မိမိစက်မှာ တင်ထားတဲ့ Antivirus ကောင်းကောင်း အလုပ်လုပ်လား မလုပ်လား စစ်ဆေးနည်း

ကဲ...မိမိတို့ရဲ့စက်မှာ တင်ထားတဲ့ Antivirus ဟာ Virus တွေကို ကောင်းကောင်းစောင့်ကြည့်ပြီး ဖျက်ဆီးပေးနိုင်ရဲ့လား ဆိုတာစစ်ဆေးမယ့်နည်းလမ်းလေးပါ..ဘယ်လို စစ်ဆေးမလဲဆိုရင် Notepad
နဲ့ Bat Files လေးတစ်ခုရေးပါမယ်..အရင်ဆုံး အောက်မှာပေးထားတဲ့ ကုဒ်တွေကို Notepad ထဲသို့ကူးထည့်
လိုက်ပါ.

X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*

Notepad ထဲသို့ကူးထည့်ပြီးပြီဆိုရင် virustest.bat ဆိုပြီး နာမည်ပေးကာ Desktop ပေါ်သို့ Save လုပ်ပါ
( virustest.bat လို့နာမည်ပေးရမှာနော်.. virustest.txt ဆိုပြီးနာမည်ပေးရမှာမဟုတ်ပါဘူး ) .. Save 
လုပ်ပြီးလို့ ခဏအတွင်းမှာဘဲ မိမိရဲ့ Antivirus ဟာ Desktop ပေါ်မှာ Save လုပ်ထားတဲ့ virustest.bat ဆိုတဲ့
ဖိုင်ကို Virus Files အဖြစ် သတိပေးပြီး သတ်ပစ်ခိုင်း / သတ်ပစ်ပါလိမ့်မယ်..ဒါဆိုရင်တော့ မိမိရဲ့ Antivirus
ဟာ ကောင်းကောင်းအလုပ်လုပ်တယ်လို့သတ်မှတ်နိုင်ပါတယ်..အားလုံးဘဲ ဗဟုသုတ တိုးပွားကြပါစေခင်မျာ... :-) 

If you like my post , please visit at www.mmithelper.blogspot.com (Myanmar IT Helper )

8 comments:

Thank you for sharing idea......

ရေရေလည်လည် ကြိုက်သွားပြီ

notepad ကိုဘယ်ရေးရတာလဲဒါမှမဟုတ် destop မှာဖိုင်အသစ်ဖွဲ့ ရတာလားကျေးဇူးပြုပြီး

လုပ်ပုံလုပ်နည်းလေးကိုရှင်းပြပေးပါနော်။ကျွန်တော်ကနဲနဲထိုင်းလို့ ပါ။

ကိုပိုင်စိုးရေ ဒက်စတော့ပေါ်မှာ ရိုက်ကလစ်ထောက်ရင် new>text document ကိုနှိပ်လိုက်ရင် အကို့ဒက်စတော့ပေါ်မှာ textဖိုင်တခုကျလာတယ် အဲ့ဒီထဲမှာ အပေါ်ကပြောတဲ့ကုဒ်တွေကို ထည့်တာပါ
ပြီးသွားရင်တော့ထိပ်က file ကိုနှိပ်တယ် save as ကနေပြီး destok မှာ save ပါ ။
name အကွက်မှာတော့ virustest.bat ဆိုတဲ့နာမည်ကိုပေးပေါ့

thanks. it is really working!

thanks. it is really working!

Post a Comment