Android 4.1.1 နဲ့ 4.1.2 တွေမှာ မြန်မာ Font အဆင်မပြေသူများအတွက် Theme With Myanmar Fonts ( Root မလို )

Android 4.1.1 နဲ့ 4.1.2 တွေမှာ မြန်မာ Font အဆင်မပြေကြပါဘူး.. ကျွန်တော်တို့ မြန်မာတွေကလည်း Root ဖောက်ရခြင်းရဲ့ ရည်ရွယ်ချက်က မြန်မာ ဖောင့် သုံးဖို့ အဓိကဖြစ်နေတယ်မဟုတ်လား.. ဒီတော့ Root ဖောက်စရာမလိုဘဲ မြန်မာဖောင့်သုံးလို့ရတဲ့ Theme With Myanmar Fonts ကိုတင်ပေးလိုက်ပါတယ်.. ဒီ Themes ကို IT Ghost ဆီမှာ တွေ့ထားတာ တော်တော်ကြာပါပြီ.. တင်ဖို့ မလိုလောက်ဘူးထင်လို့ မတင်ဖြစ်တာပါ.. မိတ်ဆွေ တစ်ယောက်က  အီးမေးပို့လာပါတယ်..
 "huawei 8825-1 မှာမြန်မာစာမမှန်တဲ့ပြသနာလေးရှိနေတယ်ဗျ အဲဒါဘယ်လိုလုပ်ရင်ရမလဲ ကူညီပါဦးဗျာ RSS apk မှာသတင်းတွေဖတ်ရင်ဗျာ ဥပမာဗျာ နေကောင်းလားပေါ့ အဲဒါကို နကေားင်လား ဗျာ အဲလိုအလွဲလေးနည်းနည်းရှိနေတယ်ဗျ နည်းနည်းတော့ စိတ်ညစ် ရတာပေါ့ဗျာ အဲဒါအားလုံးအဆင်ပြေချင်တယ်ခင်ဗျ facebook သုံးတဲ့အခါလည်း ကိုရေးလိုက်
တဲ့ comment က ရိုက်တုန်းကအမှန်ပဲ အပေါ်ရောက်သွားရင်တလွဲတွေဖြစ်လို့ဗျာ comment ရေးရမှာတောင်ရှက်လာတယ် ကူညီပါဦးဗျာ မလုပ်တက်လို့ပါ အသေးစိတ်သိချင်ပါတယ် ကျေးဇူးတင်ပါတယ်" .. ဒီအခက်အခဲကို ဖြေရှင်းဖို့ ဒီ Post ကို တင်ပေးလိုက်ပါတယ်.. Root ဖောက်ပြီးသား ရ မရတော့ မစမ်းရသေးဘူးဗျ.. Root မဖောက်ရသေးတာကိုတော့ စမ်းဖူးတယ်.. အဆင်ပြေတယ်.. လွယ်လွယ်လေးပါ.. ပေးထားတဲ့လင့်က ဖိုင်ကိုဒေါင်းပြီးဖြည်လိုက်.. ရလာတဲ့ MyanmarFontTheme.hwt ဆိုတဲ့ဖိုင်လေးကို ဖုန်းရဲ့ sd card ထဲက HWThemes ဆိုတဲ့ Folder ထဲကို ထည့်ပေးလိုက်ပါ။ ဒါဆိုရင် ဖုန်းရဲ့ Theme ထဲမှာ Elegance ဆိုတဲ့ Theme တစ်ခုရောက်လာပါတယ်.. အဲဒီ Theme ကို Apply လုပ်ပြီး Theme With Font ဆိုတာကိုရွေးပေးလိုက်ပါ... ဒါဆိုရင်မြန်မာ font ကိုသုံးလို့ရပါပြီဗျ... တစ်ချို့ဖုန်းတွေမှာတော့ အဆင်ပြေမှာမဟုတ်ပါဘူး..ဒါကတော့
ကံတရားပေါ့ဗျာ... :P :P


11 comments:

ဒေါင်းလို့မရပါဘူးခင်ဗျာ။ Link သေနေပါတယ်ခင်ဗျာ။

cannot open file ဖြစ်နေတယ် ဘာဖြစ်တာလဲ မသိဘူး

ကိုဝင်းေ၇ play store games တွေကိုကွန်ပြုတာနဲ့ဘယ်လိုဒေါင်၇မှာလည်းကူညီပါနော်

ကိုဝင်းေ၇ play store games တွေကိုကွန်ပြုတာနဲ့ဘယ်လိုဒေါင်၇မှာလည်းကူညီပါနော်

where is HW theme?????? Help Pls pls

HWThemes ဆိုတဲ့ folder က ကို့ဘာသာ ကို create လုပ်၇မှာ လား
ဖုန်းမှာ original မပါ ပါဘူး root ပီးသား GT N7100 ပါ အမျိုးအစား က
ဘယ်လိုလုပ် ၇ မလဲ ခင်ဗျာ

I need myanmar font for LG Optimus L7 (4.1.2 Jelly Bean) Please Help me

HWThemes ဆိုတဲ့ folder မတွေ့ဘူးကိုဝင်းရေ ဒေါင်းလို့ ပြီးသွားပြီ ဒေါင်းလို့ ရပါတယ် ဒါပေမယ့် HWThemes ဆိုတဲ့ folder ကမတွေ့ ဘူး ဖုန်းထဲ မှာ them ဖိုင်ထည့် ပေးရမှာလား ကျွန်တော်ကိုကူညီပေးပါဦး ဗျ.........။
ကျေးဇူးတင်ပါတယ် ...။

အစ်ကိုရေ LG L7 P705 jelly bean မှာ မြန်မာ fonts လေရှာပေးပါ

အကို ဖိုင်တော့ဖြည်ပြီးပြီ..SD ကဒ်ထဲကို ဘယ်လိုထည့်ရမှာလည်း မသိလို့...rar ဖိုင်ဖြစ်နေတယ်..

ဘယ်လိုဒေါင်းလိုက်ကြတာလဲဗျ ကျနော် ဒေါင်းနေတာမရဘူးဗျ 1mbလောက်ရရင် အသစ်ပြန်ဒေါင်းလိုက်လုပ်နေတာ 7.9MB ကိုဒေါင်းတာ ၁၂နာရီကြာမယ်ပြောလိုက် 1mbကျော်ကျော်လောက်ရရင် အသစ်ပြန်းလိုက်နဲ့ဖြစ်နေလို့ပါ

Post a Comment