ရန်ကုန်မြို့ ကျောင်တံတားမြို့နယ် ဗဟာဗန္ဓုလလမ်းဘေးတွင် အော်ရီဒူး (Ooredoo) ဆင်းကဒ်များ ရောင်းချနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ခေါ်ဆိုခ ပြောင်းလဲ သတ်မှတ်ရာတွင် ပြည်ပ နိုင်ငံ ၄၆ နိုင်ငံသို့ ခေါ်ဆိုခ ၇၅၀ ကျပ် ကျသင့်ရာမှ ကနေဒါ နှင့် အမေရိကန် နိုင်ငံတို့ကို ခေါ်ဆိုခ ကျပ်တစ်ရာ အထိ လျှော့ချသတ်မှတ်ထားသည်။
အရှေ့တောင်အာရှနိုင်ငံများနှင့် ကင်မရွန်း နိုင်ငံတို့ သို့ တစ်မိနစ် ခေါ်ဆိုခကို ကျပ် ၂၀၀ သတ်မှတ်ထားသည်။တောင်ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင် စသည့် အူရီးဒူးဖုန်းများ ဆက်သွယ်နိုင်မည့် အာရှနိုင်ငံများသို့ ခေါ်ဆိုခ တစ်မိနစ် ကျပ် ၄၀၀ နှင့် ဥရောပနိုင်ငံများသို့ တစ်မိနစ်ဖုန်းပြောဆိုခ ကျပ် ၆၀၀ နှုန်းသတ်မှတ် ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတကာမိုဘိုင်းဖုန်းများသို့ အူရီဒူးဖုန်းအသုံးပြု၍ ခေါ်ဆိုလိုပါက၊ ၀၀ (သို့မဟုတ်) + (အပေါင်းလက္ခဏာ) နှင့် ခေါ်ဆိုမည့်နိုင်ငံ၏ကုဒ်နံပါတ်၊ ရှေ့ဆုံးမှသုည မပါဘဲမိမိခေါ်ဆိုလိုသောမိုဘိုင်းဖုန်းနံ ပါတ်ကို နှိပ်ပြီး ခေါ်ဆို နိုင်မည်ဖြစ်သည်။
နိုင်ငံတကာ ဖုန်းခေါ်ဆိုခ လျှော့ချခြင်းနှင့် ပတ်သက်ပြီး အူရီဒူး၏ အကြီးတန်းလူမှုဆက်ဆံရေး နှင့် ပြန်ကြားရေး မန်နေဂျာ မသီရိကြာညို က " ဒီလိုဈေးနှုန်း တွေ ပြင်ဆင် သတ်မှတ်လိုက်တဲ့ အတွက် သုံးစွဲသူတွေအားလုံး နိုင်ငံရပ်ခြားကို ဖုန်းခေါ်ဖို့ အဆင်ပြေသွားပါမယ်" ဟု ပြောသည်။
အူရီးဒူးက လက်ရှိအချိန်တွင် နိုင်ငံ ၄၆ နိုင်ငံကို ဆက်သွယ်နိုင်မည် ဖြစ်ပြီး တစ်မိနစ် ခေါ်ဆိုခ ကျပ် တစ်ရာမှ ကျပ် ခြောက်ရာအတွင်း ကျသင့်မည်ဖြစ်သည်။ ယခင်က ပြည်ပနိုင်ငံများသို့ ခေါ်ဆိုခ တစ်မိနစ် ကျပ် ၇၅၀
ဖြစ်သည်။
ပြည်တွင်းခေါ်ဆိုခကိုလည်း မည့်သည့်အော်ပရေတာသို့ ခေါ်ဆိုသည်ဖြစ်စေ တစ်မိနစ်ဖုန်းပြောဆိုခ ၂၅ ကျပ်နှုန်း သို့ လျှော့ချပေးထားသည်။ အောက်တိုဘာ လလယ် အူရီးဒူး၏ စစ်တမ်းများအရ မြန်မာနိုင်ငံ၏ လူဦးရေ ၁၂ ဒသမ၅သန်းကို ကွန်ရက် ဖြန့်ထားပြီး ဖြစ်ပြီး ၂၀၁၄ နှစ်ကုန်တွင်လူဦးရေ၂၅သန်းကိုကွန်ရက် ဖြန့်ကျက်နိုင်မည်ဟုလည်း အူရီးဒူးက ထုတ်ပြန်ထားသည်။
mizzimaburmese






0 comments:
Post a Comment