ကြိုးဖုန်းကြိုတင် ငွေဖြည့်ကတ်စနစ် ဆောင်ရွက်လျက်ရှိ



ကြိုးဖုန်းများကို ကြိုတင်ငွေဖြည့်ကတ် စနစ်ထည့်သွင်း အသုံးပြုနိုင်ရန် ဆက်လက်ဆောင်ရွက် လျှက်ရှိသည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ပြောကြားထားချက်အရ သိရသည်။

အော်တိုတယ်လီဖုန်းများအား လက်ကိုင်ဖုန်းများကဲ့သို့ ငွေကတ်ထည့်သွင်းပေးဆောင်နိုင်ရန် အစီအစီရှိ၊ မရှိ သိရှိလိုကြောင်းကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသို့ မေးမြန်း ခြင်းအပေါ်ဖြေဆိုထားခြင်းဖြစ်သည်။ ကြိုးဖုန်းကြိုတင် ငွေဖြည့်ကတ်စနစ်ကို ရန်ကုန်မြို့တွင် နယ်မြေလေးခု ခန့်သာဆောင်ရွက် ပေးနိုင်ကြောင်း၊ ဆက်လက်၍ ဆောင်ရွက်လျှက်ရှိပြီး အခြားနည်းလမ်းများလည်း စဉ်းစားကြံဆ၍ ဆောင်ရွက်လျက်ရှိကြောင်း ဖြေဆိုထားသည်။

“ဘီလ်ဆောင်ရတာ အလုပ်မရှုပ်တော့ဘူးပေါ့၊ ကြိုတင်ငွေဖြည့်ကတ်က ဖုန်းထဲမှာ ဘယ်လောက်ကျန်၊ ဘယ်လောက်သုံးတာ ချက်ချင်းသိနိုင်တာမို့ ဖြစ်စေချင်တယ်” ဟုအင်းစိန်မြို့နယ်ရှိ ၆၄xxxx ဖုန်းပိုင်ရှင်ကပြောသည်။ အဆိုပါဆောင်ရွက်ချက်ကို နည်းပညာပိုင်းအရ ရန်ကုန်မြို့တွင်ပင်နေရာအနှံ့ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း၊ Postpaid စနစ်ကိုဘဏ်စနစ်နှင့် ချိတ်ဆက်၍ အဆင်ပြေအောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းကိုလည်း စမ်းသပ်ကြံဆ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ငွေကတ်စနစ်ဖြင့် ဆောင်ရွက်ခြင်းအားဖြင့် သုံးစွဲသူမှာ အဆင်ပြေလွယ်ကူလာသကဲ့သို့ ဌာနအနေဖြင့်လည်း ကြွေးကျန်များမရှိသဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မည် ဖြစ်သည်ဟုဆိုသည်။

http://www.myanmarinternetjournal.com

0 comments:

Post a Comment