မိုဘိုင်း ထုတ်ကုန်များတွင် လက်အမူအရာဖြင့် ထိန်းချုပ်နိုင်သည့် နည်းပညာကို Elliptic Labs ပြသ


မိုဘိုင်း ထုတ်ကုန်များတွင် လက်အမူအရာဖြင့် ထိန်းချုပ်နိုင်မည့် နည်းပညာကို လေ့လာနေသည့် Elliptic Labs သည် မိုဘိုင်း ထုတ်ကုန်များ၌ အလွန်မြန်ဆန်သည့် လက်အမူအရာများဖြင့် ထိန်းချုပ်မှုများ ပြုလုပ်နိုင်မည့် “Ultrafast Ultra-far Interaction” နည်းပညာကို ထုတ်ဖော်ပြသ ခဲ့သည်။


အဆိုပါ နည်းပညာမှာ နှုန်းလွန်အသံလှိုင်း (Ultrasound) အချက်ပြ သင်္ကေတများကို Ultrasonic နည်းပညာ ထည့်သွင်းထားသည့် စမတ်ဖုန်းနှင့် tablet စပီကာသို့ ပေးပို့ကာ ၎င်းထုတ်ကုန်များမှ လက်အမူအရာများကို မှတ်တမ်းတင် ထားမည်ဖြစ်သည်။ Elliptic Labs ၏နည်းပညာသည် လက်အမူအရာကို မှတ်သားထားကာ ထုတ်ကုန် မျက်နှာပြင်ပေါ်ရှိ အရာဝတ္ထုများကို ရွေ့လျားနိုင်မည် ဖြစ်သည်။ ၎င်းနည်းပညာကို Mobile World Congress တွင်ပြသခဲ့ပြီး Elliptic Labs မှလတ်တလော ထွက်ရှိထားသော Multi-Layer Interaction function ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ မိုဘိုင်း ကုမ္ပဏီများအနေဖြင့် စမ်းသပ်မှုများ ပြုလုပ်နိုင်ရန် Elliptic Labs SDK (software development kit) နှင့် PDK (product development kit) တို့ကိုထုတ်လုပ် ပေးထားသည်။


ထိုသို့ kit များ ထုတ်လုပ်ပေးပြီး တိုးတက်မှုရှိအောင် လုပ်ဆောင်ခြင်းသည် Elliptic Labs ၏နည်းပညာကို လျင်မြန်စွာ တိုးတက်လာမည် ဖြစ်သည်။ ထို့အပြင် ကုမ္ပဏီအနေဖြင့် ၎င်းနည်းပညာ၏ မြန်နှုန်းနှင့် တိကျမှုကို အဆင့်မြှင့်တင်ရန် အတွက်လည်း လုပ်ကိုင်နေကြောင်း သိရသည်။ သုံးစွဲသူများ အနေဖြင့် မိုဘိုင်းထုတ်ကုန်၏ မျက်နှာပြင် ၇ ပေ အကွာအဝေးနှင့် ပတ်လည် ၁၈၀ ဒီဂရီအတွင်း လက်အမူအရာ လှုပ်ရှားမှုများဖြင့် ထိန်းချုပ်နိုင်ရန် ဖန်တီးနေလျက် ရှိသည်။


Ref: TheNextWeb


 http://internetjournal.media/news/1936


0 comments:

Post a Comment