ဂျပန် လူမျိုးတွေကတော့ ငွေပေးချေရာမှာ ပိုမို လုံခြုံပြီး လျှင်မြန်
လွယ်ကူလာတော့မှာဖြစ်ပါတယ်။ ဂျပန် ကုမ္ပဏီ NTT Docomo က Arrows NX F-04G လို့
အမည်ပေးထားတဲ့ စမတ်ဖုန်းကို ပြသလိုက်ပါတယ်။
ကုမ္ပဏီက အဲဒီ စမတ်ဖုန်းဟာ မျက်စိကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းပါလို့ ပြောပါတယ်။ အသုံးပြုသူတွေဟာ ဖုန်းကို Unlock ပြုလုပ်ဖို့နဲ့ ဈေးဝယ်ဖို့အတွက် ဖုန်းရဲ့ အရှေ့ ကင်မရာကို စိုက်ကြည့်လိုက်ရုံပါပဲ။

လူတွေရဲ့ မျက်လုံးဟာ လက်ဗွေရာတွေလိုပဲ တစ်ယောက်နဲ့ တစ်ယောက်
မတူညီကြတဲ့အတွက် မိုဘိုင်း ငွေပေးချေမှုစနစ်အတွက် အလွန်လုံခြုံပါတယ်။
ဒီနေ့ခေတ် စမတ်ဖုန်းတွေမှာပါတဲ့ Face Unlock Feature ဟာ
လုံခြုံမှုမရှိပါဘူး။ ဘာလို့လည်း ဆိုတော့ ပိုင်ရှင်ရဲ့ ဓါတ်ပုံတစ်ပုံနဲ့
အလွယ်တကူ ဖောက်ထွင်းနိုင်လို့ပါပဲ။
Arrows NX F-04G မှာ ၅.၂ လက်မ QuadHD ( 2560x 1440) Display, Octa-Core
Processor ( 2.0GHz Quad-Core + 1.5GHz Quad-Core ) , 3GB RAM, 32GB
Storage, 3120mAh Battery တို့ တပ်ဆင်ထားပြီး Android 5.0 Lollipop
မောင်းနှင်မှာပါ။

0 comments:
Post a Comment