Microsoft
သည် Windows အသုံးပြုသူတိုင်းထံ Windows 10 ကို အခမဲ့ upgrade များအဖြစ်
ပေးအပ်သွားမည် ဖြစ်ပြီး လက်ရှိတွင် လိုင်စင်မဲ့ Windows operating system
ကို သုံးစွဲသူများပင်လျှင် upgrade ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
Microsoft အနေဖြင့် သတ်မှတ်အရည်အချင်း
ပြည့်မီသည့် ကွန်ပျူတာများအပြင် Windows ကို လိုင်စင်ဖြင့်သုံးစွဲသူနှင့်
လိုင်စင်မဲ့သုံးစွဲသူ အားလုံးအတွက် Windows 10 ကို upgrade ပြုလုပ်နိုင်ရန်
စီစဉ်နေကြောင်း၊ ၎င်းအပြောင်းအလဲသည် လက်ရှိတွင် လိုင်စင်မဲ့ဆော့ဖ်ဝဲ
သုံးစွဲနေသူများ အထူးသဖြင့် တရုတ်နိုင်ငံမှ သုံးစွဲသူများကို
ပြန်လည်ဆွဲဆောင်နိုင်ရန် အတွက် ဖြစ်ကြောင်း Microsoft ၏ operating system
အကြီးအကဲဖြစ်သူ တယ်ရီမိုင်ယာဆန်၏ ပြောကြားချက်ကို Reuters မှ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံတွင် Windows ကို
တရားမဝင် သုံးစွဲမှုသည် ကြီးမားသည့် ပြဿနာတစ်ရပ်အဖြစ် ရှိနေပြီး
နိုင်ငံအတွင်းရှိ ကွန်ပျူတာ ၇၅ ရာခိုင်နှုန်းတွင် Windows
လိုင်စင်မဲ့ဗားရှင်းကို အသုံးပြုနေကြောင်း သိရသည်။
Microsoft သည် Windows 10 ကို နွေရာသီတွင် နိုင်ငံပေါင်း ၁၉၀ ထံ ဘာသာစကား ၁၁၁ မျိုးဖြင့် ဖြန့်ချိမည် ဖြစ်သည်။
http://internetjournal.media/news/2058






0 comments:
Post a Comment