Myanmar
Payment Union (MPU) ကတ်အသုံးပြု၍ အွန်လိုင်းပေါ်မှ ဈေးရောင်း၊
ဈေးဝယ်ပြုလုပ်နိုင်မည့် ဝန်ဆောင်မှုကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်မှ
ဆောင်ရွက် လိုက်ကြောင်း AGD Bank ၏ Deputy General Manager (IT
Department) ဦးမျိုးဝင်းသန်းက ပြောသည်။
လက်ရှိ လုပ်ငန်းခြောက်ခုနှင့်
ချိတ်ဆက် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ "အွန်လိုင်းပေါ်ကနေ MPU
ကတ်တွေကို သုံးပြီးတော့ ဈေးရောင်း ဈေးဝယ်လုပ်လို့ ရတဲ့ ဝန်ဆောင်မှုကို
စပြီး ပေးနေတာ ဖြစ်ပါတယ်၊ အဓိကတော့ MPU ကတ်လို့ပြောတဲ့ အတွက်
မြန်မာနိုင်ငံမှာရှိတဲ့ တစ်ခြားဘဏ်တွေရဲ့ကတ်တွေနဲ့ပါ အွန်လိုင်းပေါ် ကနေ
ဈေးရောင်း ဈေးဝယ်လုပ်နိုင်မှာပါ။ AGDကတော့ လက်ရှိ AGD
ကတ်တွေနဲ့လုပ်လို့ရတယ်။ ဒါက eCommerce ပေါ့။ တစ်ခြား eCommerce တွေ လည်း
မြန်မာနိုင်ငံမှာ အများကြီးပါ။ ဒီဝန်ဆောင်မှု ကတော့ ကတ်နဲ့ အွန်လိုင်းပေါ်ကနေ
တိုက်ရိုက် ငွေပေးချေနိုင်တဲ့စနစ် ဖြစ်ပါတယ်" ဟု ဦးမျိုးဝင်းသန်းက
ပြောသည်။
ယင်းဝန်ဆောင်မှု အသုံးပြုရန် အတွက် MPU
အကောင့်ဖွင့်ထားသော သက်ဆိုင်ရာ ဘဏ်တွင် Register ပြုလုပ်ရန်
လိုအပ်မည်ဖြစ်ကြောင်း၊ AGD ဘဏ် အနေဖြင့် Register ပြု လုပ်ပေးနေခြင်း
ဖြစ်ကြောင်း သိရသည်။ "သက်ဆိုင်ရာ ဘဏ်တွေက MPU တွေကို ဒီဝန်ဆောင်မှု
အသုံးပြုခွင့်ပေးဖို့ Register လုပ်ပေးမှ ဒီဝန်ဆောင်မှု
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ AGD ကတော့ Register လုပ်ပေးနေတာဖြစ်ပါတယ်။ တစ်ခြားဘဏ် အချို့လည်း လုပ်ပေးနေပါပြီ" ဟု ဦးမျိုးဝင်းသန်းကပြောသည်။ MPU ကတ် ရှိတဲ့သူတိုင်း အသုံးပြုနိုင်မည် ဖြစ်သည်။
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ AGD ကတော့ Register လုပ်ပေးနေတာဖြစ်ပါတယ်။ တစ်ခြားဘဏ် အချို့လည်း လုပ်ပေးနေပါပြီ" ဟု ဦးမျိုးဝင်းသန်းကပြောသည်။ MPU ကတ် ရှိတဲ့သူတိုင်း အသုံးပြုနိုင်မည် ဖြစ်သည်။
"ကတ်အသုံးပြုမယ့် အကြောင်းကို
သက်ဆိုင်ရာ ဘဏ်တွေကနေ တစ်ဆင့် အွန်လိုင်း မှတ်ပုံတင် ပြုလုပ်ရမှာ
ဖြစ်ပါတယ်။ ဘာလို့လုပ်လဲ ဆိုတော့ ဒါသုံးတဲ့သူတွေ အနေနဲ့ အီးမေးလ် ရှိမှ
ဖြစ်မယ်။ လက်ရှိ MPU ကတ်တွေ ထုတ်ပေးထားတဲ့ သူတစ်ချို့မှာအီးမေးလ်
မရှိဘူးဖြစ်နေတဲ့ အတွက် အဲဒါကိုလည်း ဖြေရှင်းချင်တဲ့ သဘောပါ" ဟုဆက်လက်
ပြောကြားသည်။ အသုံးပြုသူများ လုံခြုံရေးပိုင်း အတွက် One time Password
အသုံးပြုမည် ဖြစ်ကြောင်း၊ ယင်း password ကို သက်ဆိုင်ရာ အီးမေးလ်သို့
ပို့ပေးမည် ဖြစ်ကြောင်း သိရသည်။
http://www.internetjournal.media/news/2511






0 comments:
Post a Comment