ကြိုးမဲ့စနစ်ဖြင့် ဖုန်းအားသွင်း ပေးနိုင်သည့် ပရိဘောဂများကို Ikea မိတ်ဆက်


ပရိဘောဂ ကုမ္ပဏီတစ်ခု ဖြစ်သော Ikea သည် မိုဘိုင်း ထုတ်ကုန်များကို ကြိုးမဲ့အားသွင်း ပေးနိုင်သော ပရိဘောဂများအား Mobile World Congress (MWC) တွင်ပြသ သွားခဲ့သည်။
 
Ikea မှထုတ်လုပ်သော အဆိုပါ စမတ်အိမ်သုံး ပစ္စည်းများတွင် မည်သည့် မျက်နှာပြင်၌မဆို အားသွင်းနိုင်သည့်  pad များ ပါဝင်သော မီးအိမ်၊ စားပွဲနှင့် ကော်ဖီစားပွဲ တို့ကိုလည်း မိတ်ဆက်ခဲ့သည်။ Ikea သည် ၎င်းပရိဘောဂတွင် Sam-sung Galaxy S6 ၌ပါဝင်လာသည့် ကြိုးမဲ့အားသွင်းစနစ် QI ကို အသုံးပြု ထားသည်။ အဆိုပါ ထုတ်ကုန်များနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင် အဖွဲ့ Friends of the Earth က ပြန်လည်ပြုပြင်၍ အသုံးပြုကြရန် တိုက်တွန်းထားသည်။ ဆွီဒင်ကုမ္ပဏီ Ikea သည် iPhone နှင့် Samsung ထုတ်ကုန်များအတွက် အားသွင်းနိုင်သည့် charging cover များကိုသီးခြားစီေ ရာင်းချမည်ဖြစ်သည်။


Ref: BBC

http://internetjournal.media/news/1937

0 comments:

Post a Comment