♪ " ဈေးနှုန်းသင့်စွမ်းဆောင်ရည်သင့် Nokia 7 ကိုကြေညာ” ♫

Image may contain: 2 people, people smiling, text

HMD Global က စွမ်းဆောင်ရည်သင့် Nokia 7 ကိုမိတ်ဆက်လိုက်ပါ တယ်။ 4GB RAM Model ကိုယွမ် ၂၄၉၉ နဲ့ 6GB RAM Model ကိုယွမ် ၂၆၉၉ ဖြင့် တရုတ်မှာယခုလ ၂၄ ရက်နေ့တွင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ Nokia 7 မှာ ၅.၂ လက်မ LCD Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 630 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။

သူ့ရဲ့ အနောက်ဘက်ကိုဖန်ဖြင့် ဖုံးအုပ်ထားပြီးကိုယ်ထည်ကို7000 Series Aluminiumကိုယ်ထည်ဖြင့် တည်ဆောက်ထားတယ်လို့ ကုမ္ပဏီကပြော ပါတယ်။Android 7.1.1 Nougat မောင်းနှင်မှာ ဖြစ်ပြီး Android Oreo ကိုအဆင့်မြှင့်နိုင်မှာပါ။

အရှေ့ဘက်မှာ 5MP နဲ့ အနောက်ဘက်မှာ 16MP Camera များ တပ်ဆင်ထားပြီး မြင်ကွင်းကျယ် ဓါတ်ပုံများရိုက်ကူးပေးနိုင်ပါတယ်။ အနောက်ကင်မရာက 4K Video များကိုရိုက်ကူးပေးနိုင်ပါတယ်။ အလင်းရောင်နည်းပါးတဲ့ အခြေအနေများမှာဓါတ်ပုံကောင်းများဖန်တီး ပေးနိုင်တဲ့ ZEISS ရဲ့ ရုပ်ပုံဖော် နည်းပညာပါပါတယ်။အရှေ့နဲ့ အနောက် ကင်မရာများကနေဓါတ်ပုံနဲ့ ဗီဒီယိုများကိုတစ်ပြိုင်နက် ရိုက်ကူးပေးနိုင်တဲ့ Bothie အမည်ရစွမ်းဆောင်ချက်ထည့်သွင်းပေးထားပါတယ်။

64GB Storage အပြင် 128GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ အနက်နဲ့ အဖြူရောင်များရွေးချယ်နိုင်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





www.pyaephyo.com
 
 
 





0 comments:

Post a Comment