Microsoft
သည် Internet Explorer အမှတ်တံဆိပ် အသုံးပြုခြင်းကို ရပ်ဆိုင်းပြီး
၎င်းနေရာတွင် code အမည် Project Spartan ဟုခေါ်ဆိုသော အသစ်ဖြန့်ချိမည့် browser
၏အမည်ကို အသုံးပြုသွားမည် ဖြစ်ကြောင်း ကုမ္ပဏီ၏ ဈေးကွက်ရှာဖွေမှု
အကြီးအကဲဖြစ်သူ ခရစ္စကာပေါ့စ်ဆယ်လာက Microsoft Convergence တွင် ထုတ်ဖော်
ပြောကြားခဲ့သည်။
လက်ရှိတွင် ကုမ္ပဏီအနေဖြင့် browser သစ်ကို အမှတ်တံဆိပ်သစ်ဖြင့် ဖန်တီးလုပ်ဆောင်လျက်ရှိကြောင်း ကာပေါ့စ်ဆယ်လာက ဆိုခဲ့သည်။
“အခုအချိန်မှာ ကျွန်တော်တို့က Windows
10 မှာ ပါလာမယ့် browser သစ်ရဲ့ အမှတ်တံဆိပ်သစ်အတွက် သုတေသန
ပြုလုပ်နေပါတယ်။ ကျွန်တော်တို့က Internet Explorer ကို ဆက်လက်ထားရှိမှာ
ဖြစ်သလို Project Spartan လို့ခေါ်တဲ့ browser သစ်ကိုလည်း ဖြန့်ချိသွားမှာ
ဖြစ်ပါတယ်။ ဒီ browser သစ်အတွက် ကျွန်တော်တို့ နာမည်ပေးရပါဦးမယ်” ဟု ၎င်းက
ပြောကြားခဲ့သည်။
Internet Explorer သည် Windows 10
အချို့ဗားရှင်းတွင် ဆက်လက်ပါဝင်မည် ဖြစ်သော်လည်း Project Spartan မှာ
Windows 10 သုံးစွဲသူများက အင်တာနက် အသုံးပြုရာတွင် အဓိက
နည်းလမ်းဖြစ်လာမည်ဟု သိရသည်။
Microsoft သည် browser သစ်အတွက်
အမည်များကို ဈေးကွက်သုတေသနပြုချက်နှင့် စမ်းသပ်နေသော်လည်း အဆိုပါ
အမည်သစ်အား မည်သည့်အချိန်တွက် မိတ်ဆက်ပေးမည် ဆိုခြင်းကိုမူ ကုမ္ပဏီမှ
ရှင်းရှင်းလင်းလင်း ပြောဆိုသွားခြင်း မရှိပေ။
http://internetjournal.media/news/2054






0 comments:
Post a Comment