https နောက်က မျဉ်းစောင်းနှစ်ခုအတွက် ဖန်တီးသူက တောင်းပန်ခဲ့


 
 
အင်တာနက်သုံးဖို့ ဝဘ်ဆိုဒ် လိပ်စာ တစ်ခုခုကို ဖွင့်တဲ့အခါ http(s) ပြီး ရင် နောက်မှာ Slash (မျဉ်းစောင်း) နှစ်ခု ရိုက်ရိုက်ထည့်ပေးရပါတယ်။ အမှန်တော့ ယင်း မျဉ်းစောင်းနှစ်ခုမှာ မလိုအပ်ပဲ တီထွင်သူ Tim Berners-Lee က မှားယွင်းထည့်သွင်းမိတာလို့ ဆိုပါတယ်။ ဒီအတွက် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလက World Wide Web တီထွင်သူ Tim Berners-Lee ကိုယ်တိုင် တောင်းပန်စကားဆိုခဲ့ပါတယ်။ အမှန်တော့ ယင်း မျဉ်းစောင်း နှစ်ခုဟာ မလိုအပ်ပဲ အချိန်ပိုကြာစေတဲ့ အရာ တစ်ခု လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် စစချင်း တီထွင်တုန်းက သူ့ရဲ့  အင်ဂျင်နေယာ ကွန်ရက်ငယ်လေးသာ အသုံးပြုဖို့ ဖြစ်ပါတယ်။ ဒီတော့ နောက်တော့ အခြား နယ်ပယ်များအထိ ကျယ်ပြန့်လာပြီး ကမ္ဘာသုံး အင်တာနက်ရယ်လို့ ဖြစ်လာပါတယ်။ သို့ပေမယ့် မျဉ်းစောင်း နှစ်ခုကို ဖျက်ဖို့အတွက် Tim Berners-Lee အတွက် နှောင့်နှေးသွားပြီ ဖြစ်ပါတယ်။
အားလုံး အသုံးပြုနေပြီဆိုတဲ့အချိန်မှာ ပြန်လည်ပြင်ဆင်ဖို့ မလွယ်ကူတော့ ပါဘူး။ ဒါကြောင့် ယနေ့တိုင် အင်တာနက်မှာ ဝဘ်ဆိုဒ်လိပ်စာများ ရှာဖွေ မယ်ဆိုရင် https:// အစရှိသဖြင့် မျဉ်းစောင်း နှစ်ခုကို ထည့်ထည့် ပေးနေ ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Ref: BBC

Credit : ရိုးရာလေး



0 comments:

Post a Comment