
Google ကုမ္ပဏီရဲ့ Project Ara ဟာ သုံးစွဲသူတွေဆီကို အပြည့်အ၀ရောက်ရှိလာဖို့ဆိုတာ အလှမ်းဝေးနေနိုင်ပါသေးတယ်။ ဒါပေမယ့် crowdfunding စီမံကိန်းသစ်တစ်ခုကတော့ အဲ့ဒီဆာလောင်မှုကို စပ်ကြားကာလအတွင်းမှာ ဖြေဖျောက်ပေးနိုင်မယ့်လို့ မျှော်လင့်ထားပုံပါပဲ။
Nexpaq ဟာ ရွေးချယ်ကန့်သတ်ထားတဲ့ iOS နဲ့ Android ဟန်းဆက်တွေအတွက်
ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး အဖုံးရဲ့နောက်ကျောဘက်မှာ ကြိုက်နှစ်သက်ရာ Add-On
တွေကို ထပ်ပေါင်းထည့်လို့ရအောင် ကူညီပေးပါတယ်။ ဘက်ထရီသက်တမ်းကို တိုးစေတာ၊
SD ကဒ်ပေါက်တစ်ခု ထပ်တိုးတာ အစရှိသဖြင့် နောက်ထပ်အများကြီးလုပ်နိုင်ပါတယ်။
Nexpaq Case ဟာ အသုံးပြုသူတွေရဲ့ ဖုန်းကို နောက်ထပ်ဖုံးခွံတစ်ခုထဲ
ရိုးရိုးရှင်းရှင်းလေး ထိုးထည့်လိုက်ရုံနဲ့ အလွယ်တကူ အဆင့်မြှင့်တင်မှုတွေ
လုပ်ပေးနိုင်ဖို့ ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။
Nexpaq Case
တစ်ခုဆီမှာ 1000mAh ပမာဏရှိတဲ့ ဘက်ထရီတစ်လုံးစီ ပါဝင်ပြီး ဖုန်းရဲ့
ပင်မဘက်ထရီသက်တမ်းကို ၃၀ ရာခိုင်နှုန်းကနေ ၆၀
ရာခိုင်နှုန်းအထိတိုးသွားစေမယ့်လို့ ကုမ္ပဏီကတော့အခိုင်အမာ ပြောဆိုထားပါတယ်။
ဒါ့အပြင် Add-Ons တွေအတွက် နောက်ထပ်အပေါက်၆ပေါက် ပါဝင်ပါသေးတယ်။
လက်ရှိမှာ အဲံဒီအပေါက်တွေမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ပစ္စည်း ၁၂
မျိုးရှိပါတယ်။ အသံချဲ့စပီကာ၊ LED ဖလက်ရှ်မီး၊ လေဆာမီး၊
အရက်သောက်မသောက်စစ်ဆေးတဲ့ လေမှုတ်စက်၊ ဘက်ထရီအပိုတွေနဲ့ စမတ်ဖုန်း Function
မျိုးမျိုးအတွက် စိတ်ကြိုက်သတ်မှတ်ပေးထားနိုင်တဲ့ Hotkey တွေပဲဖြစ်ပါတယ်။
ဒါ့အပြင် SD Card Reader, USB Flash Driver နဲ့ 64GB Backup Module
အဖြစ်နဲ့လာတဲ့ အချက်အလတ်သိမ်းဆည်းတဲ့ Storage တွေကိုလည်း
ရွေးချယ်ဝယ်ယူနိုင်ပါသေးတယ်။ ေ
နာက်ဆုံးအနေနဲ့ ကတော့ အပူချိန်၊ စိုထိုင်းဆနဲ့ လေထုအရည်အသွေး အစရှိတာတွေကို စစ်ဆေးပေးတဲ့ ဆင်ဆာတွေကိုလည်း ရရှိနိုင်ပါသေးတယ်။
Nexpaq Case မှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ ပစ္စည်းတွေအများကြီး ရှိနှင့်ပြီးသားဖြစ်ပေမယ့် ဒီပရောဂျက်ရဲ့ ဖန်တီးရှင်တွေကတော့ Nexpaq Case ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ထပ်မံတိုးပွားလာစေဖို့အတွက် အခြား Developer တွေလည်း ပါဝင်လာဖို့ မျှော်လင့်နေပါတယ်။
iPhone 6, Samsung Galaxy
S5 နဲ့ Galaxy S6 Edge တို့အတွက် ထုတ်လုပ်ထားတဲ့ Nexpaq Case တွေကို
ရရှိနိုင်မှာဖြစ်ပြီး ထူးထူးဆန်းဆန်းပဲ နောက်ထပ်ဖုန်းတွေနဲ့
တွဲဖက်အသုံးပြုလို့ရတဲ့ nexpaq Case တွေကို
ထပ်မံထုတ်လုပ်သွားဖို့ရှိနေပေမယ့် Galaxy S6 အတွက် ဖော်ပြထားတာ
တစ်ခုတစ်လေမှမရှိပါဘူး။
Nexpaq Case မှာထည့်သွင်းအသုံးပြုတဲ့
ပစ္စည်းတွေဟာ iOS ရော၊ Android နဲ့ပါ တွဲဖက်အသုံးပြုနိုင်ပြီး
ဖုန်းအသစ်လဲလိုက်တယ်ဆိုရင်တောင်မှ အရင်ဖုန်းရဲ့ Platform နဲ့ ဖုန်းအသစ်ရဲ့
Platform မတူလို့ ကျဉ်းထဲကြပ်ထဲရောက်နေစရာမလိုပါဘူး။
အခွံသစ်လဲလိုက်ရုံပါပဲ။ ပစ္စည်းတွေကို ဆက်အသုံးပြုလို့ရပါတယ်။
Nexpaq
Case ဟာ ပင်မဖုန်းကို ပစ္စည်းနဲ့ရော ကြိုးမဲ့စနစ်အရပါ ချိတ်ဆက်ပြီး
အလုပ်လုပ်တာဖြစ်ပါတယ်။ ချိတ်ဆက်ဖို့အတွက် Lightning ဒါမှမဟုတ် micro-USB
Connector ကိုအသုံးပြုပြီး ကြိုးမဲ့ချိတ်ဆက်ဖို့အတွက် Bluetooth
ကိုအသုံးပြုပါတယ်။ Nexpaq Case အတွက် ထုတ်လုပ်ထားတဲ့ Companion App တစ်ခုက
ဖုန်းခွံမှာ ထည့်သွင်းထားတဲ့ Add-ons တွေကို
အလိုအလျောက်ထောက်လှမ်းသိရှိနိုင်ပြီး စောင့်ကြည့်ပေးတဲ့အပြင်
ဆောင်ရွက်ချက်တွေအားလုံးရဲ့
နောက်ကွယ်က ပင်မဦးနှောက်အဖြစ်
ဆောင်ရွက်ပေးပါတယ်။
Nexpaq Case ဟာ Crowdfunding
ပရောဂျက်ဖြစ်တာကြောင့် ဈေးကွက်ထဲရောက်လာဖို့အတွက်ဆိုရင်
ရည်မှန်းထားတဲ့အတိုင်း ရန်ပုံငွေဒေါ်လာ ၅၀၀၀၀ ရမှပဲဖြစ်မှာပါ။ လက်ရှိမှာ
ရည်မှန်းထားတဲ့ ပမာဏရဲ့ ၃၀ ရာခိုင်နှုန်းကို ရရှိပြီးဖြစ်သလို
သတ်မှတ်ကာလကလည်း ရက်ပေါင်း ၃၀ ကျန်ရှိနေပါသေးတယ်။ အခြေအနေကောင်းတဲ့ပုံပါပဲ။
တကယ်လို့များ Nexpaq Case တစ်ခုကို ကိုယ်တိုင်လိုချင်ပါတယ် ဆိုရင်တော့
စပီကာတစ်ခု၊ ဘက်ထရီနဲ့ Card-reader တွေအပြင် Hotkey နှစ်ခုပါဝင်မယ့် Nexpaq
Case တစ်ခုကို 89 ဒေါ်လာနဲ့ Kickstater ကိုသွားပြီး မှာယူလို့ရပါတယ်။

Credit : Techspace Journal







0 comments:
Post a Comment