♪ “Samsung က အကြမ်းခံကိုယ်ထည်နဲ့ S Pen ပါတဲ့ Galaxy Tab Active 2 ကိုကြေညာပြီ” ♫

Image may contain: phone and text

Samsung က နယ်သာလန်မှာအကြမ်းခံကိုယ်ထည်နဲ့ S Pen ပါတဲ့ Galaxy Tab Active 2 ကိုကြေညာ လိုက်ပါတယ်။ တက်ဘလက်ဟာ IP68 စံနှုန်းရှိတဲ့အတွက် ဖုန်များ မ၀င်အောင်ကာကွယ်ပေးနိုင်သလို ရေစိုခံပါ တယ်။ MIL-STD 810 စစ်တပ်စံနှုန်းပါတဲ့အတွက် အလွန် အကြမ်းခံပါ တယ်။

သူ့မှာဥာဏ်ရည်မြင့် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Bixby ပါပါတယ်။ Bixby ကိုအသံအမိန့်များဖြင့် ခိုင်းစေနိုင်ပြီးသူကကင်မရာကနေချိန်ရွယ် ထားတဲ့ အရာဝတ္ထုများ၊ အဆောက်အဦများရဲ့ သတင်း အချက်အလက်များကိုဖော်ပြပေးနိုင်ပါတယ်။ တက်ဘလက်နဲ့ တွဲဖက် သုံးဖို့အတွက် S Pen ထည့်သွင်းပေး ထားပါတယ်။

Samsung Galaxy Tab Active 2 မှာ ၈ လက်မ 1280x800p Display တပ်ဆင်ထားပါတယ်။ High Sensitivity Mode က လက်အိတ်ဝတ်ဆင် ထားရင်တောင် အသုံးပြုလို့ရပါတယ်။ လက်ဗွေရာအာရုံခံ ကိရိယာကို Home Button အောက်မှာ မြှုပ်နှံထားပါတယ်။

တက်ဘလက်မှာ 8MP Rear Camera နဲ့ 5 MP Selfie Camera ပါပါတယ်။ ဘက်ထရီကအရှင်ဖြစ်ပြီး ဖြုတ်၊ တပ်နိုင်ပါတယ်။ ထူးခြား တာကသူ့မှာအခြားစမတ်ဖုန်း၊ တက်ဘလက်များကိုအားသွင်းပေးနိုင်တဲ့ နည်းပညာပါရှိခြင်း ဖြစ်ပါတယ်။ ယူရို ၅၀၀ သတ်မှတ်ထားပြီး နယ်သာလန်မှာ နိုဝင်ဘာလနှောင်းပိုင်းမှာရောင်းချပေးမှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





www.pyaephyo.com
 
 
 





0 comments:

Post a Comment