Nexus မိုဘိုင်းထုတ်ကုန်များကို ပိုင်ဆိုင်သူများသည် Android 5.1 Lollipop ထံ အဆင့်မြှင့်တင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
Google သည် တနင်္လာနေ့က Nexus 4, Nexus 5
စမတ်ဖုန်းနှင့် 2013 Nexus 7 tablet တို့အတွက် နောက်ဆုံးပေါ် Android
Lollipop operating system ကို T-Mobile မှတဆင့် ဖြန့်ချိခဲ့ကြောင်း
ကြေညာခဲ့သည်။ T-Mobile ၏ Nexus 4 စာမျက်နှာ၊ Nexus 5 စာမျက်နှာနှင့် 2013
Nexus 7 စာမျက်နှာတို့တွင် 5.1 update ကို Wi-Fi မှတဆင့် over-the-air
(OTA) ဖြင့် ရယူနိုင်ကြောင်း ဖော်ပြခဲ့သည်။
Sprint ၏ စာမျက်နှာတွင်လည်း Android
5.1 ကို Nexus 6 phablet အတွက် ဗုဒ္ဓဟူးနေ့တွင် OTA update အနေဖြင့်
ဖြန့်ချိခဲ့ကြောင်း ဖော်ပြခဲ့သည်။
Google ၏ နောက်ဆုံးပေါ် မိုဘိုင်း
operating system ဖြစ်သော Android 5.1 တွင် 5.0 ရှိ အားနည်းချက်အချို့ကို
ပြင်ဆင်ပေးထားပြီး feature သစ်မျးကိုလည်း ထည့်သွင်းပေးထားသည်။
Android 5.1 တွင် ပါဝင်လာသည့် feature
သစ်များအနက်တစ်ခုမှာ ထုတ်ကုန်များ ပျောက်ဆုံးခြင်းနှင့်
ခိုးယူခံရခြင်းတို့ အတွက် တင်းကြပ်သည့် လုံခြုံမှုစနစ်ဖြစ်သည်။ ၎င်း feature
သည် ထုတ်ကုန်ကို factory setting သို့ reset ပြုလုပ်ခဲ့လျှင်ပင်
သုံးစွဲသူအနေဖြင့် မူရင်း Google account ကို sign in ပြန်လုပ်ရန်
လိုအပ်မည်ဖြစ်သည်။ အဆိုပါ လုံခြုံရေး feature သစ်ကို Nexus 6 phablet နှင့်
Nexus 9 tablet တွင် အသုံးပြုနိုင်မည်ဖြစ်သလို Android 5.1 နှင့်
တင်ပို့ရောင်းချမည့် အခြားထုတ်ကုန်များတွင်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။
အခြား feature များမှာ Quick Settings
menu မှတစ်ဆင့် Wi-Fi network တစ်ခု သို့မဟုတ် Bluetooth ထုတ်ကုန်တစ်ခုကို
အလွယ်တကူ ချိတ်ဆက်နိုင်ခြင်း SIM card slot အများအပြား ထောက်ပံ့ပေးသည့်
ဖုန်းများကို အသုံးပြုသူများက အဆိုပါ SIM card များကို ဆွဲထုတ်ရန်မလိုဘဲ
ပြောင်းလဲအသုံးပြုနိုင်ခြင်း၊ Android 5.1 ထုတ်ကုန်များအကြား HD voice call
ခေါ်ဆိုနိုင်ခြင်းတို့ ဖြစ်သည်။
Carrier များမှ Android 5.1 ဖြန့်ချိချိန်ကို မစောင့်ဆိုင်းလိုသော Nexus သုံးစွဲသူများ အနေဖြင့် Google မှ factory image များ ရယူကာ ထုတ်ကုန်များကို flash လုပ်ပြီး အသုံးပြုနိုင်ကြောင်း သိရသည်။
http://internetjournal.media/news/1976






0 comments:
Post a Comment