Internet of Things အတွက် Artik ချစ်ပ်များကို Samsung မိတ်ဆက်


 
Samsung သည် Internet of Things အတွက် အထောက်အပံ့ ဖြစ်စေမည့် ချစ်ပ်သစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့ပြီး ၎င်းသည် Intel, Qualcomm နှင့် အခြားသော ကုမ္ပဏီများဖြင့် ယှဉ်ပြိုင်မည် ဖြစ်သည်။


Samsung Electronics ဥက္ကဋ္ဌနှင့် ဈေးကွက်ဗျူဟာ အရာရှိအကြီးအကဲဖြစ်သူ ယောင်းဆိုက Artik ပရိုဆက်ဆာများသည် အင်တာနက် ချိတ်ဆက်ထားသည့် ထုတ်ကုန်များကို လွယ်ကူလျင်မြန်စွာ တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။ SmartThings မှ အမှုဆောင်အရာရှိချုပ် အဲလက်စ်ဟော်ကင်ဆန်ကလည်း ထုတ်ကုန်ဖန်တီးသူများနှင့် အခြားသော ကုမ္ပဏီများမှ ၎င်းတို့၏ ထုတ်ကုန်များအတွက် app များ လျင်မြန်စွာ ဖန်တီးနိုင်စေမည့် SmartThings Open Cloud ကို မိတ်ဆက်ပေးခဲ့သည်။

 


Artick ပရိုဆက်ဆာများကို Artik 1, Artik 5 နှင့် Artik 10 ဟူ၍ မူကွဲ ၃ မျိုးဖြင့် ထုတ်လုပ်ထားပြီး တန်ဖိုးအနေဖြင့် ၁၀ ဒေါ်လာမှ ဒေါ်လာ ၁၀၀ အထိရှိကြောင်း ဆိုက ပြောကြားခဲ့သည်။ အဆိုပါ ချစ်ပ်များနှင့် SmartThings Open Cloud ကို ယခုအခါ Internet of Things ထုတ်ကုန်သစ်များ၌ အသုံးပြုနိုင်ပြီ ဖြစ်သည်။


Samsung ၏ ပရိုဆက်ဆာသစ်များသည် Intel ၏ Curie ဟုခေါ်သော ဝတ်ဆင်နိုင်သည့် ထုတ်ကုန်များအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် ပရိုဆက်ဆာ တစ်မျိုးကို မိတ်ဆက်ပေးပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ကြယ်သီးအရွယ်သာရှိသည့် Curie ထုတ်ကုန်တွင် ပရိုဆက်ဆာတစ်ခုအပြင် Bluetooth low-energy radio, sensor များနှင့် engine တစ်ခုပါဝင်သည်။ ၎င်းသည် လက်စွပ်၊ ဆွဲသီးနှင့် အဝတ်အစားများအထိ ဒီဇိုင်းအမျိုးမျိုးအတွက် ထောက်ပံ့ပေးနိုင်သည်။


သို့သော်လည်း 32-nanometer နည်းပညာကို အခြေခံထားသည့် Curie ကို ယခုနှစ်ကုန်ပိုင်းအထိ အသုံးပြုနိုင်ဖွယ် မရှိသောကြောင့် Samsung ၏ Artik ချစ်ပ်က ဦးဆောင်နိုင်ဖွယ်ရှိသည်။


Ref: CNET


Credit ;Internet Journal

0 comments:

Post a Comment