CWM(ClockWorkMod) Recovery ဆိုတာ….
 မိုးထက်: CWM (Recovery Mode ) အကြောင်းလေးပြောပြပါဦး မသိလို့....ကျေးကျေး..
ClockWorkMod (CWM) recovery ဆိုတာကတော့ Custom recovery တစ်မျိုးပါ။ သူက Stock Recovery ထက် လုပ်ဆောင်ချက်မြင့်မားတဲ့ Recovery အမျိုးအစားပါ။ Recovery တွေကိုတော့ပုံမှန် မမြင်ရနိုင်ပါဘူး။ ဖုန်းအမျိုးအစားပေါ်မူတည်၍ သီးသန့်  ခလုတ်များ နှိပ်ပေးရပါမှတက်လာတာပါ။ Stock recovery ကတော့ Factory reset နှင့် Update.zip ကို အသုံးပြုဖို့ လောက်ပဲအသုံးဝင်ပါတယ်။ CWM ကတော့ Stock Recovery မလုပ်ဆောင်နိုင်သော Restoration,Installation စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ Back Up option ဆိုရင်လဲ ဖုန်းရဲ့ Stock Rom တစ်ခုလုံးကို Back up လုပ်နိုင်ပါတယ်။ထိုကဲ့သို့  Rom တစ်ခုလုံးကို Back up လုပ်ခြင်းဖြင့် ဖုန်း Settings,Games,Apps etc.. တွေကို သိမ်းဆည်းထားနိုင်ပါတယ်၊ CWM သွင်းထားခြင်း ဖြင့် Custom rom များကိုလည်း အလွယ်တစ်ကူ Install လုပ်နိုင်ပါတယ်။
  1.  Reboot System now
  2.   Apply update from SD card
  3.   Wipe data/Factory reset
  4.   Wipe cache partition
  5.   install zip from SD card
    •  apply/ SD card / update.zip
    •  choose zip from SD card
    •  toggle signature verification
    •  toggle script asserts
    •  +++Go Back+++
  6.   Back and Restore
    •  Back up 
    •  Restore
    •  Advanced Restore
  7.   Mount and Storage
    •  Mount /unmount/system/data/cache/sdcard or sd-ext
    •  format boot /system/data/cache/sdcard or sd-ext
    •  mount USB
  8.   Advanced
    • Reboot recovery 
    •  Wipe dalvik cache
    •  Wipe battery stats
    •  Report Error
    •  Key Test
    •  Partition SD card
    •  Fix permisions
Credit: Myanmar Mobile App
1 comments:
cwm recoveryကနေ zip installလုပ်လို့မရတော့ဘူး firmwareပြန်တင်လဲမရတော့ဘူး တခြားcwmတင်ရင်logoကပြန်မတတ် အာ့ဘာကြောင့်လဲ
Post a Comment