မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းဆောင်ရွက်မှုတွင် Huawei ဆက်သွယ်ရေး ကုမ္ပဏီက နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးရန်ရှိ



မြန်မာနိုင်ငံ၏ e-Government စနစ်လုပ်ငန်း ဆောင်ရွက်နေမှုတွင် တရုတ်နိုင်ငံ၏ Huawei ဆက်သွယ်ရေးကုမ္ပဏီက အဆင့်မြင့်နည်းပညာ ပိုင်းဆိုင်ရာ ကူညီမှုများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ ပြည်တွင်း e-Government စနစ်လုပ်ဆောင်နေမှုတွင် တရုတ်နိုင်ငံ၏ ထင်ရှားသည့် ဆက်သွယ်ရေးကုမ္ပဏီမှ နည်းပညာပိုင်း အကူအညီပေးမည်ဆိုသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မကြာသေးမီ ရက်ပိုင်းက တရုတ်ပြည်ခရီးစဉ်တွင် လိုက်ပါသွားခဲ့သည့် အစိုးရအဖွဲဝင် ဝန်ကြီးအချို့ကို Huawei Technologies Co.,Ltd မှ အဓိကတာဝန်ရှိ ပုဂ္ဂိုလ်များက ဆွေးနွေးတင် ပြခဲ့ခြင်းဖြစ်သည်။

ထို့အပြင် Huawei ဆက်သွယ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် တက်ရောက်နေသည့် ကျောင်းသားများကို စမတ်ဖုန်းနည်းပညာများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဝေမျှပေးသွားရန်လည်းရှိနေသည်။ Huawei ဆက်သွယ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းဆောင်ရွက်နေမှုတွင် ၎င်းတို့၏ နည်းပညာများဖြင့် ကဏ္ဍတစ်ခုမှ ပါဝင်ထောက်ပံ့လိုသည့် အစီအစဉ်သည် ပြီးခဲ့သည့်နှစ်အနည်းကတည်းက ရှိနေခဲ့ခြင်းဖြစ်ပြီး ယင်းအကြောင်းအရာနှင့် ပတ်သတ်ပြီး ပြည်တွင်းမီဒီယာအချို့သို့လည်း ပြောကြားခဲ့ဖူးသည်။

http://www.myanmarinternetjournal.com

0 comments:

Post a Comment