Microsoft
သည် တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi နှင့်အတူ အစီအစဉ်တစ်ရပ်
ပူးပေါင်းပြုလုပ်မည်ဟု မကြာသေးမီက ကျင်းပခဲ့သည့် Windows Hardware
Engineering Conference (WinHEC) တွင် ကြေညာခဲ့သည်။
ထို့အတွက်ကြောင့် Windows 10 ကို
ဖြန့်ချိသည့်အခါတွင် Xiaomi Mi 4 သုံးစွဲသူများသည် ၎င်းတို့၏ ထုတ်ကုန်ပေါ်ရှိ
Android အခြေခံ MIUI operating system နေရာတွင် Windows 10 ROM ကို
အစားထိုးသုံးစွဲနိုင်မည် ဖြစ်သည်။
“ကမ္ဘာတစ်ဝန်းထံ စမတ်ဖုန်းတွေကို
တင်ပို့ရောင်းချတဲ့ ထိပ်တန်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ Xiaomi နဲ့
ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ်သစ် တစ်ရပ်ကနေ Windows 10 ကို
စမ်းသပ်သုံးစွဲဖို့အတွက် ရွေးချယ်ထားတဲ့ Xiaomi Mi 4 သုံးစွဲသူတွေကို
ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်။ ဒီ Mi 4 စမတ်ဖုန်း သုံးစွဲသူတွေက Windows 10
Technical Preview ကို download လုပ်ကာ အသုံးပြုနိုင်မယ့်
အခွင့်အရေးရရှိပြီး ၎င်းတို့ရဲ့ တုံ့ပြန်ချက်တွေကို Microsoft ထံ
ပေးပို့နိုင်မှာ ဖြစ်ပါတယ်” ဟု Microsoft မှ ပြောကြားခဲ့သည်။
Microsoft နှင့် Xiaomi တို့
ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်နှင့် ပတ်သက်၍ ကုမ္ပဏီအနေဖြင့် Windows 10
အသုံးပြုထားသည့် Mi 4 ဖုန်းများ ရောင်းချခြင်း ရှိ၊ မရှိနှင့် Mi Pad နှင့်
Mi Note များကဲ့သို့သော အခြား Xiaomi ထုတ်ကုန်များတွင် Windows 10
အသုံးပြုနိုင်ခြင်း ရှိ၊ မရှိကို မသိရှိရသေးပေ။
Xiaomi ၏ ထုတ်ပြန်ကြေညာချက်တွင်မူ
ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံရှိ Xiaomi ပရိသတ်များမှ custom ROM များကို
အသုံးပြုလေ့ရှိသူ Mi 4 သုံးစွဲသူများအား ရွေးချယ်ကာ Microsoft မှ
ဖန်တီးထားသည့် Windows 10 ROM ကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊
Microsoft နှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ခြင်း မဟုတ်သောကြောင့်
Xiaomi အနေဖြင့် MIUI software platform မှတစ်ဆင့် Android ဂေဟစနစ်ကို
အပြည့်အဝ ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
http://internetjournal.media/news/2071






0 comments:
Post a Comment