♪ “2017 ခုနှစ်အတွင်း အိုင်တီကဏ္ဍအတွက် ၀န်ထမ်းလိုအပ်ချက် အမြင့်မားဆုံးဖြစ်ခဲ့” ♫

Image may contain: text

www.work.com.mm ၏ မိခင်ကုမ္ပဏီဖြစ်သော everjobs ကုမ္ပဏီ၏ ၃ လတစ်ကြိမ်ထုတ်ပြန်သော အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ကွန်ပျူတာနှင့် အိုင်တီနည်းပညာကဏ္ဍမှာ ၂၀၁၇ ခုနှစ်၏ တတိယ ၃ လပတ်ကာလ အတွင်း (ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာ) ဝန်ထမ်းလိုအပ်ချက် အမြင့်မားဆုံး ကဏ္ဍအဖြစ် ရပ်တည်ခဲ့ကြောင်းသိရသည်။

Everjobs ကုမ္ပဏီမှ နိုင်ငံအသီးသီးရှိ ၄င်းကုမ္ပဏီခွဲများ၏ လုပ်ငန်း အနှစ်ချုပ်အစီရင်ခံစာများကို ၃ လတစ်ကြိမ်ပုံမှန်ထုတ်ပြန်လေ့ရှိပြီး ယခုတစ်ကြိမ်မှာ ၂၀၁၇ ခုအတွင်း တတိယအကြိမ်မြောက်ထုတ်ပြန်ခြင်း ဖြစ်သည်။ အဆိုပါ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ကွန်ပျူတာနှင့် နည်းပညာကဏ္ဍမှာ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလတို့အတွင်း အခြားကဏ္ဍအသီးသီးထက် ဝန်ထမ်းလိုအပ်ချက် သိသိသာသာမြင့်မားခဲ့ပြီး အဆိုပါကဏ္ဍတစ်ခုတည်း၌ ဝန်ထမ်းခေါ်ယူမှုစုစုပေါင်း ၃၅၅ ခုအထိ ရှိခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် အဆိုပါကဏ္ဍမှာ ဝန်ထမ်းလိုအပ်ချက် အမြင့်မားဆုံးကဏ္ဍအဖြစ် ရပ်တည်ခဲ့သော်လည်း အဆိုပါကဏ္ဍသို့ အလုပ်အကိုင်လျှောက်ထားမှုမှာ ၇၃၀၀ ကျော်သာ ရှိခဲ့ကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြပါရှိသည်။
ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal










www.pyaephyo.com
 
 
 





0 comments:

Post a Comment