ ဧဝ ကပဲ စတယ်လို့ ပြောပြော...

ဗြဟ္မာကြီးလေးဦးက စတယ်ပဲပြောပြော...

သူတို့ထဲမှာ

အမေ...ဆိုတဲ့ ဣတ္ထိလိင်

ပါလာလို့သာ

ကမ္ဘာကြီးက အဆက်မပြတ်ဘဲနဲ့

ဒီနေ့အထိ ကျနော်တို့အထိ

သားစဉ်မြေးဆက်တွေဖြစ်လာတယ်မဟုတ်လား အမေ...

အမေမှန်သမျှ

ဘာသာခြား လူမျိုးခြားရယ်လို့

ကျနော့်စိတ်ထဲမှာ မရှိဘူးအမေ...

သားသည်အမေတစ်ယောက်ဟာ

အမေပါပဲ အမေ...

သူက ယုတ်ညံ့လို့...

သူက လူမျိုးခြားမို့လို့...

သူက ဘယ်ဘာသာမို့လို့...

မဟုတ်ပါဘူး အမေ

မဟုတ်ပါဘူး

ကျနော်မြင်တာဖြင့်

ကျနော်ပြောဦးမယ်

ကျနော်လွန်သွားမလား...

မလွန်ပါဘူး အမေ

ကျနော် စဉ်းစားထားပြီးမှ ပြောတာပါ

အမေမှန်ရင်လေ...

အမေ

နားနဲ့မနာ ဖဝါးနဲ့နာ

ပြောလိုက်ပါရစေတော့...

အမေဟာ

ကျနော့်လက်ထက်ထဲမှာ...

ကျနော့်မျက်စေ့အောက်မှာပဲ မိန်းမရွှင်ဖြစ်နေပါစေ......

အမေဟာ အမေပါပဲ.....။ ။



 ဂန္တ၀င်မေမေ (သီချင်း-ဟင်္သာတမင်းကျော်)





အမေ့ရုပ်ရည်(သီချင်း-ဘိုဖြူ)

 



12.5.2013 နေ့တွင်ကျရောက်သော အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့်
အောင်ကျော်ခိုင်-ပုသိမ်( www.aungkyaw.com) မှ အမေများအား ဤပိုစ့်ဖြင့်ကန်တော့ပါသည်


ကြိုက်သလို Share လုပ် နိုင်ပါသည် (ခွင့်တောင်းစရာမလိုပါ)
ကျေးဇူးပြု၍ Like ပေးပါအုံး


0 comments:

Post a Comment