iPhone သည် ဈေးကွက်အတွင်းရှိ အကောင်းဆုံး Android ဖုန်းများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်

 
 
ခေါင်းစဉ်ကို ဖတ်ပြီး အံသြ သွားပါသလား စားသုံးသူတို့။ တစ်ခုတော့ ကြိုတင်ပြီး မှာပါရစေ။ စားသုံး သူတို့ အနေနဲ့ Android OS ရဲ့ လုပ်ဆောင် ချက်တွေကို အလုံးစုံ အသုံးချ ချင်တယ်၊ အကောင်းဆုံး hardware ကိုလည်းပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ Nexus 4 (သို့) Galaxy S4 (သို့) HTC One တို့ကိုဝယ်ယူလိုက်ပါ။

ဒါပေမယ့် အထက်ပါ Android စမတ်ဖုန်း ၃ မျိုး အပါအဝင် လက်ချိုးရေတွက်နိုင်သည့် ထိပ်တန်း Android စမတ်ဖုန်းများမှ အပ ကျန် Android စမတ်ဖုန်းများထက် ကောင်းမွန်တဲ့ Android ဖုန်းကတော့ iPhone ပဲ
ဖြစ်ပါတယ်။ ရှုပ်ရှက်ကို ခတ်နေတာပဲ။ ကဲ ရှင်းရှင်းလင်းလင်းပဲ ပြောပါတော့မယ်။

လက်ရှိဈေးကွက်အတွင်းက Android စမတ်ဖုန်းတွေမှာ Android 4.2.2 Jelly Bean အသုံးပြုတဲ့ ပမာဏ
က ၂၅ ရာခိုင်နှုန်းသာရှိပါတယ်။ ဒါ့ကြောင့်လည်း အထက်ပါ ၂၅ ရာခိုင်နှုန်းသော ထိပ်တန်းဖုန်းများသည်
သာ Jelly Bean နဲ့ အတူပါဝင်လာတဲ့ Google Now ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခု Android OS ဟာ အဆင့်မြင့်လာတဲ့အခါ စွမ်းရည်နိမ့် စမတ်ဖုန်းတွေကို အထောက်အပံ မ
ပေးတော့သလို version မြှင့်တင်ရာမှာလည်း အချိန်အတန်ကြာတတ်လေ့ ရှိပါတယ်။

ဒါပေမယ့် ယနေ့မှာတော့ Google Now ဟာ iOS App Store မှာ download ရယူနိုင်တော့မှာ ဖြစ်တဲ့အ
တွက် iPhone အသုံးပြူသူများ အနေနဲ့ Android OS ရဲ့ အကောင်းဆုံးနဲ့ အသုံးအဝင်ဆုံး app တွေကို ရ
ယူသုံးစွဲ နိုင်တော့မှာ ဖြစ်ပါတယ်။ iOS နဲ့ သုံးစွဲနိုင်မယ့်ဖုန်းများကတော့ ၂၀၀၉ ခုနှစ်မှာထွက်ခဲ့တဲ့ iPhone
3GS အထိ ပါဝင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ App Store ပေါ်၌ Google Now အပြင် Google ရဲ့ Gmail ၊ Maps ၊ Chrome စတဲ့ အ
ကောင်းဆုံးနဲ့ အသုံးအဝင်ဆုံး app စုစုပေါင်း ၂၅ ခုကို download လုပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဥပမာ - ခရီးသွားမြေပုံလမ်းညွှန် အသုံးပြုလိုတယ်ဆိုရင် Google Now က Google Maps app ကို ဖွင့်ပေး
မှာ ဖြစ်ပါတယ်။ iOS ရဲ့ ညံ့ဖျင်းတဲ့ မြေပုံကို သုံးစရာ မလိုတော့ပါဘူး။ ဒါ့အပြင် မိမိရဲ့ Google account နဲ့ ဝင်ရောက်ထားမယ်ဆိုရင် Google Now ကနေပြီး သက်ဆိုင်ရာ app များမှာ လုပ်ဆောင်ချက်များကို မှတ်
သားပြီး cloud ထဲ၌ သိမ်းဆည်းပေးထား တာကြောင့် နေရာမရွေး ၊ အချိန် မရွေး ပြန်လည် အသုံးပြုနိုင် မှာ
ဖြစ်ပါတယ်။ iOS နဲ့ Android ကို တိုက်ရိုက်ဆက်သွယ်ဖို့ တံတားထိုးပေး လိုက်သလိုပါပဲ။

အခြားတစ်ဖက်မှာတော့ အထက်မှာ ဖော်ပြခဲ့တာတွေအားလုံးကို ခြုံငုံပြီးကြည့်မယ်ဆိုရင် လွန်စွာမှ ကောင်း
မွန်ပြီး iOS သုံးသူများ အတွက် အဆင်ပြေမှာ ဖြစ်ပေမယ့် Android ကတော့ Android ပါပဲ။ အထူး သဖြင့် မိမိစိတ်ကြိုက်ပြောင်းလဲမှုတွေ ပြုလုပ်နိုင်တဲ့ အချက်ကို iPhone ပေါ်မှာ Google Now သုံးရင်တောင် ရရှိ
မှာမဟုတ်ပါဘူး။ iOS ကို Jailbreak လုပ်တာနဲ့ Android ကို root လုပ်တာရဲ့ကွာခြားချက်နဲ့ ရရှိနိုင်တဲ့ အ
ကျိုးအမြတ်တွေကလည်း ကွားခြားလွန်းလှပါတယ်။

အမှန်တကယ်တော့လည်း Google ဟာ အစကတည်းက ယင်းတို့၏ ဖန်တီးမှုများကို လူများများထံ ရောက်
ရှိစေရေး အခမဲ့ ပေးဝေခဲ့တာဖြစ်ပါတယ်။ များများသုံးလေ၊ ကြော်ငြာများများရလေ ဆိုတဲ့ သဘောပါပဲ။

iOS ကတော့ ပြောင်းပြန်ပါ။ အားလုံးကို ချုပ်ကိုင်ထားဖို့ဆိုတာ Apple ရဲ့ ရည်ရွယ်ချက်ပါပဲ။ ဒါပေမယ့် Google Now နဲ့အတူ Apple ရဲ့ တင်းကြပ်စွာ ဆုပ်ထားတဲ့ လက်သီးက ပြေလျော့လာနေပါပြီ။ နောက်
ထပ် ဘယ်တွေ၊ ဘယ်လို ပြောင်းလဲလာမလဲ ဆိုတာတော့ အချိန်ကပဲ စကားပြောပါလိမ့်မယ်။

 
Credit to : Myanmar Consumer Guide's

Ref: https://www.facebook.com/pages/Service-By-Art/383293195101850


0 comments:

Post a Comment