♪ “ZTE က ခေါက်ချိုးသုံးနိုင်တဲ့ Axon M ကိုကြေညာ” ♫

No automatic alt text available.

ZTE က မျက်နှာပြင်နှစ်ခုပါပြီးခေါက်ချိုးနိုင်တဲ့ Axon M ကိုကြေညာလိုက် ပါတယ်။ ဒါပေမယ့် သူ့ရဲ့ မျက်နှာပြင်ကိုကွေးညွှတ်၍ ခေါက်ချိုးသုံးရတာ မဟုတ်ဘဲမျက်နှာပြင်နှစ်ခုကိုခေါက်ချိုးသုံးရတာ ဖြစ်ပါတယ်။ ၅.၂ လက်မ Full HD Display နှစ်ခုကိုတွဲဆက်ထားပြီး ဖြန့်လိုက်ရင် ၆.၇၅ လက်မ မျက်နှာပြင် ကျယ်ဖြစ်လာပါတယ်

မျက်နှာပြင်နှစ်ခုကိုအသုံးချနိုင်တဲ့ Mode လေးခုပါပါတယ်။ Extended Mode ကတော့ ၆.၇၅ လက်မ မျက်နှာပြင်ကျယ်ကိုတစ်စုတစ်စည်းထဲ သုံးနိုင်စေပါတယ်။ Dual Mode က မျက်နှာပြင်တစ်ခုမှာမတူညီတဲ့ App တစ်ခုစီကိုဖွင့်ပေးမှာ ဖြစ်ပါတယ်။Traditional Mode ကတော့ ခေါက်ချိုး အသုံးပြုတဲ့အခါမှာသာမန် စမတ်ဖုန်းလို ပြသပေးပါတယ်။ Mirror Mode က မျက်နှာပြင်နှစ်ခုမှာတူညီတဲ့ Content များကို ပြသပေးပါတယ်။

သူ့မှာ 4GB RAM , 64GB Internal Storage ပါပါတယ်။ 20MP Camera တစ်လုံးသာ တပ်ဆင်ထားပါတယ်။ Android 7.12 Nougat မောင်းနှင်ထားပြီး 3180mAh Battery ပါပါတယ်။ ၇၂၅ ဒေါ်လာသတ်မှတ် ထားပြီးအမေရိကန်မှာ AT&T ကနေ နိုဝင်ဘာလမှာ ရောင်းချမှာ ဖြစ်ပါ တယ်။ တစ်လလျှင် ၂၄.၁၇ ဒေါ်လာဖြင့် လပေါင်း ၃၀ အရစ်ကျဝယ်ယူနိုင် မယ့် အစီအစဉ်လည်းရှိပါတယ်။ နောက်ပိုင်းမှာဂျပန်၊ တရုတ်နဲ့ ဥရောပ မှာလည်းရောင်းချပေးနိုင်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





www.pyaephyo.com
 
 
 





0 comments:

Post a Comment