
ကိုထွန်းအောင်တစ်ယောက် မိုဘိုင်းဖုန်းဖြင့် အွန်လိုင်းပေါ် သ တင်းများ ဖတ်ရှုနေရင်း သူငယ် ချင်းဆီကို ဖုန်းခေါ်ရန် အင်တာ နက်ကို ခေတ္တပိတ်လိုက်သည်။
ဖုန်းခေါ်ဆိုခ သက်သာသည့် တယ်လီနောဖုန်းဖြင့် ပြောင်းလဲ ခေါ်ဆိုရန် MPT ၏ မိုဘိုင်းအင် တာနက်ကို ပိတ်လိုက်ခြင်းဖြစ်သည်။
‘‘တယ်လီနောကို ဘီလ် သက်သာတဲ့အတွက် ဖုန်းခေါ်ရင်သုံးတယ်။ MPT ကို ဖုန်းအ၀င် လက်ခံတဲ့ အခါသုံးပါတယ်။ အင်တာနက်သုံးတဲ့အခါမှာ အူရီးဒူးက လိုင်းမမိတဲ့နေရာတွေ ရှိသေးတဲ့အတွက် MPT ရဲ့ အင်တာနက်ကို တွဲပြီး သုံးနေပါတယ်’’ ဟု ရန်ကုန်မြို့ရှိ အိုင်တီကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသူ ကိုထွန်းအောင်က ၎င်း၏ မိုဘိုင်းဖုန်းအသုံးပြုရန် စီမံခန့်ခွဲမှုကို ရှင်းပြသည်။
နှစ်ပေါင်းများစွာ ရွေးချယ် ခွင့်မရှိဘဲ အစိုးရအော်ပရေတာ ဖြစ်သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) ၏ ၀န်ဆောင်မှု တစ်ခုတည်းကိုသာ အသုံးပြုခဲ့ရ သော မြန်မာပြည်သူများသည် ပြီးခဲ့ သည့် လအနည်းငယ်အတွင်းမှစ ၍ ပြည်ပဆက်သွယ်ရေး အော်ပ ရေတာနှစ်ခုမှ မိုဘိုင်းဝန်ဆောင်မှု များ ပေးလာသည့်အတွက် သုံးစွဲ သူများကြား ရွေးချယ်ခွင့် ပိုရလာ သည်။
ထို့အတူ စားသုံးသူ အသာရ သော ဈေးကွက်ပုံစံ စဖြစ်လာ၍ ယခင်မကြုံဖူးသော ၀န်ဆောင်မှု များ စတင်ရရှိလာပြီဖြစ်သည်။ ယခင်ဖုန်းတစ်လုံး ကျပ်သိန်း ၄၀၊၅၀ ထိပေးဝယ်ရပြီး ကမ္ဘာ့ဖုန်း ဈေးအကြီးဆုံးနိုင်ငံတွင် ကျပ်ထောင်ဂဏန်းဖြင့် ကိုင်နိုင်လာပြီဖြစ်သည်။ ၂၀၁၄ ဇူလိုင်တွင် ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် ကာတာနိုင်ငံအ ခြေစိုက် အူရီးဒူးက MPT ထက် သက်သာသော ဈေးနှုန်း၊ ဖုန်းပြော ခများဖြင့် ဈေးကွက်ကိုစတင်မိတ် ဆက်ခဲ့သည်။ တစ်လကျော်အ ကြာတွင် နော်ဝေးနိုင်ငံ အခြေစိုက် တယ်လီနောကလည်း ၎င်းတို့ ထက် သက်သာသော ၀န်ဆောင်ခ ဖြင့် အသုံးပြုသူများကို စတင်ဝန် ဆောင်မှုများ ပေးပြန်သည်။
အော်ပရေတာအသစ်နှစ်ခု စလုံးက MPT ထက် သက်သာ သော ဖုန်းပြောခဖြင့် ၀န်ဆောင်မှု ပေးခဲ့သလို အသုံးပြုသူများ ယခင် မရရှိခဲ့ဖူးသော အပိုထပ်ဆောင်း ၀န်ဆောင်မှုများဖြစ်သည့် နိုင်ငံတ ကာသို့ ဖုန်းခေါ်ဆိုမှုများ၊ SMS ၀န်ဆောင်မှုများရရှိလာသည်။
‘‘အော်ပရေတာသစ်တွေ ချ ပြီးတဲ့နောက်ပိုင်းမှာ ဈေးသက် သာတဲ့ ၀န်ဆောင်မှုကို ရွေးပြီး တော့ သုံးခွင့်ရလာတဲ့အတွက် အ ရင်ကထက် ဖုန်းအသုံးပြုခအနေနဲ့ တစ်လကို ၃၀ ရာခိုင်နှုန်းလောက် ထိ ကုန်ကျစရိတ်လျော့သွားတယ်’’ ဟု ကိုထွန်းအောင်က ပြောသည်။
မိုဘိုင်းဖုန်းဈေးကွက်တွင် လုပ်ကိုင်ခွင့်ရထားသော အူရီးဒူး၊ တယ်လီနော၊ MPT (မြန်မာ့ဆက် သွယ်ရေး)၊ ရတနာပုံတို့အထဲတွင် ရတနာပုံမှအပ ကျန်အော်ပရေ တာ သုံးခုလုံး ၀န်ဆောင်မှုများ အပြိုင် ပေးနေပြီဖြစ်သည်။ ဂျပန် နိုင်ငံမှ KDDI ၊ ဆူမီတိုမိုတို့နှင့် ပူးပေါင်းကာ ၀န်ဆောင်မှု ပေးလာ သော MPT သည်လည်း အခြား အော်ပရေတာများကဲ့သို့ အသုံးပြု ခများ လျှော့ချပေးရန် ပြင်ဆင်နေ ပြီဖြစ်သည်။
နောက်ဆုံးအော်ပရေတာ တစ်ခုဖြစ်သည့် ရတနာပုံတယ်လီ ပို့သည် အများပိုင်ကုမ္ပဏီ တစ်ခုအနေဖြင့် ရပ်တည်သွားမည်ဖြစ် သည့်အတွက် ၎င်းတို့၏ ဆင်းမ် ကတ်တစ်ခု ၀ယ်ယူသူတိုင်း အစု ရှယ်ယာတစ်ခု ရရှိမည့် ပုံစံဖြင့် ၀န်ဆောင်မှုပေးသွားမည်ဟု ပြော ကြားထားပြီး ၂၀၁၅ အတွင်း စ တင်နိုင်မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
အစိုးရသစ်တက်လာပြီး နောက်ပိုင်းတွင် နိုင်ငံရေးနှင့် စီး ပွားရေးတွင် ပြုပြင်ပြောင်းလဲမှု များ တစ်ပြိုင်နက်တည်းပြုလုပ်ရာ တိုးတက်မှုနည်းပါးကြောင်း အ များစုက သုံးသပ်ကြသည်။ သို့ သော် ကားဈေးကွက်ကဲ့သို့ပင် ဆက်သွယ်ရေးကဏ္ဍမှာ များစွာပြောင်းလဲသွားသည်။ လက်ရှိတွင် ဆက်သွယ်ရေး ဈေးကွက်၌ MPT မှာ ဆင်းမ်ကတ် ပေါင်း ၁၁ သန်းကျော်၊ အူရီးဒူးမှ တစ်သန်းကျော်နှင့် တယ်လီနောမှ နှစ်သန်းကျော်ဖြင့် အော်ပရေတာ သုံးခုပေါင်း ၁၄ သန်းကျော်အထိ ရောင်းချပေးထားသည်။ ထို့ကြောင့်နိုင်ငံလူဦးရေနှင့် အချိုးချလျှင် လူလေးဦးလျှင် တစ်ဦးနှုန်း ဖုန်းကိုင်လာနိုင်ခြင်းဖြစ်၏။
သို့သော် ဆက်သွယ်ရေး အော်ပရေတာသုံးခုစလုံး၏ ၀န် ဆောင်မှုများသည် ယခုအချိန်ထိ အားသာချက်၊ အားနည်းချက် ကိုယ်စီရှိနေသည့်အတွက် မူလက မိုဘိုင်းဖုန်းရှိသူများအနေဖြင့် ပို၍ ကောင်းမွန်သော ၀န်ဆောင်မှုများ ကို မျှော်လင့်နေကြဆဲဖြစ်သည်။
‘‘ဘယ်ဟာမှ အဆင်ပြေဆုံး အဖြစ် သုံးလို့မရသေးဘူး။ အား လုံးထက် ဖုန်းလိုင်းကောင်းတဲ့ MPT ကျတော့ ဈေးကြီးတယ်။ ခေါ်ဆိုခသက်သာတဲ့ တယ်လီနော ကျတော့ နယ်တွေမှာ အဆင်မပြေသေးဘူး။ အင်တာနက်လိုင်း မြန်တယ်ဆိုတဲ့ အူရီးဒူးကျတော့လည်း ကွန်ရက်မမိတဲ့နေရာက များနေတယ်လေ’’ ဟု ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှ မိုဘိုင်းဖုန်းအသုံးပြုသူ ကိုအောင်ခန့်က ပြောသည်။
ဈေးကွက်လက်ဦးမှုယူခဲ့သော
အူရီးဒူး
အူရီးဒူးသည် ဈေးကွက်အတွင်း၌ လက်ဦးမှုရယူနိုင်ခဲ့ပြီး အသုံးပြုလိုသူများသောကြောင့် မှောင်ခို ဈေးကွက်ဖြစ်သည်အထိ အလုအ ယက် ၀ယ်ယူခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့ဈေးကွက် မိတ်ဆက်ခဲ့သည့် မြို့ကြီးသုံးခုထဲမှ လူဦးရေ အထူထပ်ဆုံးမြို့ဖြစ်သည့် ရန်ကုန်တွင်မူ လိုင်းမမိသည့်နေရာ အများအပြားရှိခဲ့သည့်အတွက် သုံးစွဲသူများ၏ ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသလို စိတ်ဝင်စားမှုလည်း လျော့နည်းလာသည်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့အပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် တာဝါတိုင်ပေါင်း ငါးရာကျော် စိုက်ထူကာ ၀န်ဆောင်မှုပေးနေသော်လည်း လိုင်းမမိသော ပြဿနာကြောင့် ရန်ကုန်တွင် အူရီးဒူးဆင်းမ်ကတ်မှာ မှောင်ခိုဈေးကွက်သို့ပင် မ၀င်တော့ပေ။ အူရီးဒူးကိုယ်စားလှယ်ဆိုင်များတွင် ကျပ် ၁၃၀၀ ဖြင့် လွယ်ကူစွာ ၀ယ်ယူနိုင်နေပြီဖြစ်သည်။
ဖုန်းလိုင်းမမိသည့် ပြဿနာများကြောင့် ဝေဖန်မှုများနှင့် ကြုံတွေ့နေရသော်လည်း 3G ကွန်ရက်ဖြင့် ၀န်ဆောင်မှုပေးနေသည့်အတွက် လိုင်းမိသည့်နေရာ၌ အင်တာနက်မြန်နှုန်းမှာ အခြားအော်ပရေတာနှစ်ခုထက် အနည်းငယ်သာလွန်ကြောင်း အသုံးပြုသူအချို့က ပြောသည်။
အူရီးဒူး၏ မိုဘိုင်းဝန်ဆောင် မှုနှုန်းမှာ ဖုန်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်၊ SMS တစ်စောင်လျှင် ၁၅ ကျပ် နှင့် အင်တာနက်အသုံးပြုခကို 1MB လျှင် ၁၀ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။
၎င်းတို့၏ ဆင်းမ်ကတ်များ တွင် နိုင်ငံတကာသို့ ဖုန်းခေါ်ဆို နိုင်သည့် (International Calling) ၀န်ဆောင်မှုနှင့် ပြည်ပသို့ သယ်ယူ အသုံးပြုနိုင်သည့် Roaming ၀န် ဆောင်မှုတို့ တစ်ခါတည်း ပါရှိ သည်ဟု ဆိုသော်လည်း ခေါ်ဆို၍ ရသည့် နိုင်ငံစာရင်းကို အတိအ ကျထုတ်ပြန်ထားခြင်း မရှိသေး ပေ။
စနစ်တကျပြင်ဆင်ပြီးမှလာသော တယ်လီနော
ဈေးကွက်သို့ ၀င်ရောက်လာ မှု နောက်ကျခဲ့သော်လည်း ကြို တင်ပြင်ဆင်ချိန်များရရှိခဲ့သည့် တယ်လီနောသည် ၎င်းတို့ ရှေ့ တွင် အော်ပရေတာများ ၀န်ဆောင် မှု စတင်ပေးသောအခါ ဖြစ်ပေါ်ခဲ့ သည့် မှောင်ခိုဈေးကွက်ဖြစ်ပေါ် ခြင်းကို အနည်းဆုံးဖြစ်အောင် ထိန်းချုပ်နိုင်ခဲ့သည်။ အလွယ်တ ကူဝယ်ယူနိုင်စေရန် စီစဉ်ပေးနိုင် ခဲ့သောကြောင့် ဈေးကွက်အဖွင့် တွင် သုံးစွဲသူများအကြား မျက်နှာ ပန်းလှခဲ့သည်။
တယ်လီနောသည် ၎င်းတို့၏ မိုဘိုင်းကွန်ရက်ကို 2G နှင့် 3G တွဲ ဖက်၍ သုံးစွဲရအဆင်ပြေသည့် အ လယ်အလတ်ဝန်ဆောင်မှုတစ်ခု ဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည် တော်တို့၏ နေရာအများစုတွင် အ သုံးပြုနိုင်ရန် ၀န်ဆောင်မှုပေးနိုင် ခဲ့သည့်အတွက် သုံးစွဲသူများ၏ ယုံ ကြည်မှု အများဆုံးရခဲ့ပြီး ဝေဖန်မှု အနည်းဆုံး ကြုံတွေ့ခဲ့ရသည့် အော်ပရေတာဖြစ်သည်။
သို့သော် တယ်လီနော၏ မို ဘိုင်းဝန်ဆောင်မှုမှာ မြို့ကြီးသုံးခု တွင်သာ ၀န်ဆောင်မှုပေးနိုင်သေး ပြီး အချို့နေရာများတွင် ဖုန်းခေါ် ဆိုရ ခက်ခဲခြင်းနှင့် လိုင်းသိပ်မမိ သည့် ပြဿနာများနှင့် ကြုံတွေ့ နေရသေးသည်။ ၎င်းတို့၏ မိုဘိုင်း ကွန်ရက်တွင် လိုအပ်ချက်အချို့ ရှိ နေသေးကြောင်း တယ်လီနော၏ အမှုဆောင်အရာရှိချုပ် Petter Furberg က ၀န်ခံထားသည်။
‘‘တယ်လီနောက ၀န်ဆောင် မှုပေးတဲ့အခါမှာ ကြိုတင်ပြင်ဆင် မှုကောင်းသလို ပြောထားတဲ့အ တိုင်း ၀န်ဆောင်မှုပေးခဲ့တဲ့အတွက် သုံးစွဲသူတွေက ရွေးချယ်စရာတစ်ခုအနေနဲ့ ၀ယ်လာကြတာကို တွေ့ရတယ်’’ ဟု လူကြီးမင်း စီးပွားရေး လုပ်ငန်းစုမှ မန်နေဂျင်းဒါရိုက်တာ ကိုပြည်စိုးထွန်းက ပြောသည်။
တယ်လီနောသည် မန္တလေး တွင် တာဝါတိုင် ၁၀၀ ကျော်၊ နေ ပြည်တော်တွင် တာဝါတိုင် ၉၀ ကျော်နှင့် ရန်ကုန်တိုင်းအတွင်း၌ တာဝါတိုင်ပေါင်း ၃၅၀ ကျော်ဖြင့် အဆိုပါမြို့သုံးမြို့တွင် တာဝါတိုင် ပေါင်း ၅၅၀ ကျော်ဖြင့် ၀န်ဆောင် မှုများ ပေးလျက်ရှိသည်။
လတ်တလောတွင် တယ် လီနောမှာ ဈေးကွက်အတွင်း၌ ဆင်းမ်ကတ်များ ပစ္စည်းပြတ်သည် အထိ ရောင်းခဲ့ရကြောင်း ရန်ကုန် မြို့ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင် များက ပြောသည်။
တယ်လီနော၏ ဖုန်းပြောခ နှင့် SMS ပေးပို့ခများမှာ အူရီးဒူး နှင့်တန်းတူဖြစ်ပြီး အင်တာနက်အ သုံးပြုခအတွက် သာမန်မြန်နှုန်းရှိ သော MyInternet ကို 1MB လျှင် ၆ ကျပ်နှင့် မြန်နှုန်းပိုကောင်းသော Smart Internet ကို ၁၀ ကျပ်နှုန်း ဖြင့် ကောက်ခံလျက်ရှိပြီး Face-book Zero နှင့် Wikipedia Myan-mar တို့အတွက် အင်တာနက် အသုံးပြုခကို အခမဲ့ပေးထားသည်။
ထို့အပြင် တယ်လီနော ဆင်းမ်ကတ်များအား ပထမဆုံး အကြိမ် ငွေဖြည့်သွင်းခြင်းအ တွက် အပိုဘောနပ်စ်များ ပေး ထားသောကြောင့် သုံးစွဲသူများက သဘောကျနေသည်။
ပန်းပန်ဆဲ MPT
အစိုးရအော်ပရေတာတစ်ခု ဖြစ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် အော်ပရေတာသုံးခု ထဲ၌ နိုင်ငံတစ်ဝန်းတွင် ကွန်ရက် အများဆုံးကို ဖြန့်ကြက်ထားနိုင်သလို သုံးစွဲသူအများဆုံး ရရှိထားသည့် အော်ပရေတာတစ်ခုဖြစ်သည်။
သို့သော် ၎င်းတို့၏ ၁,၅၀၀ ကျပ်တန် ဆင်းမ်ကတ်များသည် အလွယ်တကူ ၀ယ်ယူ၍ မရရှိသေးဘဲ မှောင်ခိုဈေးကွက်တွင် ကျပ်တစ်သောင်းကျော် ဈေးပေါက်သည်။ ပြင်ပဈေးကြီးသည့် အပြင်ဖုန်း အသုံးပြုခနှုန်းမှာလည်း အခြားအော်ပရေတာများထက် ဈေးကြီးနေသည့်အတွက် ဝေဖန်မှုများနှင့် ကြုံတွေ့နေရသည်။
၎င်းတို့၏ မိုဘိုင်းကွန်ရက်မှာ ယခင်အစိုးရလက်ထက်ကတည်း က နိုင်ငံတစ်ဝန်း၌ အသုံးပြုနိုင် သောကြောင့် အသုံးပြုသူများပြားနေခြင်းဖြစ်ပြီး ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်းလိုက်သည့်အတွက် ပြောင်းလဲလာမည့် ၀န်ဆောင်မှု ကို ပြည်သူအများစုက စောင့်မျှော် လျက်ရှိသော်လည်း လက်ရှိအချိန် ထိ ယခင်က ၀န်ဆောင်မှုပုံစံကို သာ ကျင့်သုံးနေဆဲဖြစ်သည်။
‘‘MPT က ကွန်ရက်အများ ဆုံး ဖြန့်ထားတဲ့အတွက် ၀ယ်ချင် တဲ့လူတွေများတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဖြန့်ချိရေးပုံစံက ဘယ်လောက်ရောင်းပေးတယ်ဆိုပြီး စာရင်းတွေ ထွက်လာပေမယ့် ဆင်းမ်ကတ်တွေက ဘယ်ရောက်သွား မှန်းမသိဘဲ လိုသလောက် ၀ယ်လို့မရဘူးဖြစ်နေတယ်’’ ဟု မိုဘိုင်းဖုန်း အရောင်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
MPT ၏ မိုဘိုင်းဝန်ဆောင်ခနှုန်းထားများမှာ မည်သည့်ဖုန်းမ ဆို တစ်မိနစ် ၅၀ ကျပ်၊ SMS တစ် စောင်လျှင် ၂၅ ကျပ်၊ အင်တာ နက်အသုံးပြုခအနေဖြင့် GSM ဖုန်းများအတွက် တစ်မိနစ် ၂ ကျပ်၊ WCDMA နှင့် CDMA ဖုန်းများ အတွက် တစ်မိနစ်လျှင် ၄ ကျပ် နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။ အ ခြားအော်ပရေတာများတွင် ဆင်းမ် ကတ်ဝယ်ပါက အင်တာနက်တစ် ခါတည်း အသုံးပြုနိုင်သော်လည်း MPT ဆင်းမ်ကတ်တွင် ငွေတစ် သောင်းကျပ်နှင့် အင်တာနက်ကို ပြန်လျှောက်ပြီးမှ သုံးနိုင်သည်။
MPT သည် လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ တာဝါတိုင်ပေါင်း နှစ်ထောင်ကျော် တည်ဆောက်ထားသည်။
အော်ပရေတာသုံးခု ဈေး ကွက်တွင် အပြိုင်ကြဲနေကြပြီဖြစ် သော်လည်း နိုင်ငံခြားအော်ပရေ တာနှစ်ခုမှာ ကွန်ရက်ဖြန့်ကြက်မှု အပိုင်း၌ စိန်ခေါ်မှုများစွာ ရှိနေသ လို အစိုးရအော်ပရေတာ MPT တွင်လည်း ၀န်ဆောင်မှုပိုင်းတွင် အားနည်းချက်များ ရှိနေသေးသည်။
‘‘ပြီးပြည့်စုံတဲ့ ကွန်ရက်တစ်ခု ဖြစ်လာဖို့ဆိုရင် အစိုးရက ဆက် သွယ်ရေးကုမ္ပဏီတွေကို အချိန် မြန်မြန်နဲ့ မလိုအပ်တဲ့ ကုန်ကျစ ရိတ်တွေ လျော့သွားအောင် လုပ် ခွင့်ပေးဖို့ လိုအပ်တယ်။ အဲဒီလိုမ ဟုတ်ဘဲ လုပ်ငန်းတစ်ခုလုပ်ဖို့ ခွင့် ပြုချက်တွေ စောင့်ပြီး အချိန်တွေ၊ ကုန်ကျစရိတ်တွေ ပိုသွားမယ်ဆို ရင် အဲဒီစရိတ်တွေက အသုံးပြုသူ တွေကို ၀န်ပိစေမှာပဲ’’ ဟု မန္တလေး တိုင်း ကွန်ပျူတာလုပ်ငန်းရှင်အသင်း နာယက ဦးရဲမြတ်သူကပြောသည်။
ပြည်ပအော်ပရေတာ နှစ်ခု၏ကွန်ရက်မှာ မြို့ကြီးသုံးခုနှင့် အနီးတစ်ဝိုက်သာ အသုံးပြုနိုင်သေး၍ ဆက်သွယ်ရေးအပြောင်းအလဲကို နယ်မြို့များတွင် ကောင်းစွာမခံစား ရသေးသလို လူသုံးများသည့်အ ချိန်၌ လိုင်းကျပ်သည့် ပြဿနာ များကို အော်ပရေတာသုံးခုလုံး ကြုံတွေ့နေရသေးကြောင်း အသုံး ပြုသူများက ပြောသည်။
‘‘ဘယ်အော်ပရေတာကိုပဲ ပြောင်းသုံးသုံး လူသုံးများတဲ့အ ချိန်မှာ လိုင်းကျပ်ပြီး ခေါ်လို့မရတဲ့ ပြဿနာက ဖြစ်နေတုန်းပဲ။ ပြီး တော့ ပြည်ပအော်ပရေတာတွေရဲ့ ကွန်ရက်က မြို့ကြီးတွေမှာပဲ ရ သေးတဲ့အတွက် နေရာတိုင်းမှာ ဈေးသက်သာတဲ့ ၀န်ဆောင်မှုကို အသုံးပြုခွင့် ရချင်ပါတယ်’’ ဟု မန္တလေးမြို့နေ ကိုအောင်ပိုင်က မျှော်လင့်ချက်ကို ပြောသည်။
ယခုအခါ ဖုန်းအသုံးပြုသူများမှာ ရွေးချယ်ခွင့်များစွာရှိလာသည်/ဓာတ်ပုံ - လင်းဘိုဘို/အီးပီအေ
7Day Daily






0 comments:
Post a Comment