မိုဘိုင်းဖုန်းများမှတစ်ဆင့် တိုင်းရင်းသားဘာသာစကား တစ်ခုဖြစ်သည့် ရှမ်းဘာသာစကားကို သင်ယူနိုင်စေရန် အက်ပလီကေးရှင်းတစ်ခု ထုတ်လုပ်ပေးသွားမည်ဟု သိရသည်။
အက်ပလီကေးရှင်းကို Google Play ၌ Tai Learner အမည်ဖြင့်အခမဲ့ တင်ဆက်ပေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်၌စမ်းသပ်ဆဲ အဆင့်သာရှိသည့်အတွက် ဇူလိုင် တတိယအပတ်မှ တင်ဆက်ပေးနိုင်မည်ဟု သိရသည်။
Android စနစ်အသုံးပြုသည့် မိုဘိုင်းဖုန်းများ၌ အဆိုပါ အက်ပ လီကေးရှင်းကို အသုံးပြုနိုင်မည် ဖြစ်ပြီး ရှမ်းစာသင်ဝိုင်းများအတွက် အထောက်အပံ့ဖြစ်စေရန် အဓိက ရည်ရွယ်ထားကြောင်း ဒီဂျစ်တယ် သုံးရှမ်းဘာသာစကားကို အကောင် အထည်ဖော်ဆောင်ရွက်နေသည့် ကိုစိုင်းမွမ်ခမ်းက ပြောသည်။
“အခုထွက်တဲ့ အက်ပလီကေးရှင်းက ရှမ်းစာတက်တဲ့လူတစ်ယောက် အကူအညီမပါဘဲနဲ့တော့ သင်ယူလို့ရမှာမဟုတ်ဘူး။ ဒါပေမယ့်နောက်ပိုင်းမှာ ရှမ်းဘာသာစ ကားတက်သူမပါဘဲနဲ့ ကိုယ်တိုင်လေ့လာသင်ယူနိုင်မယ့် အက်ပလီကေးရှင်းကိုလည်း ဆက်ပြီးထုတ်လုပ်ပေးသွားဖို့ ရှိပါတယ်” ဟု ၎င်းကပြောသည်။
လက်ရှိဖြန့်ဝေသွားမည်ဖြစ်သည့် ရှမ်းဘာသာစကား လေ့လာသင်ယူရေး အက်ပလီကေးရှင်းသည် တိုင်းရင်းသားဘာသာ စကားများအနက် ပထမဦးဆုံးထွက်ရှိလာသည့် အက်ပလီကေးရှင်းဖြစ်ပြီး ရှမ်းဘာသာစကားအတွက် ပထမအဆင့်မှ စတင်လေ့လာသင်ယူနိုင်ရန် ဖန်တီးထားသည်ဟု သိရသည်။
အသံထွက်နှင့်တကွ လေ့လာသင်ယူနိုင်မည့် အဆိုပါ Tai Learner ကိုဗားရှင်းနိမ့် Android ဖုန်းများ၌ပါ အသုံးပြုနိုင်စေရန် စီစဉ်ထားကြောင်း လေ့လာသင်ယူ လိုသူများအနေဖြင့် Google Play ၌အခမဲ့ရယူ၍ လေ့လာသင်ယူနိုင်ကြောင်း သိရသည်။
http://www.myanmarinternetjournal.com






0 comments:
Post a Comment